Latest News

*အရှင်နာယကာ လင်္ကာရနှင့် ဆွေးနွေးမှု (၃)*

အရှင်နာယကာလင်္ကာရ: hi
ဖိုးသား
ကောင်းသောမနက်ခင်းပါ

me: တင်ပါ့

3:47 AM အရှင်နာယကာလင်္ကာရ: ဧည့်သည်တွေနဲ့စကားပြောနေလို့ ကွန်ပြူတာရှေ့မှာမရှိလို့
ဖိုးသားပြောတာမသိလိုက်ဘူး

me: ရပါတယ်ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဘာပေးလို့ရတာလဲ
ဘာမှလဲမပေးပါဘူး
ဟဲဟဲ

3:48 AM me: ဘုန်းဘုန်း ပျင်းနေပုံရတယ်။

အရှင်နာယကာလင်္ကာရ: ပျင်းပါဘူးဟ

me: ဧည့်သည်တွေနဲ့ကျတော့ ဟန်လုပ်နေရမှာပေါ့

အရှင်နာယကာလင်္ကာရ: ဘုန်းကြီးပဲလေကွာ

me: ခုလိုပြောလို့မှ မရတာ

အရှင်နာယကာလင်္ကာရ: ကြည်ညိုစရာဖြစ်အောင်တော့ပြောရတာပေါ့

me: ဘုန်းဘုန်းကို ဘယ်လိုဖြစ်ဖြစ်ဖိုးသားကကြည်ညိုပြီးသားပါ
3:58 AM ဖိုးသား ဒါလေးတွေကို ဘလော့ပေါ်တင်လိုက်ရင်ကောင်းမယ်နော်
ဘုန်းဘုန်း ဒီ့ထက်ပိုပြီး နာမည်ကြီးသွားအောင်
3:59 AM ဘုန်းဘုန်းခဏနော်

4:02 AM အရှင်နာယကာလင်္ကာရ: အေးအေး
4:03 AM မတင်ကောင်းဘူးဟ
ဓမ္မသာကစ္ဆာပဲတင်ရတယ်

4:04 AM me: ဖိုးသားကို တစ်ခုခုတော့လာဘ်ထိုးရမယ်နော် မဟုတ်ရင် တင်လိုက်မှာ

အရှင်နာယကာလင်္ကာရ: အမာ ဘုန်းဘုန်းက လာဘ်ထိုးတဲ့အကျင့်ကရှိဘူးဟ

me: ဒါပေမယ့်ဖိုးသားကတော့ လာဘ်မထိုးရင် တင်မှာပဲ
4:06 AM ဖိုးသားကိုလာဘ်ထိုးတဲ့ အနေနဲ့ တရားတစ်ပုဒ်လောက်ဟောပြ။ ဒါဆိုမတင်တော့ဘူးလေ

အရှင်နာယကာလင်္ကာရ: တင်ပေါ့
တရားစွဲမှာပေါ့

4:07 AM me: ကြောက်ပါဘူး
4:08 AM ဒါက ဘုန်းဘုန်းဘာသာ ပြောတာလေ ။ ဖိုးသား ပယောဂမှ မပါတာ ဟ ဟ
ဘုန်းဘုန်းလုပ်ပါ တရားတစ်ပုဒ်လောက်။

အရှင်နာယကာလင်္ကာရ: နေဦး
စောင့်

5:48 AM me: ဘုန်းဘုန်းဖိုးသားစောင့်နေတယ်နော်။

အရှင်နာယကာလင်္ကာရ: ဟေ
ဟောမယ်ဗျာ
သိပါဘူး
ဖိုးသား အိပ်သွားပြီထင်နေလို့
ဟဲဟဲ

me: ဖိုးသားက ဘုန်းဘုန်းမအားဘူးထင်လို့

5:49 AM အရှင်နာယကာလင်္ကာရ: ရပြီ
စောစောက ဖုန်းဆက်နေလို့ အမိမြေကို

me: တင်ပါ့
ခဏနော်

အရှင်နာယကာလင်္ကာရ: စိတ်ပင်ပန်းလူပင်ပန်းဖြစ်တယ် ဖုန်းဆက်ရတာ
အေး
5:50 AM ဟုတ်ပြီ

me: ဘုန်းဘုန်း မီးသွားဖွင့်တာ စာလိုက်မှတ်မလို့

အရှင်နာယကာလင်္ကာရ: အော်
အော်
5:51 AM ကဲမေး ဗျာ

me: ဘုန်းဘုန်းဟောမယ်ဆို

အရှင်နာယကာလင်္ကာရ: ဘာဟောရမလဲစဉ်းစားနေတာ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ရုတ်တရက်ဆိုတော့ ဘာမှခေါင်းထဲမှာပေါ်မလာဘူး

5:52 AM *****လိမ္မာချင်ရင် မမိုက်ကြနဲ့ဗျာ*****

ဒါပဲတရားက
တိုတိုလေးပဲ

5:53 AM me: ဘုန်းဘုန်းလာဘ်ထိုးတာကလည်း တစ်ကြောင်းတည်း

အရှင်နာယကာလင်္ကာရ: ဟုတ်တယ်လေ
အဲ

me: မေးတာကမှ များများရဦးမယ်

အရှင်နာယကာလင်္ကာရ: ဒါမှတ်ထား

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: နေဦးကွဲ့
အဲဒီစကားလုံးက ဘုန်းဘုန်းပြောတာမဟုတ်ဘူး

5:54 AM စံကင်းဆရာတော်ဘုရားကြီးမိန့်သွားတာ

me: ဖိုးသားမှတ်ထားပါ့မယ် ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အဲဒီ story ကိုဖတ်ချင်ရင် မျှော်
5:55 AM မနက်ဖြန်မှာလာမည်
အမြည်းပေးထားတာ
http://manatphyan77.blogspot.com/

me: ဘုန်းဘုန်းကလည်း တစ်ကြောင်းလောက်ဟောပါဦး အမြည်းဆိုတော့ဗိုက်မ၀သေးဘူး ဖိုးသား
5:56 AM အရှင်နာယကာလင်္ကာရ: စောင့်ဖတ်လေ
မျှော်ပါဆို
တန်ဖိုးရှိတဲ့စကားဆိုတာ ဒီလိုပဲ
ဟဲဟဲ

5:57 AM me: ဘုန်းဘုန်းက ကော်ပီတော်တော်ကျွမ်းပုံရတယ်
အဲဒါကြောင့်လည်း PhD ရတာနေမှာ

အရှင်နာယကာလင်္ကာရ: ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခ န္တု သဗ္ဗဒေ၀တာ
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။

5:58 AM me: ဟဲ ဟဲ ကိုယ့်ဆရာတော်ကို မြှောက်ထားရတာ နောက်ဆို ဆင်ဖြူတော်မှီပြီး ဖိုးသား ကြံစုပ်ရတော့မှာဆိုတော့

အရှင်နာယကာလင်္ကာရ: ဘ၀တု သဗ္ဗမင်္ဂလံ- မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဘာသာမပြန်နဲ့ မင်္ဂလာအပေါင်းနဲ့ပြည့်စုံအောင်နေလို့ဘာသာပြန်

me: တင်ပါ့

5:59 AM အရှင်နာယကာလင်္ကာရ: မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုတောင်နေလို့ပြည့်စုံလာမလား မင်္ဂလာအပေါင်းက
ပြည့်စုံအောင်ကို ကိုယ်တိုင်နေထိုင်မှ မင်္ဂလာအပေါင်းက ပြည့်စုံတာလေ
6:00 AM ဆုတောင်းလို့မရဘူးဆိုတာ သဘောဝင်
ကျင့်သုံးရမယ်လို့ဆိုလိုတယ်

6:01 AM me: တင်ပါ့ သိသိကြီးနဲ့ တစ်ခါတစ်လေ နှစ်ပေါက်တစ်ပေါက်ရိုက်ချင်နေတာ ခက်တယ်

အရှင်နာယကာလင်္ကာရ: နောက် ရက္ခ န္တု သဗ္ဗဒေ၀တာ- နတ်ကောင်းနတ်မြတ်တွေ စောင့် ရှောက်ပါစေလို့ ဘာသာမပြန်နဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်အောင်နေလို့ဘာသာပြန်
6:02 AM နေတာက ကို့ရို့ကားယားဆို ဘယ်နတ်ကလာစောင့်ရှောက်မလဲ
နတ်စောင့်ရှောက်အောင်ကိုယ်က ကိုယ်ကျင့်သီလ ပြည့်စုံမှ စောင့်ရှောာက်မှာပေါ့
ဆုတောင်းလို့ရမလား

me: တင်ပါ့ ဟုတ်တာပေါ့၊ ဘယ်ဆုတောင်းလို့ ရမလဲ

6:03 AM အရှင်နာယကာလင်္ကာရ: ဆိုလိုတာက *ပါစေ ပါစေ* ဆိုတဲ့ May be တွေကိုဖျောက် ရမယ် *ရမယ်* ဆိုတဲ့ Must be ဖြစ်အောင် ကြိုးစားဖို့ပဲ
ရပါရစေ မလုပ်နဲ့ ရကိုရရမယ်ဆိုတာမျိုးလုပ်ရတယ်

me: မှန်ပါ့ ဘုန်းဘုန်း

6:04 AM အရှင်နာယကာလင်္ကာရ: အဲဒါ ဗုဒ္ဓ၀ါဒပဲ ထေရ၀ါဒပဲ
ကဲသာဓုခေါ်ဗျာ
ဒီလောက်ဆိုတော်မှ
me: သာဓု သာဓု သာဓုပါ ဘုရား

6:05 AM အရှင်နာယကာလင်္ကာရ: သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်ပါစေ

6:06 AM me: ဖိုးသားကိုတော့သတိပေးတဲ့သူတွေ တော်တော်များနေသလို ကျေးဇူးရှင်တွေလည်း များနေပြီ။ အကျေဆပ်နိုင်အောင်ပဲ ဖိုးသားကြိုးစားရတော့မှာပေါ့။

အရှင်နာယကာလင်္ကာရ: အသာလုပ်ပါကွယ်
ကျေးဇူးဆပ်ချင်ရင် ကျင့်သုံး
ကျေပြီသာမှတ်

6:07 AM me: တင်ပါ့။
6:10 AM ဖိုးသားအတွက်တော့ *အသာလုပ်ပါကွယ်* ဆိုတဲ့စကားလေးက ထိတယ်။ ဘာလို့လဲဆိုတော့ ဖိုးသားက လောတတ်တယ်လေ။

6:11 AM အရှင်နာယကာလင်္ကာရ: ဟုတ်ပါပြီဗျာ

6:12 AM me: ဖိုးသား အိပ်ပြီ ဘုန်းဘုန်း .. ဘုန်းဘုန်း စိတ်နှလုံးရွှင်လန်းပါစေ။

အရှင်နာယကာလင်္ကာရ: အေးဗျာ

me: အဲ.. အိပ်လို့ရသေးဘူး။ သူငယ်ချင်းတစ်ယောက်ကို စောင့်ခိုင်းထားသေးတယ်။

အရှင်နာယကာလင်္ကာရ: အိပ်မက်လှလှမက်ပါစေ
6:13 AM တရားမှတ်အိပ်

me: သူ ဖိုးသားကို ဘာမေးမလို့လဲ မသိဘူး။ ဖိုးသား တရားမှတ်ပြီး အိပ်နေကျပါ ဘုန်းဘုန်း။

အရှင်နာယကာလင်္ကာရ: အေးအေး
အော်
6:14 AM စောစောကတရားကိုရှယ်ပေးလိုက်
6:15 AM me: ဘုန်းဘုန်းမပြောခင်ကတည်းက လုပ်ဖို့ဆုံးဖြတ်ပြီးသားပါ ဘုန်းဘုန်းရ
ဒီလိုနဲ့ ဘုန်းဘုန်းနာမည်ကြီးတော့မယ် ဟိ ဟိ

အရှင်နာယကာလင်္ကာရ: အမယ်
မလုပ်ပါနဲ့
မကြီးပါရစေနဲ့

6:16 AM me: နောက်ဆို ကြံစုပ်ရတော့မယ်။ ဖိုးသားကတော့ လျှေက်ကြွားထားတာ ငါ့ဆရာတော်က ငယ်ငယ်လေးနဲ့ တအားတော်တာလို့။
6:17 AM ခုဆို အကုန်နီးပါးသိကုန်ပြီ

အရှင်နာယကာလင်္ကာရ: ဘယ်ကသိတာလဲ
မလုပ်နဲ့ဟ
6:18 AM မလုပ်ကောင်းဘူး
အသာလေးနေရတယ်
ရွက်ပုန်းသီးလုပ်ရတယ်
ဒါမှသူများခူးမစားမှာ

me: မဟုတ်ပါဘူး ဘုန်းဘုန်းရ.. ချက်ထားတာတွေဆို ဖိုးသားက ကော်ပီလိုက်ပို့တာလေ။ မှတ်သားသင့်တဲ့ အရာတွေ။ ဒါကြောင့်သိတာပါ။

အရှင်နာယကာလင်္ကာရ: အေးအေး ကဲအိပ်တော့ ဖိုးသား

6:22 AM me: ဘုန်းဘုန်းနောက် တရားဟော ကထိက လုပ်မှာလား
6:23 AM တော်လည်းတော် ကျော်လည်းကျော်ဆိုတော့ ပိုကောင်းတာပေါ့ ဘုန်းဘုန်းရ

6:24 AM အရှင်နာယကာလင်္ကာရ: မလုပ်ပါဘူးကွာ

me: ဖိုးသားအိပ်ပြီ။ ဘုန်းဘုန်းကို ဒီနေရာကပဲ ဦးချကန်တော့လိုက်ပါတယ်နော်။ အပြစ်တွေရှိရင် ခွင့်လွှတ်ပေးပါ ဖိုးသားကို။

6:25 AM အရှင်နာယကာလင်္ကာရ: အေးအေး
ကျန်းမာပါစေ။

လေးစားစွာဖြင့်
ဖိုးသား

13.12.2008, SAT:, 08:20:14 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply