လွန်ခဲ့တဲ့ (၇) နှစ်ကျော်ကျော် ဖိုးသား 10 တန်းတုန်းက ဖတ်မိခဲ့တဲ့ ကဗျာလေး။ ကြိုက်လို့ အလွတ် ကျက်ထားတာ။ ဖတ်ကြည့်လိုက်ပါဦး။
***အလွမ်းပြေ စာတစ်စောင်***
အလွမ်းပြေ အမေရေးတဲ့
ကောက်ကွေးကွေးအက္ခရာ
ခဲတံကို တံတွေးဆွတ်လို့
ဖျက်ပွတ်ရာအစုံစုံနဲ့
စာသတ်ပုံမမှန်ကန်လည်း
အမေ့ဉာဏ် ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွတ်သည့်စာ။
ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန်ကျွတ်အောင် မတတ်သော်လည်း
အမေ့မှာ စေတနာဓါတ်တွေက
ဖျတ်ခနဲ ယိုလို့လာ
လွမ်းစာတဲ့ ဆောင်းပါး။
အမေမရှိသော်လည်း
ဖြေမိဖြေစရာပေါ့
ဒီလွမ်းစာ ဒီလက်ရေးရယ်က
ပဲတီချဉ် သွယ်သွယ်ကွေးလိုပ
စီရေးပုံ မပြေပါလည်း
စေတနာ အလွန်သန့်တာမို့
အမေ့စာ တကယ်ခန့်တယ်
အံ့မိပါတကား။ ။
>>> မေတ္တာနဲ့ ယှဉ်ပြီး သတိရလျက်ပါအမေ။
လေးစားစွာဖြင့်
ဖိုးသား
08.01.2009, THU:, 03:48:32 AM
Latest News
0 comments