Latest News

"ငါ..." ထို့ကြောင့် "ငါ..."

ငါ မွေးဖွားလာသည်။
ထို့ကြောင့်..
ငါ ရှိသည်။
ငါ ဖြစ်သည်။

ငါ ကလေးငယ်ဖြစ်သည်။
ထို့ကြောင့်..
ငါ ဆော့ကစားသည်။
ငါ ပူပင်မဲ့သည်။

ငါ ကျောင်းသားဖြစ်သည်။
ထို့ကြောင့်..
ငါ သင်ယူသည်။
ငါ ပညာရှာသည်။

ငါ လူငယ်ဖြစ်သည်။
ထို့ကြောင့်..
ငါ အသစ်အဆန်းကိုခုံမင်သည်။
ငါ စွန့်စားသည်။

ငါ လူသားတစ်ယောက်ဖြစ်သည်။
ထို့ကြောင့်..
ငါ လောကဓံနှင့်ကြုံတွေ့သည်။
ငါ ရင်ဆိုင်ဖြေရှင်းသည်။

ငါ့မှာ အစာအိမ်ရှိသည်။
ထို့ကြောင့်..
ငါ ဆာသည်။
ငါ စားသည်။

ငါ့မှာ မျက်စိရှိသည်။
ထို့ကြောင့်..
ငါ ကြည့်သည်။
ငါ မြင်သည်။

ငါ့မှာ နားရှိသည်။
ထို့ကြောင့်..
ငါ နားဆင်သည်။
ငါ ကြားသည်။

ငါ့မှာ လက်ရှိသည်။
ထို့ကြောင့်..
ငါ ဖမ်းဆုပ်သည်။
ငါ မိသည်။

ငါ့မှာ ခြေထောက်ရှိသည်။
ထို့ကြောင့်..
ငါ လျှောက်လှမ်းသည်။
ငါ ခရီးရောက်သည်။

ငါ့မှာ နှလုံးသားရှိသည်။
ထို့ကြောင့်..
ငါ ချစ်သည်။
ငါ ခံစားသည်။

ငါ့မှာ ဦးနှောက်ရှိသည်။
ထို့ကြောင့်..
ငါ တွေးသည်။
ငါ သိသည်။

ငါ့မှာ စိတ်ဝိညာဉ်ရှိသည်။
ထို့ကြောင့်..
ငါ ပျံ့လွင့်သည်။
ငါ အဝေးရောက်သည်။

ငါသည် သင်္ခါရဖြစ်သည်။
ထို့ကြောင့်..
ငါ ပြောင်းလဲသည်။
ငါ ပျက်စီးသည်။

ငါသည် အနိစ္စဖြစ်သည်။
ထို့ကြောင့်..
ငါ အမြဲမရှိသည်။
ငါ ခဏတာသာရှိသည်။

ငါသည် ဒုက္ခဖြစ်သည်။
ထို့ကြောင့်..
ငါ ဆင်းရဲကြုံသည်။
ငါ ဆင်းရဲသည်။

ငါသည် အနတ္တဖြစ်သည်။
ထို့ကြောင့်..
ငါ အစိုးမရသည်။
ငါ အနှစ်မဲ့သည်။

ဒါပေမယ့် ငါသည် လူသားဖြစ်သည်။
ထို့ကြောင့်..
ငါ လူသားတာဝန်ထမ်းသည်။
ငါ မှားတဲ့အခါမှားသည်။

ငါ အေးငြိမ်းမှုကိုတွေ့လိုသည်။
ထို့ကြောင့်..
ငါ တရားသဘောကိုနှလုံးသွင်းသည်။
ငါ လွတ်မြောက်မှု ရှာဖွေသည်။

ငါသည် ငါဖြစ်သည်။
ထို့ကြောင့်..
ငါ ဆန္ဒရှိတာလုပ်သည်။
ငါ လုပ်သမျှ ငါပြန်ရသည်။

ကျွန်တော့်သူငယ်ချင်း မောင်သစ်ဆင်း ဘလော့ကနေ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ.. ဖတ်ရင်းနဲ့ တအား သဘောကျသွားလို့ပါ။ မိတ်ဆွေတို့ရဲ့ ဘဘော အမြင်လေးကော ဘယ်နှယ့်ရှိစ…

လေးစားစွာဖြင့်
ဖိုးသား

30.01.2009, FRI:, 04:29:10 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply