Latest News

*အရှင်ဝိဇ္ဇောတနှင့် ဆွေးနွေးမှု (၁)*



2:06 PM me: ဦးဇင်း ဘာတွေလုပ်နေလဲဘုရား
အရှင်ဝိဇ္ဇောတ(25.9.85): ဘာမှ မလုပ်ပါဘူး...

________________________________________ 7 minutes
2:13 PM me: ဦးဇင်းက ဘုန်းဘုန်းဆေကိန္ဒ တရားတွေကိုဒိုင်ခံ တင်ပေးတယ်ဆိုတော့ တခြားအဲလိုလုပ်ပေးမယ့်သူမရှိဘူးလား။ ဒါမှမဟုတ် ဘုန်းဘုန်းဆေကိန္ဒက ဦးဇင်းကို အားကိုးတယ်ထင်တယ်

2:14 PM အရှင်ဝိဇ္ဇောတ(25.9.85): အင်း ... ၂ ခုလုံး ဖြစ်မယ်ထင်တယ်....
ဒါပေမယ့် ဆရာတော်က ဘယ်သူမှ မရှိလည်း
ဘာမှ ဖြစ်မှာ မဟုတ်ဘူး

2:15 PM me: ဟုတ်လား ဒါပေမယ့် ဦးဇင်းကို ဖိုးသားအမြင်ပြောရရင် တော်တယ်။ မြှောက်ပြောတာမဟုတ်ဘူး။ ဖိုးသားစိတ်ထဲရှိသလိုပြောတာ

2:16 PM အရှင်ဝိဇ္ဇောတ(25.9.85): တော်သလင်းလမှာ မွေးတာလေ..

me: မဆိုင်ပါဘူးဦးဇင်းကလည်း ဘယ်လဖြစ်ဖြစ် သံပုရာသီးကတော့ ချဉ်တာပါပဲ

အရှင်ဝိဇ္ဇောတ(25.9.85): ဟား ဟား

2:17 PM me: အဲ ဦးဇင်းကရယ်တယ်
မဟုတ်လို့လား
2:18 PM ပန်းသီးက ဈေးကြီးလို့ သံပုရာသီးနဲ့ တင်စားလိုက်တာ
ဟဲ ဟဲ

အရှင်ဝိဇ္ဇောတ(25.9.85): အော်..
ကောင်းပ

2:19 PM me: သကြားနဲ့ဖျော်သောက်ရင်လားဦးဇင်း
ကောင်းပဆိုတာ
ဆားနည်းနည်းတော့လိုမယ်ထင်တယ်

2:21 PM အရှင်ဝိဇ္ဇောတ(25.9.85): အင်း..အဖျော်ဆရာလည်း လိုဦးမယ်

2:22 PM me: ဖိုးသားဖျော်ပေးမယ်လေ။ ရောင်းတန်းဝင်လောက်တော့ရပါတယ်။

2:23 PM စတာဦးဇင်း တွေးကြည့်ရင် တရားသဘော တော်တော်ပါတာပဲနော်
တစ်ခုပြည့်စုံဖို့ဆိုတာ အဘက်ဘက်ကဖြည့်ဆည်းပေးဖို့လိုတယ်လေ

2:24 PM အရှင်ဝိဇ္ဇောတ(25.9.85): ဟုတ်ပါတယ်

2:25 PM me: ပြည့်နေဖို့လည်းလိုသေးတယ် ကိုယ်တိုင်ကလည်း
ဖြည့်မှပြည့်မှာပေါ့နော်

2:26 PM အရှင်ဝိဇ္ဇောတ(25.9.85): ဟုတ်ပါတယ်ဗျာ

3:44 PM me: ဦးဇင်း လူဝတ်တုန်းက နာမည်လေး ဖိုးသားကိုပြောပြပါလား

အရှင်ဝိဇ္ဇောတ(25.9.85): ကိုရဲလင်းထွန်း

3:45 PM me: တင်ပါ့ စနေနဲ့ ဗုဒ္ဓဟူးကို စပ်ပြီး မှည့်ထားတာပဲနော်။ ဒါတွေက ဘာမှတော့ဟုတ်ပါဘူး။ ခုတော့လည်း...

အရှင်ဝိဇ္ဇောတ(25.9.85): ဘာဖြစ်သလဲ

3:46 PM me: ပြီးတော့လည်း ပြီးသွားတာပါပဲလို့။ ဘာမှမဟုတ်တော့သလိုပဲလို့

အရှင်ဝိဇ္ဇောတ(25.9.85): ကိုပြည့်စုံက ဗေဒင်တတ်လို့လား..
ဟဲ ဟဲ

me: မတတ်ပါဘူး ဦးဇင်းရ
3:47 PM ယုံလည်း မယုံတော့ဘူးလေ။

အရှင်ဝိဇ္ဇောတ(25.9.85): ဘုန်းကြီးကို ဗေဒင်ဟောမလို့လား....

3:49 PM me: ဗေဒင်က ဟိုးအရင်ခေတ်တွေ... ပြောရရင် ဘုရားလက်ထက်တော်ကတည်းက ရှိခဲ့တာပါပဲ။ ဒါပေမယ့် ဘုရားရှင်ကို ဒီပုဂ္ဂိုလ်ဟာတော့ဖြင့် ဘုရားစင်စစ်ဧကန်ဖြစ်မယ်လို့ ဟောပြနိုင်ရုံကလွဲလို့ အဲလိုဖြစ်မယ့်ဟာကို တားဆီးနိုင်စွမ်းမရှိပါဘူး တဲ့လေ
ဖိုးသားသိထားတာ
3:50 PM ဦးဇင်းကော ဘယ်လိုမြင်လဲမသိဘူး ဗေဒင်ကို

အရှင်ဝိဇ္ဇောတ(25.9.85): ဘယ်လိုမှ မမြင်ပါဘူး..`ဟဲ ဟဲ

3:51 PM me: မှန်ပါတယ် အဲဒါလည်း ဖိုးသားရဲ့**ကော်ဖီတစ်ခွက်** ကဗျာထဲကလိုပဲပေါ့။ နောက်ဆုံးတော့ ဗေဒင်ဟာ ဗေဒင်ပါပဲလေ။
3:52 PM ဦးဇင်းကလည်း ဦးဇင်းပါပဲ။ ဖိုးသားကလည်း ဖိုးသားပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်စိုက်တာပဲ ကိုယ်ပြန်ရိတ်ရမှာကိုး။

အရှင်ဝိဇ္ဇောတ(25.9.85): ဟား ဟား ကောင်းတာပေါ့... ဒါပေမယ့် မစိုက်ရင်ကော ...
3:53 PM ကဲ ဦးဇင်း..အောက်တော့မယ်..
အိပ်ချင်ပြီ
ဟဲ ဟဲ
3:54 PM ဒီနေ့ တစ်နေ့လုံး ညောင်းနေတာ အခန်းပြန်တော့မယ်...

me: မစိုက်ရင်တော့ ... မပေါက်ဘူးပေါ့ဦးဇင်းရာ ရှင်းနေတာပဲ။ ပုဂ္ဂိုလ်လေးမျိုးကို ကြာနဲ့နှိုင်းသလိုပေါ့။ နောက်ဆုံးကြာလို ရေပေါ်ကို ပေါ်မလာနိုင်တော့ဘူးလေ။
ဖားက စားလိုက်၊ ငါးက စားလိုက၊် လိပ်က စားလိုက်နဲ့၊ ခေါင်းကို မပြူနိုင်တော့တဲ့ ကြာဖူးလိုပေါ့။

အရှင်ဝိဇ္ဇောတ(25.9.85): တော်တော် ဟုတ်နေပြီ....

3:55 PM me: ဟဲ ဟဲ ဖြီးကြည့်တာ သိတာလေးနဲ့
အနားယူတော့ဦးဇင်း ပင်ပန်းနေပြီလေ။ လာနှိပ်ပေးရဦးမလား ဖိုးသား

အရှင်ဝိဇ္ဇောတ(25.9.85): အမယ် မင်းကများ...

3:56 PM me: တကယ်ပြောတာ ဘုန်းဘုန်းတွေကိုလည်း အွန်လိုင်းကနေနှိပ်ပေးနေကျ
နောက်ပြီး ရှိခိုးနေကျလေ
3:58 PM ၀ပ်တွားခယ ရှိခိုးလျက်ပါဦးဇင်း
ဦးဇင်း ကျန်းမာပါစေ။

အရှင်ဝိဇ္ဇောတ(25.9.85): ကိုပြည့်စုံလည်း စိတ်ချမ်းသာပါစေဗျာ။


လေးစားစွာဖြင့်
ဖိုးသား

02.01.2009, FRI:, 04:12:32 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply