Latest News

*ကိုယ့်စိတ် ကိုယ်စောင့်ရှောက်*



10:21 PM me: မင်္ဂလာပါအစ်ကို
10:23 PM ညီ အခုစာတွေရေးနေတာ အစ်ကို ဘာမှ မပြောတော့ဘူးလား အစ်ကို။ ညီလည်း အားရင် လုပ်စရာဆိုလို့ သူများတကာတွေလို ဂိမ်းတို့ ကိုရီးယားကားတို့ အဲဒါတွေမလုပ်တော့ ထွက်ပေါက် တစ်ခုအနေနဲ့ စာရေးမိတာပါ။
10:24 PM တစ်ခုကိုသိလိုက်ရင် မရေးရမနေနိုင်တာ ညီ့အကျင့်ဖြစ်နေတယ် အစ်ကို။ ညီ့ကိုပြောဆိုဆုံးမပါဦးနော်။
10:26 PM အစ်ကိုကျန်းမာပါစေ။
လေးစားရိုသေစွာဦးခိုက်လျက်
ညီ

11:52 PM ၄၄: မင်္ဂလာပါညီလေး.. ညီလုပ်နေတာလေးတွေက ကောင်းတဲ့ အလုပ်လေးတွေမို့လို့ အကိုက မတားတာပါ.. ဝိပဿနာဆိုတာက ဝိပဿနာ အလုပ် သဘောကို မိသွားရင် စာရေးရေး၊ ကျောင်းသွားသွား ဉာဏ်သွင်းလုပ်သွားလို့ရတဲ့ အလုပ်ကလေးတစ်ခုပါ.. ဒါကို ညီလေးက သတိနှင့် ဉာဏ်ဖြစ်အောင်လည်း ဆောက်တည်ပြီးဆိုတော့.. အခုလုပ်တဲ့အခါမှာ ညီ့မှာ သတိ နှင့် ဉာဏ်အသိကလေး လိုက်လိုက်ပြီးတော့ ညီလုပ်နေလိမ့်မယ်လို့ အကိုမျှော်လင့် ယုံကြည့်မိပါတယ်... ညီက ကိုယ့်ကိုယ်ကို လမ်းလျှောက်တတ်အောင် ကြိုးစားရင်း လမ်းလျှောက်တတ်စလေး ဖြစ်နေပါပြီ...

အကိုမှာချင်တာ တစ်ခုကတော့ နေ့တိုင်း မိုးကုတ်ဆရာတော် ဘုရားကြီး တရားတစ်ပုဒ်တော့ နာဖြစ်အောင်နာပါ.. တရားနာတယ်ဆိုတဲ့ စကားလုံးသည် အင်မတန်မှကို မင်္ဂလာရှိပြီး မြင့်မြတ်တဲ့ စကားလုံးပါ.. ဘာကြောင့်လဲဆိုတော့ မတရားတာကို အဲဒီအချိန်မှာ မလုပ်လို့ဘဲလို့ မိုးကုတ်ဆရာတော် ဘုရားကြီး ဆုံးမတဲ့အတိုင်းကို မှန်ကန်လှပါတယ်... တရားမှာလည်း အမျိုးအစားအလိုက် ရှိပါတယ်.. အမျိုးအစား ကွဲပြားသွားရတာကလည်း နာယူသူ၏ ဉာဏ် အမျိုးအစားအလိုက် ကွဲပြားသွားရခြင်း ဖြစ်ပါတယ်.. အခုက မိုးကုတ်ဆရာတော် ဘုရားကြီး၏ တရားတော်များသည် ဘုရားရှင်၏ အဆီအနှစ်တရားတော်များကို အဆီအနှစ်ခွဲထုတ်၍ ဟောကြားထားသော တရားတော်များ ဖြစ်ပါတယ်.. ဒါကြောင့် နေ့စဉ် ဒီအဆီ အနှစ် ဓမ္မအရသာကို စားသုံး၍ ဓမ္မခန္ဓာမှာ တရားအာဟာရ ပြည့်ဝလို့ ကိလေသာ တိမ်ပါး ချုပ်ငြိမ်းသွားရပါလိမ့်မယ်... ဒါကြောင့် ဒီအရသာဓာတ်ကို နေ့စဉ်နာယူ၍ စားသုံးပါလို့ အကိုထပ်ဆင့် တိုက်တွန်းပါတယ်...

11:54 PM တစ်ခုတော့ မှာချင်တာက .. ကြောင်ပုံတွေ တင်မယ်ဆိုရင် တင်ချင်တဲ့စိတ်ကို သုံးသပ်သင့်တယ်..
ကြောင်အပေါ်မှာ သံယောဇဉ်ဖြစ်နေတဲ့ စိတ်ကိုလည်း သုံးသပ် အကဲခတ် သင့်တယ်..
11:55 PM သုံးသပ်ပြီးတော့ အဲဒီစိတ်ကို ဒီအတိုင်း လွှတ်ထားသင့်သလား (ဝါ) ပညာဉာဏ်နဲ့ ဦးစီး ကွပ်ကဲသင့်သလား ဆိုတာကိုပါ ရှုဒေါင့် အမျိုးအမျိုးနှင့် သုံးသပ်ပါ..

11:57 PM ***ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒီစိတ်ကို ကိုယ်ကမှ မသုံးသပ် မစောင့်ရှောက်ရင် ဘယ်သူလာ သုံးသပ်လို့ ဘယ်သူက စောင့်ရှောက်မှာလဲ ...***

11:58 PM me: ဟုတ်ပါတယ် အစ်ကို

၄၄: ဝိပဿနာဆိုတာ စိတ်ကိုစောင့်ရှောက်တဲ့ အထိန်းတော်ပါပဲ ညီလေး...
11:59 PM စိတ်ကို တဏှာ၊ မာန၊ ဒိဋ္ဌိ တို့က လာခိုးကြတယ်.. ချယ်လှယ်ကြတယ်..
သူတို့ ချယ်လှယ် အုပ်စိုးမှုကို အထိန်းတော် ခန့်အပ်ပြီးတော့ စောင့်ရှောက်တာပါပဲ

12:00 AM အထိန်းတော်ရဲ့လက်နက်တွေကတော့ သတိ၊ ဝီရိယ၊ ပညာ တွေပဲ
သတိ၊ ဝီရိယ နောက်မှာ သမာဓိက ပါတယ်
ပညာ ရဲ့ နောက်မှာ သင်္ကပ ပါတယ်
ညီကို အဲဒီလောက် နှိုးဆွပေးရင် ညီသဘောတင်တတ်ပါပြီ

12:01 AM me: သင်္ကပ တော့မသိဘူးအစ်ကို

၄၄: သင်္ကပ ဆိုတာက အကြံ

me: ဟုတ်

၄၄: သမ္မာသင်္ကပ္ပ ပေါ့

12:02 AM me: ဟုတ်ကဲ့

12:04 AM ၄၄: အေးအေးညီလေး..
လုပ်လုပ်
12:05 AM စောင့်ရှောက်ပါ

me: ဟုတ်ကဲ့ပါအစ်ကို
ညီ လေးစားရိုသေလျက်ပါ အစ်ကို

၄၄: လေးစားပါတယ် ညီလေး...

လေးစားထိုက်သူများကို လေးစားလျက်
ဖိုးသား

30.12.2008, TUE:, 00:31:45 am
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply