Latest News

*အရှင်နာယကာ လင်္ကာရနှင့် ဆွေးနွေးမှု (၁)*

အရှင်နာယကာ လင်္ကာရ



me: မင်္ဂလာညချမ်းပါ အရှင်ဘုရား

9:27 PM အရှင်နာယကာလင်္ကာရ: ဟိုက်

me: တပည့်တော်က ပြည့်စုံအောင်ပါ
ဘာဖြစ်လို့လဲဘုရား

အရှင်နာယကာလင်္ကာရ: အေးမင်းဘလော့ကိုရှုစားနေတယ်

9:28 PM me: တင်ပါ့ လိုအပ်တာတွေ အများကြီးဘုရား
လမ်းညွှန်ပါဦးဘုရား

အရှင်နာယကာလင်္ကာရ: ကောင်းမှကောင်း
ဖတ်ကြမယ်ဟေ့ ကောင်းကောင်းပေါ့နော

me: နောက်နေပါပြီ

9:29 PM အရှင်နာယကာလင်္ကာရ: ချက်တွေတောင်တင်ထားတယ်ဆိုတော့

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ငါတောင်မင်းနဲ့ချက်ရမှာခပ်လန့်လန့်ပဲ
ဟဲဟဲ

9:30 PM me: အရှင်ဘုရားခွင့်ပြုမှတင်မှာပါဘုရား

အရှင်နာယကာလင်္ကာရ: ဦးဇင်းက စာရေးဆရာဆိုကြောက်တယ်ဗျ

me: အများကိုသိစေချင်လို့ပါ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အေး ဒါကလည်း တစ်မျိုးဆန်းသစ်တာပဲ

me: တပည့်တော်သိထားတာလေးတွေလေ

အရှင်နာယကာလင်္ကာရ: ကောင်းတယ်
9:31 PM ဘာဇေမဆိုတာ သဒ္ဓါအခြေခံရှိမှဖြစ်တယ်လေ

me: ဘာဇေမ ကိုနားမလည်ပါဘူးဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ပညာနဲ့ပွတ်လိုက်တော့ အရောင်တောက်သွားတာပေါ့နော
သာဓုပါဗျာ
ဘာဇေမဆိုတာ မျှဝေခံစားတာကိုပြောတာလေ

me: တင်ပါ့

9:32 PM အရှင်နာယကာလင်္ကာရ: ဘုန်းကြီးတွေရေစက်ချရင် နောက်ဆုံးသာဓုခေါ်ဖို့သုံးတာကြားဘူးလား
ဘာဇေမ-အမျှအမျှပေးဝေငှ၏ဆိုတာလေ

me: ကြားဘူးတယ်ဘုရား

အရှင်နာယကာလင်္ကာရ: ဘာဇေမ-ဆိုတာ ဘာမဆိုကိုယ့်ရှိတာ မျှဝေတာပေါ့

me: အဓိပ္ပါယ်မသိတာလေး ခုတော့သိသွားပါပြီ ဘုန်းဘုန်း

9:33 PM အရှင်နာယကာလင်္ကာရ: အမယ် ပညာယူတတ်တယ်
ပညာရှင်ကလေးပဲ

me: မမြှောက်ပါနဲ့ဘုရား

အရှင်နာယကာလင်္ကာရ: ပညာရှင်နဲ့တွေ့ရတာ ပျော်ရွှင်ပဗျာ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဒါကလည်း မင်္ဂလာတစ်ပါးပဲကိုး

me: တပည့်တော်က 30.05.1985 မှာမွေးတာပါဘုရား

9:34 PM အရှင်နာယကာလင်္ကာရ: ဒီနေ့တော့ ဦးဇင်းအတွက် ဘ၀တု သဗ္ဗမင်္ဂလံဖြစ်သွားပြီဗျာ
အော် ဘယ်ဇာတိလဲကွဲ့

me: ဖြစ်နိုင်ရင် အရှင်ဘုရားရဲ့သက်တော်လေး ပြောပြပေးပါလားဘုရား

အရှင်နာယကာလင်္ကာရ: ၃၁ ပေါ့

me: တပည့်တော်တို့မစွမ်းနိုင်တာတွေကို
9:35 PM စွမ်းဆောင်နေလို့ ကြည်ညိုလို့ပါဘုရား

အရှင်နာယကာလင်္ကာရ: အင်း ဆိုပါတော့
သိပ်လည်းမကြည်ညိုနဲ့ဦး
လောဘ ဒေါသ မောဟတွေရှိသေးတယ်ကွဲ့
9:36 PM လောဘကြောင့်ဖြစ်တဲ့အပြစ်

me: တပည့်တော်က ကွမ်းခြံကုန်းဇာတိပါဘုရား။ ရန်ကုန်ကပဲလေ

အရှင်နာယကာလင်္ကာရ: ဒေါသကြောင့်ဖြစ်တဲ့အပြစ်
မောဟဖြစ်တဲ့အပြစ်တွေ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ရှိတုန်းပဲ
အော်
ဖြတ်သွားဖြတ်လာအမြဲရောက်တယ်
ဒေးဒရဲကိုနှစ်တိုင်းသွားတယ်လေ

me: ခုတော့ ရုရှားမှာဘုရား

9:37 PM တင်ထားတဲ့ပုံက တပည့်တော်ပုံမဟုတ်ဘူးဘုရား

အရှင်နာယကာလင်္ကာရ: ဟုတ်လား

me: လွဲမှစိုးလို့ပါ

အရှင်နာယကာလင်္ကာရ: အော်

9:38 PM me: တပည့်တော်ကို လမ်းမှန်ရောက်အောင်ဆွဲခေါ် သွန်သင် ဆုံးမခဲ့တဲ့ တပည့်တော်ရဲ့ ဆရာပုံပါဘုရား

အရှင်နာယကာလင်္ကာရ: အော်

me: သူလည်းရုရှားကပဲ ဘုရား

အရှင်နာယကာလင်္ကာရ: အာစရိယဂုဏောအနန္တောပေါ့ကွာ

me: တင်ပါ့

9:39 PM အရှင်ဘုရားကို နှောင့်ယှက်မိပြီထင်တယ်

အရှင်နာယကာလင်္ကာရ: အေးရပါတယ်ကွဲ့
ပြောစေဗျာ

9:40 PM me: တပည့်တော် ကြောင်တွေကို အရမ်းချစ်တာ ဘာရောဂါလဲဘုရား အရှင်ဘုရားကို ပထမဆုံး ဒီမေးခွန်းမေးဖူးတာပါ

9:41 PM အရှင်နာယကာလင်္ကာရ: ဟေ
ကြောင်ကိုချစ်တာ အချစ်ရောဂါပေါ့ကွဲ့

me: ကြောင်ဘ၀ကလာလို့များလား

အရှင်နာယကာလင်္ကာရ: ဒါကလည်းဖြစ်နိုင်တာပဲ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဘ၀ကသိပ်မဝေးရင် ဒီလိုပဲဖြစ်တတ်တယ်လေ

9:42 PM me: အိမ်မှာတုန်းကဆို ညတိုင်းကြောင်နဲ့ဖက်အိပ်ခဲ့တာဘုရား
အမေကမကြိုက်ဘူး

အရှင်နာယကာလင်္ကာရ: အချစ်ဖြစ်ပေါ်ခြင်းနှစ်မျိုးရှိတယ်ကွဲ့
ကြားဘူးလား

9:43 PM me: မကြာဖူးဘူးဘုရား

အရှင်နာယကာလင်္ကာရ: ပုဗ္ဗေ၀သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန၀ါ၊
9:44 PM ၁-က ရှေးဘ၀ကအတူတူနေခဲ့ဘူးခြင်း

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ၂-ဒီဘ၀မှာ အတူတူ အကျိုးအကြောင်းဖြစ်ဘွယ် တစ်ခုခု လုပ်ခဲ့ဘူးခြင်းတဲ့

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: မင်းရှေးဘ၀ကဖြစ်ခဲ့ဘူးရင်လည်းဖြစ်မယ်
9:45 PM ဒါမှမဟုတ် ကလေးဘ၀မှစစခြင်း ကြောင်နဲ့စတင်ရင်းနှီး အတူနေခဲ့ခြင်းကြောင့်လည်းဖြစ်မယ်
ဒါကြောင့်အချစ်ကဖြစ်တာလေ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဧ၀ံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ၊

9:46 PM me: ကြောင်ကိုတွေ့ရင် ရှိသမျှသိက္ခာတွေတောင် အရည်ပျော်ကုန်တယ်

အရှင်နာယကာလင်္ကာရ: ရေနဲ့ကြာ၊ ကြာဖြစ်ဖို့ရေနဲ့ရွံ့ညွန်ရှိဖို့လိုသလိုပေါ့

me: တင်ပါ့

9:47 PM အရှင်နာယကာလင်္ကာရ: ဒါဆိုရင် မင်းလည်း ကြောင်ဘ၀က လာတာဖြစ်နိုင်တယ်

me: အရှင်ဘုရားကကော ဒေးဒရဲဇာတိလားဘုရား

9:48 PM ကောင်းမြတ်အေးချမ်းတဲ့ ညချမ်းဖြစ်ပါစေဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အေး

9:49 PM me: ထွက်သွားတယ်ထင်လို့
တင်ပါ့

အရှင်နာယကာလင်္ကာရ: အော်
ရှိပါတယ်ဟ ဒီမှာက နေ့လယ်ခင်းပါဗျာ

me: ဘယ်မှာလဲဘုရား

9:50 PM အရှင်နာယကာလင်္ကာရ: အမေရိကမှာပါဗျာ

me: အော်
ပညာသင်ပဲထင်တယ်
9:51 PM တပည့်တော်စပ်စုမိပြီထင်တယ် တောင်းပန်ပါတယ်ဘုရား

အရှင်နာယကာလင်္ကာရ: ရပါတယ်ကွဲ့
သာသနာပြုပေါ့

9:52 PM me: တပည့်တော်ကို သွန်သင်ပါဦးဘုရား
ဆုံးမစကားလေးတွေ
မိဘတွေနဲ့အဝေးဆိုတော့
9:53 PM ကိုယ့်ကိုယ်ကိုထိန်းရတာ နည်းနည်းခက်တယ်ဘုရား

အရှင်နာယကာလင်္ကာရ: ခဏလေးဖိုးသား
ပြောပြမယ်

me: တင်ပါ့

9:55 PM အရှင်နာယကာလင်္ကာရ: ရပြီဖိုးသား

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဘာလုပ်လုပ် ဘာပြောပြော ဘာတွေးတွေး
9:56 PM ကိုယ်ပြောတာ ကိုယ်လုပ်တာ ကိုယ်တွေးတာတွေသည်
ကိုယ့်ကိုယ်ကို စိတ်သန့်စေလား စိတ်ဆင်းရဲစေလား
စဉ်းစားပေါ့
ဒုက္ခပေးမှာကိုမလုပ်နဲ့
စိတ်သန့်စေတာကိုသာလုပ်
9:57 PM အဲဒါကအရေးကြီးတယ်
ကိုယ်လုပ်တာကောင်းတာမကောင်းတာက ဆာယ၀ အနုပါယိနီတဲ့..အမြဲတမ်းအရိပ်လို ကိုယ့်နောက်လိုက်နေမှာ
မကောင်းတဲ့အရိပ်တွေမလိုက်ဖို့အရေးကြီးတယ်
9:58 PM စိတ်ကိုထိန်းဖို့ကတော့
ကိုယ့်အဆင့်တန်းကိုယ်ကြည့်ပြီးထိန်းသိမ်းရတယ်


me: တင်ပါ့ဘုရား တပည့်တော်နာယူ ဆင်ခြင်ပါ့မယ်ဘုရား.. အရှင်ဘုရားဖိုးသားလို့ခေါ်တာလေးသဘောကျတယ်ဘုရား

အရှင်နာယကာလင်္ကာရ: မကောင်းတာလုပ်ချင်ရင် ငါသည် ရတနာသုံးပါးကိုယုံကြည်သူ

9:59 PM me: တအားနူးညံ့တယ်ဘုရား

အရှင်နာယကာလင်္ကာရ: မိဘသည် ရတနာသုံးပါးကိုယုံကြည်သူ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဆရာသမားတွေသည် ရတနာသုံးပါးကိုယုံကြည်သူ
ရတနာသုံးပါးကိုယုံကြည်သူတွေဝိုင်းရံထားတဲ့ငါသည်မကောင်းတာတွေလုပ်မယ်ဆိုရင်
ဘယ်သင့်မလဲ
10:00 PM ငါ့မကောင်းတာလုပ်လိုက်ရင် ငါလည်း မကောင်းဘူး၊ မိဘဆရာသမားတွေကိုစော်ကားရာကျမယ်လို့
တွေးလိုက်ရင် မကောင်းတာမလုပ်ချင်တော့ဘူးပေါ့
စိတ်လည်းငြိမ်သွားမယ်

10:01 PM me: ဟုတ်တယ်ဘုရား တပည့်တော်ခုတစ်လော မကောင်းတဲ့အမှုတစ်ခုခုလုပ်တော့မယ်ဆို ဘုရားရှင်ကိုပဲ ပြေးမြင်နေတယ်။ အဲဒီတော့မလုပ်ဖြစ်တော့ဘူး ဘုရား..
အသေးအဖွဲက အစပေါ့ဘုရား

10:02 PM အရှင်နာယကာလင်္ကာရ: ဒါပေါ့

me: မြင်တဲ့ပုံရိပ်တောင် ဒုက္ကရစရိယာ ကျင့်တဲ့ပုံကို အရင်ဆုံးမြင်တယ် ပြီးရင်
10:03 PM ပရိနိဗ္ဗာန် စံဝင်ခါနီးပုံ ဘုရား

အရှင်နာယကာလင်္ကာရ: အော်

10:04 PM me: ဘလော့က ပုံကို မြင်နေကြမို့ထင်တယ်

အရှင်နာယကာလင်္ကာရ: ကောင်းတယ်
ဗုဒ္ဓါနုဿတိဂုဏ်ကိုများများပွား

me: တင်ပါ့ဘုရား

10:05 PM ခုတော့ ဖြစ်ပျက်ပဲ ရှုဖြစ်တယ်ဘုရား
သတိရရင်ရသလို

အရှင်နာယကာလင်္ကာရ: ပါပသ္မိံရမတိမနောပဲ

me: အရင်တုန်းကတော့ ဗုဒ္ဓံသရဏံဂစ္စာမိပေါ့ဘုရား

10:06 PM အရှင်နာယကာလင်္ကာရ: အေး

me: အရှင်ဘုရား ပါဠိတွေ မသိဘူးဘုရား

အရှင်နာယကာလင်္ကာရ: ဘာရွတ်ရွတ် ဂုဏ်တော်ကို တကယ်ပေါ်အောင်ပွား
အော်

10:07 PM စိတ်ဆိုတာက မကောင်းမှုမှာပဲပျော်တယ်တဲ့

me: တင်ပါ့ မနောတစ်ခုပဲသိတယ်

အရှင်နာယကာလင်္ကာရ: ပါပဆိုတာမကောင်းမှုကိုပြောတာ

10:08 PM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ပါပ -အကုသလ- အပုည
အတူတူပါပဲ
ဝေါဟာရတွေပေါ့

me: တင်ပါ့ဘုရား

အရှင်နာယကာလင်္ကာရ: ပါပံ စိတ္တံ နိဝါရယေ- မကောင်းတဲ့စိတ်ကို၊ နိဝါရယေ- မဖြစ်အောင်တားဆီးရမယ်တဲ့။

10:09 PM me: နိဝါယ တော့သိတယ်ဘုရား
မှားတာ မသိဘူး
10:10 PM နီဝရဏနဲ့

အရှင်နာယကာလင်္ကာရ: ပါဠိဝေါဟာရကို ရင်းနှီးအောင်များများမှတ်သား

me: တင်ပါ့

10:11 PM အရှင်နာယကာလင်္ကာရ: နီဝရဏ-ဆိုတာက ကုသိုလ်တရားတွေ ဈာန်တရား မဂ်တရားတွေကိုတားဆီတတ်တဲ့ အကုသိုလ်တွေကို
နီဝရဏလိုခေါ်တာ

me: တင်ပါ့ဘုရား

10:13 PM အရှင်ဘုရား ကုမာရပဥှာ မှာ တရား ၆ ပါး ၉ ပါးနဲ့ ၁၀ ပါးကို မသိဘူးဘုရား
အချိန်ရရင် ပြောပြပေးပါလားဘုရား

10:14 PM ဘုံကိုးဝ တော့ကြားဘူးပါတယ်

အရှင်နာယကာလင်္ကာရ: ခြောက်ပါးဆိုတာက သဠာယတန-ခြောက်ပါးလို့ထင်တယ်

me: ဘာလဲမသိဘူး
တင်ပါ့ တပည့်တော်လည်းအဲလိုပဲထင်တယ်

အရှင်နာယကာလင်္ကာရ: သတ္တာဝါသ-၉-ပါး
10:15 PM ဒသဗလဥာဏ်-၁၀ပါး
အသေးစိတ်ကတော့ စာအုပ်ကြည့်ရမယ်
ငါလည်းမေ့နေပြီ

me: ရပါတယ်ဘုရား
10:16 PM အဲဒါ ဘယ်စာအုပ်မှာ ရှိတာလည်းဘုရား

အရှင်နာယကာလင်္ကာရ: အေး
10:18 PM ငါလည်းမမှတ်တော့ဘူး
ရှာရင်တော့ခဏပါ
ရှာထားလိုက်မယ်
နောက်ရက်ပြောတာပေါ့

me: အရှင်သာာဓိနက အဲဒါနဲ့ PhD လုပ်နေတာဘုရား
ဘုံဘေမှာတဲ့

အရှင်နာယကာလင်္ကာရ: အေး
ကောင်းတယ်

10:19 PM me: သူလုပ်တဲ့ THESIS တပည့်တော်ဆီမှာရှိတယ်ဘုရား

အရှင်နာယကာလင်္ကာရ: အော်

10:20 PM me: အင်္ဂလိပ်လိုဆိုတော့ မဖတ်ဖြစ်သေးဘူး
နောက် ပါဠိတွေ

10:21 PM အရှင်နာယကာလင်္ကာရ: အော်
မြန်မာပြန်ရှိပါတယ်ကွဲ့

me: ဆရာတော်က သုတ္တန်နဲ့ တစ်ခါ အဘိဓမ္မာနဲ့ တစ်ခါ ၊ နောက် နှစ်ခုရောပြီးတော့ တစ်ခါ ဝေဖန်ထားတယ်ပြောတယ်ဘုန်းဘုန်း
တင်ပါ့
10:22 PM တပည့်တော်တော့ နားမလည်ပါဘူး

10:25 PM အရှင်နာယကာလင်္ကာရ: အော်
အေးပေါ့ခက်တာပေါ့
မင်းတို့မှာက
အခြေခံမရှိဘူးလေ

me: တင်ပါ့

10:26 PM အရှင်နာယကာလင်္ကာရ: သိချင်တာကိုတစ်ပိုင်းချင်းမေးလေ
ဖြေပေးတာပေါ့

10:28 PM me: မြန်မာလိုမရှိဘူးလေ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အော်

me: ပြီတော့ အဲဒီအင်္ဂလိပ်လိုကလည်း မဖတ်ရသေးဘူး

အရှင်နာယကာလင်္ကာရ: ဖိုးသားကဘာသိချင်တာလဲ

10:29 PM me: အဒီ ၁၀ မျိုးကို တစ်ပါးသူနားလည်အောင် ရှင်းပြရှင်တာ
10:31 PM အရှင်ဘုရား အဆင်ပြေမှပါ
အရှင်နာယကာလင်္ကာရ: အေး
ရှင်းပြီးဘလော့မှာတင်ပေးမယ်

10:32 PM me: အားတဲ့တစ်ရက်ရက်လောက်ပေါ့ ဘုရား
တင်ပါ့

အရှင်နာယကာလင်္ကာရ: အေးအေး

me: ကောင်းတာပေါ့ဘုရား
ဘလော့မှာတင်တော့ တပည့်တော်ရေးစရာ မလိုတော့ဘူးလေ

10:33 PM အရှင်နာယကာလင်္ကာရ: အေးပေါ့

10:35 PM me: ရေးရင် သူများနားမလည်ခင် ကိုယ်အရင်နားလည်အောင်လုပ်ရတာ နောက်ပြီး ရင်ရေးတဲ့အခါမှာလည်း အမှားမပါအောင် တအားဂရုစိုက်ရတာဆိုတော့ တအားတော့ပင်ပန်းတယ်ဘုရား
တပည့်တော်တို့အနေနဲ့ပြောတာပါ
10:37 PM အရှင်ဘုရား မနှောင့်ယှက်တော့ပါဘူး.. တပည့်တော်လည်း လုပ်စရာလေးတွေ လုပ်လိုက်ဦးမယ်ဘုရား
ခုလိုဖြေကြားပေးလို့ ကျေးဇူးပါဘုရား

အရှင်နာယကာလင်္ကာရ: အေးပါ
ဧည်သည်ရောက်နေလို့ဖိုးသားရေ

me: ဆရာလုပ်သလိုတော့ဖြစ်မလားပဲ.. တပည့်တော်လည်း ဒါလေးပဲပြောနေကြမို့

10:38 PM အရှင်နာယကာလင်္ကာရ: ဖိုးသားလိုချင်တာက ကုမာရကဿပလား
ကုမာရတွေကအများကြီးနော်
သေချာအောင်ဦးဇင်းဆီကို ပြန်ပို့ထားဦး

me: မသိဘူးဘုရား ခုန ၁၀ ချက်လေဘုရား
10:39 PM တရား ၁ ပါး ၂ ပါး စတာတွေ

အရှင်နာယကာလင်္ကာရ: အေးဟုတ်ပြီ
သုတ္တန်ရဲ့နာမည်ကိုပြော
10:40 PM အဲဒါတွေကအများကြီးရှိတယ်

me: အဲဒါလည်းမသိဘူးဘုရား

အရှင်နာယကာလင်္ကာရ: ဟေ

10:41 PM me: အရှင်ဘုရား ဒုက္ခများရင်လည်း ထားလိုက်ပါတော့ဘုရား

အရှင်နာယကာလင်္ကာရ: မများပါဘူး
သုတ္တန်နာမည်ကိုမေးလိုက်ဦး
သိလား

me: တပည့်တော်သေချာအောင်

အရှင်နာယကာလင်္ကာရ: ၁ ပါး၂ပါးတွေက အများကြီးရှိတာမို့

me: ပြန်မေးလိုက်ဦးမယ်ဘုရား ခဏလေးပါ
10:42 PM အာဟာရ တို့ နာမရူပတို့ ဝေဒနာတို့ အဲဒါတွေဘုရား

10:43 PM အရှင်နာယကာလင်္ကာရ: အေးလေ
ဟုတ်တယ်
အဲဒါမျိုးတွေက အများကြီး

me: တင်ပါ့ ပြန်မေးလိုက်ဦးမယ်ဘုရား
သုတ္တန်အမည်နော်ဘုရား

အရှင်နာယကာလင်္ကာရ: အေး
သုတ္တန်အမည်

________________________________________ 12 minutes
10:56 PM me: ခုဒ္ဒကနိကာယတွင်ပါရှိသော ခုဒ္ဒကပါဌ၊ ကုမာရပဥှာ တဲ့ဘုရား
________________________________________ 5 minutes
11:01 PM အရှင်နာယကာလင်္ကာရ: အေး

________________________________________ 11 minutes
11:13 PM me: တရားနှလုံးသွင်းပြီး ကောင်းမြတ်အေးချမ်း မွန်မြတ်လှပ တဲ့နေ့ဖြစ်ပါစေ ဘုန်းဘုန်း (ဒါလေးပဲပြောတတ်လို့ပါ ဆရာလုပ်သလိုဖြစ်ရင် တောင်းပန်ပါတယ် ဘုန်းဘုန်း)

11:14 PM အရှင်နာယကာလင်္ကာရ: အေးပါဗျာ
အလုပ်များနေလို့ဖိုးသားရေ
11:15 PM ဧည့်သည်တွေရောက်နေလို့

me: တင်ပါ့ဘုရား

အရှင်နာယကာလင်္ကာရ: ကဲဖိုးသားလဲအိပ်တော့
တာ့တာ

11:16 PM me: ခုမှ 11.15 ဘုရား 3 နာရီလောက်မှ တပည့်တော်အိပ်တာ
တာ့တာပါဘုရား

လေးစားစွာဖြင့်
ဖိုးသား

08.12.2008, MON:, 05:03:06 pm
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply