Latest News

*အမည်ပြောင်းခြင်း*


ယနေ့မှစ၍ အကျွန်ုပ်၏နာမည်အား ဘလော့ရေးရာတွင် *ပြည့်စုံအောင်*အဖြစ်မှ *ဖိုးသား* အဖြစ်သို့ ပြောင်းလဲလိုက်ပါကြောင်း အသိပေးအပ်ပါသည်။ ပြောင်းရခြင်း အကြောင်းရင်းကား …

ဆရာတော်တစ်ပါးနှင့် ချက်ရာတွင် ယင်းဆရာတော်က အကျွန်ုပ်အား ဖိုးသား ဟု ခေါ်ဝေါ် သုံးစွဲလိုက်၏။ ထိုအမည်အား အကျွန်ုပ် အလွန်နှစ်သက် သဘောခွေ့သဖြင့် ပြောင်းလဲလိုက်ရခြင်း ဖြစ်ပေ၏။

နာမည်ပြောင်းခြင်း အထိမ်းအမှတ်ကိုဖြင့် TRADERS မှာကျင်းပလိုက်ပါသည်။ လေလှိုင်းထဲမှာပင် ဘူဖေး စနစ်ဖြင့် အ၀သုံးဆောင်ကြပါကုန်။ ပါဆယ်သယ်လိုက သယ်နိုင်ပါသည်။ နောက်မှ မ၀ဘူးဟူသော အသံကို အကျွန်ုပ် မကြားလိုပါ။

အသွင်ပြောင်းသွားသော်လည်း မိတ်ဆွေတို့အပေါ်ထားရှိသော အဖြူရောင် မေတ္တာများကတော့ ပြောင်းလဲခြင်းမရှိ မကတိအတိုင်း တည်ကြည် ငြိမ်သက်စွာဖြင့် အသက်ဝင်နေမည်သာတည်း။

အားလုံးသော ဓမ္မမိတ်ဆွေများအား လေလှိုင်းထဲမှ အကျွန်ုပ် ဖိုးသား က မင်္ဂလာပါဟု နှုတ်ဆက်လိုက်ပါသည်။

လေးစားစွာဖြင့်
ဖိုးသား တစ်ဖြစ်
ပြည့်စုံအောင်

07.12.2008, SUN:, 07:52:54 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply