Latest News

*အကြောင်းနဲ့ အကျိုး*

ဖြေ၍ ပြေပါသည်၊
ခြွေ၍ ကြွေပါသည်။

ချိုး၍ ကျိုးပါသည်၊
နှိုး၍ နိုးပါသည်။

ဖြုတ်၍ ပြုတ်ပါသည်၊
ဖြတ်၍ ပြတ်ပါသည်။

ဖြည့်၍ ပြည့်ပါသည်၊
နှစ်၍ နစ်ပါသည်။

ဖွင့်၍ ပွင့်ပါသည်၊
ငြှိမ်း၍ ငြိမ်းပါသည်။

မပြေချင်က မဖြေနဲ့၊
မကြွေချင်က မခြွေနဲ့။

မကျိုးချင်က မချိုးနဲ့၊
မနိုးချင်က မနှိုးနဲ့။

မပြုတ်ချင်က မဖြုတ်နဲ့၊
မပြတ်ချင်က မဖြတ်နဲ့။

မပြည့်ချင်က မဖြည့်နဲ့၊
မနစ်ချင်က မနှစ်နဲ့။

မပွင့်ချင်က မဖွင့်နဲ့၊
မငြိမ်းချင်က မငြှိမ်းနဲ့။

ကြောင်းကျိုးဆက်နေတာ ဆက်နေတာ။
ကြောင်းကျိုးဖြတ်နေပါ ဖြတ်နေပါ။
ကြောင်းကျိုးပြတ်စေမှာ ပြတ်စေမှာ။ ။


အားလုံးသော ဓမ္မမိတ်ဆွေများအားလုံး ကြောင်းကျိုးဆက် တရားမှ ကြောင်းကျိုးပြတ်တရားသို့ အရောက် လှမ်းနိုင်ပါစေ၊ အရောက် လှမ်းနိုင်အောင်လည်း အားထုတ်နိုင်ပါစေ။


လေးစားစွာဖြင့်
ဖိုးသား

07.01.2009, WED:, 09:16:01 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply