
သြော်…
ဘုန်းဘုန်းတို့ရယ်
တပည့်တော်လေ
ဘုန်းဘုန်းတို့ကို
ဦးဇင်းတို့ကို
သံဃာတော် အရှင်သူမြတ်တို့ကို
မြင်လိုက်ရတယ်
တွေ့လိုက်ရတယ်
ဖူးလိုက်ရတယ်ဆိုရင်ဖြင့်
ရင်ထဲအသဲထဲ
နှလုံးသဲပွက်ထဲကနေ
မြတ်မြတ်နိုးနိုး
ချစ်ခင်နှစ်သက်
မြတ်နိုးစွာနဲ့
ကြည်ညိုမှုသဒ္ဓါတွေ
တအားပွားများနေမိတာ
အဘယ်ကဲ့သို့သော
အကြောင်းတရားတွေကြောင့်များပါလိမ့်။
ဘုန်းဘုန်းတို့
ဦးဇင်းတို့
သံဃာတော်အရှင်သူမြတ်တို့
စာသင်သားဘဝ
အနေအစားဆင်းရဲ
ချို့တဲ့ခဲ့တာလေးတွေ
တပည့်တော်ကြားသိလိုက်တော့
ထပ်လောင်းလို့တိုး
ကြည်ညိုရှိခိုးမိလိုက်ပြန်တယ်လေ။
တရားဟောပြ
သွန်သင်ဆုံးမတဲ့
ဆရာတော်တွေကို
တွေ့လိုက်မြင်လိုက်
ဖူးလိုက်ရတယ်
ကြားလိုက်ရတယ်ဆိုရင်လည်း
တပည့်တော်လေ
ရင်ထဲကကို
လှိုက်လှိုက်လှဲလှဲ
ဖော်မပြတတ်အောင်ပါပဲ
ကြည်ညိုမှုတွေလေ။
ဘုန်းဘုန်းတို့အပါး
ဝပ်တွားခယ
မာန်ကိုချလို့
ပြုစုယုယ
လုပ်ကျွေးချင်ပါသေးတယ်
အခွင့်သင့်ခဲ့ရင်ပေါ့လေ။
ဦးဇင်းကပြောတယ်
ဘုန်းကြီးဝတ်လိုက်လေတဲ့
တပည့်တော်နဲ့
မထိုက်သေးဘူးလို့ပဲ
ခံယူပြောပြ
သုံးနှုံးလိုက်ပါရစေ။
ဘာပဲပြောပြောလေ
ကြည်ညိုမှုမှာ
မျက်ရည်စတွေနဲ့ဆိုတာကိုတော့
တပည့်တော်အသိဆုံးပါပဲလေ။ ။
>>> သံဃာတော်အရှင်သူမြတ်အပေါင်းတို့အား ရိုသေလေးစား ကြည်ညိုမှုတွေပွားပြီး ၀ပ်တွားခယ ဦးချလျက်…
လေးစားရိုသေစွာဖြင့်
ဖိုးသား
30.12.2008, TUE:, 09:32:44 am
(ဖိုးသားအသက် ၂၃ - နှစ်နဲ့ ၇ - လပြည့်တွင် ထုတ်ဖော် ဖွင့်ဟကြည်ညိုလိုက်ရပါတယ်။)
December 29, 2008 at 11:03 PM
တကယ်ကြည်ညိုမိတာပါဗျာ...
လေးစားစွာဖြင့်
ဖိုးသား
December 30, 2008 at 3:57 AM
သာဓုဗျာ
December 30, 2008 at 6:49 AM
အင်းလေ... ကြည်ညိုတယ်ဆိုတာ သဒ္ဓါတရားပဲလေ..သဒ္ဓါတရားကို ပညာနဲ့ တွဲပေးမှ အဆင်ပြေမယ်ဆိုတာတော့ သိပြီးသားပဲလေ..သံဃာတွေကို အမှန်အတိုင်း ကြည်ညိုနိုင်အောင် ကြိုးစားပေါ့...ခု ရှိနေတဲ့ ကြည်ညိုမှုကိုလည်း မပျောက်ပျက်အောင် ထိန်းပေါ့..သံဃာကို သံဃာလို့ မြင်တတ်/ကြည်ညိုတတ်ရင် အကျိုးများလှပါပြီ...