Latest News

*အရှင်သာဓိနနှင့် ဆွေးနွေးမှု (၃)*

6:17 PM me: ဘုန်းဘုန်းပုံ ခန့်တယ်နော် ဘုရား

အရှင်သာဓိန: ဟားဟား မလှဘူးကွ

me: ဖိုးသားပြောတာလည်း လှတယ်လို့မပါပါဘူး။

အရှင်သာဓိန: ဟားဟား

6:18 PM me: ဘုန်းဘုန်း ပျင်းနေမှစိုးလို့

အရှင်သာဓိန: ဟားဟား

6:20 PM me: ဘုန်းဘုန်း တရားတွေထဲမှာ ဘုန်းဘုန်း ကောက(ဦးကောသလ္လ) သူ့သူငယ်ချင်းဆိုပြီး ထည့်ထည့်ပြောတာ အဲဒါ ဘုန်းဘုန်းလား

အရှင်သာဓိန: ဘာအကြောင်းနဲ့စပ်လဲ

6:22 PM me: အော် ဘုန်းဘုန်း က အတိတ်က အကြောင်းတွေကျတော့ဘာမှသတိမရဘူးတဲ့။ ဒါပေမယ့် အဲဒီတုန်းက ဆွမ်းကပ်တာကျတော့သတိရတယ်တဲ့။ အဲလိုပြောတယ်

အရှင်သာဓိန: ဟားဟား ငါကဆွမ်းကျောင်းဘုန်းကြီးလေ

6:23 PM me: ဒါဆို ဘုန်းဘုန်းဆိုတာ သေချာပါတယ်

အရှင်သာဓိန: အေး

me: ဘုန်းဘုန်းနဲ့ ပြောမနာဆိုမနာထင်တယ်နော်

6:24 PM အရှင်သာဓိန: ဟုတ်ပ

me: တစ်ခါတစ်လေ ရယ်ရတယ်
ဘုန်းဘုန်းကို နှိပ်ကွပ်ထားတာ

အရှင်သာဓိန: အေး ငါက ဒို့ထဲမှာဟာသကွ

6:25 PM me: ဒါပေမယ့် တော်တဲ့နေရာမှာတော့ ဟာသ မဟုတ်ပါဘူး

အရှင်သာဓိန: ဟုတ်ရဲ့လား

6:26 PM me: ဟုတ်တာပေါ့ ဘုန်းဘုန်းရ.. သံပုရာသီး ကတော့ သူ့ကိုယ်သူချဉ်တယ်လို့ ဘယ်ပြောပါ့မလဲ နော..

အရှင်သာဓိန: ဟားဟား ဟေ့ကောင် ငါ ပန်းသီးပါဟ

me: ပန်းသီးကဈေးကြီးတယ်လေ

6:27 PM အရှင်သာဓိန: တတ်နိုင်ဘူးလေကွာ ဖြစ်ချင်တာပြောတာလေ

6:28 PM me: ဖိုးသား ဘုန်းဘုန်းကို ပျက်လုံးထုတ်ခ အတွက် ဖိုးသားကို ဘုန်းဘုန်း ဘယ်လိုလာဘ်ထိုးမှာလဲ
6:29 PM လာဘ်မထိုးရင် ဒီစာတွေ ဘလော့မှာ တင်လိုက်မယ်လေ
ဟ ဟ

အရှင်သာဓိန: ဟား ငါ့အကြောင်းလေးတွေရေးရင်ကောင်းတာလေးပဲ ရေးပါလို့

me: မရဘူးလေ.. အကုန်ကောင်းလို့တော့
6:30 PM ဘုန်းဘုန်းပိုပြီးနာမည်ကြီးသွားတာပေါ့

အရှင်သာဓိန: အကုန်ကောင်းကောင်း မကောင်းကောင်း ဂရုမစိုက်ပါဘူးကွာ၊ ဒါပေမယ့် အကောင်းတွေကုန်သွားမှာတော့ ငါအရမ်းကြောက်တယ်၊ စိုးရိမ်တယ်

6:31 PM me: ဒီစကားလေးကတော့ ဘုန်းဘုန်း တကယ်ခံစားပြီး ပြောတာပဲနော်
မှတ်ထားရဦးမယ်

6:32 PM အရှင်သာဓိန: ညီလေးရေ အစ်ကိုဘုန်းဘုန်းအနေနဲ့ပြောရရင် စကားတွေကို ခံစားချက်မပါဘဲ ပြောလေ့မရှိဘူး၊ ဟာသလေးတွေပြောတာတောင်မှ ဟာသလေးတွေလို ခံစားပီးမှပြောတတ်တယ်၊ ဒါပေမယ့် အဲဒီထဲမှာ အားလုံးတော့လည်း ဘယ် ကောင်းမလဲညီ

6:33 PM me: ဖိုးသားသိပါတယ်ဘုန်းဘုန်း စကားမှားသွားရင် ဖိုးသားတောင်းပန်ပါတယ်နော်

6:36 PM အရှင်သာဓိန: မဟုတ်ဘူးညီလေး၊ ဒို့တွေ စကားတွေပြောကြရမယ်၊ အသိတွေကိုလည်း ဖလှယ်ကြရမယ်၊ ကုန်ရောင်းကုန်ဝယ် လုပ်သလိုမျိုးပေါ့၊ အဲဒီထဲမှာ တချို့ပစ္စည်းက မကောင်းဘူး၊ တချို့ပစ္စည်းကကောင်းတယ်၊ ဒါပေမယ့် အဲဒါတွေကို ရောင်းတဲ့သူကလည်း ရောင်းမယ်၊ ၀ယ်သူကလည်း ၀ယ်မှဝယ်မယ်၊ အဲ တစ်ခါထပ်ပီး ရောင်းချင်မှရောင်းမှာဖြစ်သလို ၀ယ်ချင်မှလည်း ၀ယ်လိမ့်မယ်၊ ရောင်းရောင်းဝယ်ဝယ် ပစ္စည်းကိုတော့ ပြရမယ် ညီ၊ ကြိုက်ရင်ယူ မကြိုက်ရင်မယူနဲ့လေ ညီရဲ့ပြောရမှာပေါ့ ၊ ညီစကားက မမှားပါဘူး အစ်ကို ဘုန်းကြီးကလည်း အမြဲကောင်းနေတတ်တယ့်သူမှမဟုတ် သေးတာ
6:37 PM ပုထုဇဉ်ဆိုတာ ရူးနေတတ်တယ်၊ ဒါပေမယ့် တခါ တလေလည်း ကောင်း နေတတ်ပါသေးတယ်လေ၊

6:38 PM ညီရေ ဒီစကားတွေက အလွတ်တွေနော်

6:40 PM me: တင်ပါ့ ဖိုးသား ခံယူတတ်အောင်ပဲ အရင်လုပ်ရမှာပေါ့နော်
6:41 PM ခုလိုစကားတွေ ရင်ထဲသိမ်းထားတာတွေ ဖွင့်ပြောလိုက်ရင်တော်တော်ပေါ့သွားတယ်နော်ဘုန်းဘုန်း။ ဖိုးသားလည်း ကိုဝင်းမြင့်ဆီ မကြာမကြာဖွင့်အံဖူးတယ်။ ခံစားနေရတာလေးတွေပေါ့။

အရှင်သာဓိန: ဟေ့ မဟုတ်ဘူးလေဟာ ဒါက နင်နဲ့ငါ အပျော်ပြောတာ၊ တစ်ခါ တစ်ခါ ငါ့ပါး စပ်က တောင်မရောက် မြောက်မရောက်တွေ ထွက်တတ်တယ်၊ စာရေးဆရာ စိတ်ကပျောက်သေးတာမဟုတ်ဘူး၊
6:42 PM ငါ့မှာ ဟာသတွေဆို မင်းမင်းနဲ့ပဲပြောဖြစ်တာ၊ ကိုဝင်းမြင့်ကျတော့ မပြောရက်ဘူး သူက တကယ့်အလုပ်သမား အလုပ်ရှင်ကွ
နင်တို့လို လူတွေငါ့အတွက်လိုတယ်ကွ

me: ဖိုးသားလည်း အားရင်စာပဲရေးချင်နေတာ ။ အဲဒီစိတ်ကလည်းတော်တော်ဆိုးတာပဲ။
6:43 PM တွေ့သမျှ မြင်သမျှအရာတွေ စာစီနေတော့တာပဲ စိတ်ထဲကနေ

အရှင်သာဓိန: အေးအေး ကောင်းတယ် ဟိုနေ့က နင့်အတွက် စိတ်ပူပီး ကိုဝင်းမြင့်ကို တောင်ပြောမိတယ်၊ နောက်မှ အော်တော်သေးတာပေါ့လို့ခံစားလိုက်ရတယ်ကွ

me: ဘာတွေပြောလို့လဲဘုန်းဘုန်း
6:44 PM ဖိုးသားလိုနေတာလေးတွေ ပြောပါဦး

အရှင်သာဓိန: ကျောင်းစာမလုပ်ဘဲ စာတွေချည်း ထိုင်ရေးနေ တွေးနေမှာစိုးလို့ကွ

me: တင်ပါ့

6:46 PM အရှင်သာဓိန: လိုနေတာမဟုတ်ဘူး ကျောင်းစာလွတ်သွားမှာစိုးလို့ညီရ ၊ ကိုဝင်းမြင့် ကပြောပါတယ်၊ ဒီလိုမဟုတ်ဘူး ဘုန်းဘုန်းရတဲ့၊ သူတို့က အားချိန်တွေမှာ အချိန်မဖြုန်း ဒီအလုပ်တွေလုပ်နေတာတဲ့၊ သူများတွေလို ဂိမ်းမကစားဘူး၊ အရက်မသောက်ဘူး၊ အပျော်မလိုက်ဘူး၊ အဲဒီအတွက် အချိန်တွေကို ခုလို စာရေးနေတာတဲ့ အဲဒီတော့မှ ငါလည်း စိတ်အေးသွားတာကွ၊ ငါက လူငယ်တွေအတွက် အမြဲတွေးပူတတ်တယ်

6:47 PM me: တင်ပါ့ ဘုန်းဘုန်း ခုလိုစိတ်ပူပေးလို့ ကျေးဇူးပါနော်။ ဖိုးသား ဒီထက်တိုးတက်အောင်ကြိုးစားပါ့မယ်။ နေရာတိုင်းပေါ့

6:48 PM ဖိုးသားလည်း ကိုဝင်းမြင့်နဲ့ဆို ဟာသတွေမပြောဖြစ်ပါဘူး။ တစ်ခါတစ်ခါ အစ်ကိုကတော့ ဟာသလေးတွေပြောတတ်တယ်
ဒါတောင်မှ ဖိုးသားလိုက်မရယ်မိဘူး
အစ်ကို့ကိုအားနာလို့

6:49 PM ရယ်ချင်စိတ်ကိုဖြစ်ပျက်ရှုပစ်လိုက်တယ်လေ
အစ်ကိုသင်ပေးထားတာ

အရှင်သာဓိန: အေး အထူးသဖြင့် ညီရေ၊ ဘုန်းဘုန်းက ကျောင်းသားလေးတွေ စာကြိုးစား စေချင်တာ ဘုန်းဘုန်း စေတနာအစစ်ပဲကွ၊ ဘုန်းဘုန်းက ပညာရေးကို ငယ်ငယ်လေးတည်းက ခြစ်ခြစ်ကုတ်ကုတ်လုပ်ခဲ့ရတယ်၊ နောက်ပီး ကလေးတိုင်းကို ဘုန်းဘုန်းလိုပဲ စာကိုကြိုးစားစေချင်တာ ခုမှ မဟုတ်ဘူး၊ ဘုန်းဘုန်းစာလုပ်တဲ့အချိန်တွေနဲ့ထပ်တူထပ်မျှပဲ၊ စာတော်အောင်ကြိုးစားပီး ရင် ကျန်တာတွေကို အသိဉာဏ်နဲ့ယှဉ်ပီး အရာရာမှာတိုးတက်စေချင်တာကွ

6:50 PM me: အစ်ကို့အတွက်လည်း ဟာသပြောစရာဆိုလို့ ဖိုးသားလောက်ပဲရှိမယ်ထင်တယ်
တင်ပါ့ ဖိုးသားကြိုးစားပါ့မယ်

6:52 PM အရှင်သာဓိန: စာတတ်ပေတတ် ပညာတတ်တွေပေါမှ ဒို့နိုင်ငံတိုးတက်မှာကွ၊ ဒါက နိုင်ငံတော်အတွက်ပေါ့၊ အေး အသိဉာဏ်တွေတိုးတက်လာရင်တော့ နိုင်ငံတင်မကဘူးကွ၊ လူတွေပါတိုးတက်လာမှာ၊ အစစအရာရာပေါ့၊ စိတ်ထားတွေလည်း အသိဉာဏ်တွေတိုးတက်လာတာနဲ့အမျှတိုးတက်လာမှာ၊ အစ်ကိုက အဲဒီလိုဖြစ်စေချင်တာ၊ ဒါကြောင့် ကျောင်းသားအားလုံးကို စာတော်စေချင် တာကပဌမ၊ စာတော်ပီး ပညာတော်စေချင်တာက ဒုတိယ၊ ပညာတော်ပီး အသိညာဏ်တွေ ကြွယ်ဝစေချင်တာက တတိယ အဲဒီရည်ရွယ်ချက်တွေ ပြည့်ရင် နိုင်ငံသစ်တစ်ခုကို တည်ဆောက်ချင်တာ၊ ငြိမ်းချမ်းသာယာဝပြောသော အအေးနိုင်ငံကြီးတည်ဆောက်ချင်တာလေ

6:55 PM me: ဘုန်းဘုန်းရယ်..မှန်တာပေါ့။ ဒါပေမယ့်လည်းကိုယ်တစ်ယောက်ထဲ စွမ်းလို့ရရင်တော့ကောင်းတာပေါ့နော်။ အများကောင်းမှ ဆိုတော့.. လူတိုင်းက ကိုယ့်လိုစိတ်ဓါတ်မှ မရှိကြတာဘုန်းဘုန်းရ. အဲဒီတော့လည်း ဖြစ်စေချင်တဲ့စေတနာနဲ့ယှဉ်တဲ့စိတ်ကိုပဲ ဖြစ်ပျက်ပြန်ရှုရတော့မှာပေါ့နော်.. ကိုဝင်းမြင့်ပြောသလိုမျိုး

________________________________________ 6 minutes
7:01 PM အရှင်သာဓိန: အေး ညီလေး ဒီနေရာမှာ အစ်ကိုပြင်ပြောရမယ်ထင်တယ်၊ ကိုဝင်းမြင့်ကို ဆန့်ကျင်ရတော့မယ်၊ သူလိုငါလို သာမန်လူမျိုးတစ်ယောက်အတွက်ကတော့ ဟုတ်တယ်ညီ၊ ခေါင်းဆောင် လုပ်မယ်၊ အသွင်သစ်တစ်ခုကို ပြောင်းတဲ့နေရာမှာ ပါဝင်ပေါင်းစည်းကြ တော့မယ်ဆိုရင် တစ်ဦးတည်းကောင်းလို့မရဘူး၊ ဥပေက္ခာမရှုရဘူးလေ။ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ဘုရားစကားဟာ ၀ိပဿနာရှုဘို့ဆိုရင် မှန်တယ်ညီ၊ ဆိုရှယ်ထဲမှာ ကျင်လည်ကျက်စားကြဦးမယ်ဆိုရင်ဖြင့် အဲဒီဆိုရှယ်ကြီးကို ကောင်းအောင် လုပ်လိုဦးမယ်ဆိုရင်ဖြင့် သုမေဓာဘ၀က ရနိုင်ခဲ့တဲ့ နိဗ္ဗာန်ကိုလက်လွတ်ခံပီး ဒို့ဘုရားက လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့တယ်လေ၊ အဲဒါဟာ ဆိုရှယ်တစ်ခု လုံးကောင်းဘို့၊ အတတ်နိုင်ဆုံး ဒုက္ခတွင်းထဲက သူတွေကို ကယ်တင်ဘို့ လုပ်ခဲ့တာလေညီ၊ ဒီတော့ ညီရေ ဘာပဲဖြစ်ဖြစ် ကောင်းအောင်၊ ကိုယ်ရော သူရော အားလုံးကောင်းအောင်တော့ဖြင့် ဦးဆောင်ကောင်းတွေလိုလာပီ လေ၊ ဒီတော့ ညီဦးဆောင်သူမလုပ်ချင်ဘူးလား၊ လုပ်ချင်ရင် ကြိုးစားရမယ်ညီ၊ ညီလည်းကောင်းအောင်လုပ်ရမယ်၊ ညီ့ပတ်ဝန်းကျင်လည်း ကောင်းအောင်လုပ်ရမယ်၊ ခု ညီလုပ်နေတဲ့အလုပ်လေးဟာ အသေးလေးမဟုတ်ဘူးညီ၊ အကြီးကြီး သူများတွေအတွက်လုပ်နေတာလေ၊ ဖြစ်ပျက်လည်းရှုရမယ်၊ ဖြစ်နေ ပျက်နေတာကိုလည်း ကြည့်ရမယ်၊ ပြင်သင့်တာတွေ ပြင်ရမယ်၊ ဆင်ခြင် သင့်တာတွေ ဆင်ခြင်ရမယ်ပေါ့ညီရယ်
7:02 PM ဘုးန်ဘုန်း အနေနဲ့စကား အကြီးကြီးပြောတာမဟုတ်ဘူးနော်၊

7:05 PM me: တင်ပါ့ဘုန်းဘုန်း ဖိုးသားနားလည်ပါပြီ။ ဖိုးသား ဘုရားထုံးကိုမူပြီး အားလုံးကောင်းဖို့အတွက် ကြိုးစားပါ့မယ်။ ဘုန်းဘုန်းခုလို ရှည်ရှည်ဝေးဝေး ရှင်းပြလို့လည်း ကျေးဇူးတင်ပါတယ်။

အရှင်သာဓိန: အေးေ အး

7:07 PM me: ဒီစကားတွေ တော်တော်ကောင်းတယ် ဘုန်းဘုန်း။ ဖိုးသားဘလော့မှာ တင်ချင်တယ်။
ဘုန်းဘုန်းခွင့်ပြုမှပါ

အရှင်သာဓိန: အေးအေး ပြင်စရာပြင် ဖြုတ်စရာဖြုတ်ပေါ့ညီ
7:08 PM ဘုန်းဘုန်းနာမည်ထည့်သင့်လည်း ထည့်ပါညီ ကိစ္စမရှိပါဘူး

me: ရေးပြီးရင်ဘုန်းဘုန်းကို အရင်ဆုံးပြမယ်လေ။ ဘုန်းဘုန်းလက်ခံပြီဆိုမှပါ။

အရှင်သာဓိန: အေးအေး ကောင်းတယ် ကောင်းတယ်

me: တင်ပါ့ ကျေးဇူးပါ ဘုန်းဘုန်း

အရှင်သာဓိန: အေးအေး

7:10 PM me: ဘုန်းဘုန်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။
ဖိုးသားဒီနေရာကပဲ တရိုတသေဦးခိုက်လိုက်ပါတယ်။

7:11 PM အရှင်သာဓိန: အေးအေး ညီလေးလည်း ညီလေးရဲ့ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေကို ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေ။

me: ပေးတဲ့ဆုနဲ့ ပြည့်စုံနိုင်အောင် ဖိုးသားကြိုးစားပါ့မယ်ဘုန်းဘုန်း။

လေးစားစွာဖြင့်
ဖိုးသား

13.12.2008, SAT:, 08:52:32 pm
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. တန်ဖိုးရှိပါပေတယ်။

Leave a Reply