Latest News

*စိတ်အားဖြည့် ဓမ္မသံစဉ်*

pyaesoneaung2007: ဦးဇင်း တရားလည်းမဟောသေးဘူး

အရှင်ဝိဇ္ဇောတ: ဟား ဟား
ဦးဇင်းက ငယ်ငယ် တရားက
တယ်မဟောချင်တယ်

pyaesoneaung2007: နောက်လည်းဟောရမှာပဲလေ
ဦးဇင်းဟောချင်တာလေးဟောပေါ့

အရှင်ဝိဇ္ဇောတ: ဒါဆို ဘာပြောရမှာလဲ

pyaesoneaung2007: ဦးဇင်းကြိုက်တာဟောလေ..
ခပ်များများလေး
ဖိုးသား တစ်ခါတစ်လေ ဘယ်လိုပြောရမလဲမသိဘူး.. လိုနေတာတွေ အများကြီးရှိနေလို့

အရှင်ဝိဇ္ဇောတ: အင်း ခက်ပြီ

pyaesoneaung2007: ဘာလို့လဲ ဦးဇင်းရလည်း
ပရိသတ်နည်းလို့လား

အရှင်ဝိဇ္ဇောတ: သိချင်တာလေး မေးကြည့်ဗျာ

pyaesoneaung2007: ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ စိတ်မ၀င်စားတော့ရင် ဘာလုပ်ရမလဲ ဦးဇင်း.. သိသိကြီးနဲ့ ဖြစ်နေလို့

အရှင်ဝိဇ္ဇောတ: အင်း ဒါလည်း ခက်ပြန်ပြီ
ပြောဖူးတယ် မဟုတ်လား.
ဖြစ်ချင်လွန်းလို့ ဖြစ်အောင်လုပ်ခဲ့ပြီးပြီလေ..
အခု ဘာတွေ လုပ်နေလို့လဲ

pyaesoneaung2007: စာတွေသင်ရတာ အရင်ကလောက် စိတ်မပါတော့ဘူး.. တစ်ခါတစ်လေ အဓိပ္ပါယ်မဲ့တာတွေကို လိုက်လုပ်၊ လိုက်ကျက်နေရတယ်..

အရှင်ဝိဇ္ဇောတ: ဟုတ်တယ်

pyaesoneaung2007: ဥပမာ သူတို့ နိုင်ငံရဲ့ သမိုင်းကြောင်းလိုဟာမျိုးတွေ
ဖိုးသားတို့ အလုပ်နဲ့ မဆိုင်တာတွေပေါ့ ဦးဇင်းရာ
အဲလိုကျက်ရတိုင်း တရားတော်တွေကို အစားထိုးကျက်ချင်
လေ့လာချင်နေမိတယ်

အရှင်ဝိဇ္ဇောတ: အင်း.. ဒီလိုလုပ်

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: သူတို့စာကို မကျက်ချင်ပေမယ့် ကျက်နေရတယ်.

pyaesoneaung2007: တင်ပါ့ဦးဇင်း

အရှင်ဝိဇ္ဇောတ: စာကို မကျက်နဲ့တော့
စာကို ဖတ်ပဲ ဖတ်လိုက်.
တရားကိုလည်း နားလည်နေတာပဲ

pyaesoneaung2007: အလွတ်ဆိုခိုင်းတာခက်တယ်

အရှင်ဝိဇ္ဇောတ: စိတ်အေးအေးလေးနဲ့ ဖတ်သွားလေ
အလွတ်ရလောက်အောင် အေးအေးဆေးဆေးဖတ်
စာကို ဘယ်လိုကျက်တာလဲ

pyaesoneaung2007: ဟုတ်တယ်ဦးဇင်း ဖိုးသားက ငယ်ငယ်တည်းက စိတ်လောတတ်တယ်
အနီးကပ်မှ ကျက်တာမျိုးဆို မရတော့ဘူး
စိတ်ကိုထိန်းလို့ မရဘူး
ဦးဇင်း အားပေးစကားလေး တစ်ခွန်းလောက်ဖြစ်ဖြစ်ပြောပေးပါလား

အရှင်ဝိဇ္ဇောတ: ပြောမယ်လေ.

pyaesoneaung2007: စာမရတဲ့ အခါမျိုးမှာ အားငယ်စိတ်ဝင်ဝင်လာလို့ပါ

Sent at 5:52 PM on Tuesday
အရှင်ဝိဇ္ဇောတ: ကိုယ်က စာတွေကို ရချင်တာကိုး..

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: ဦးဇင်းဆို စာကို မရချင်တော့
အေးဆေးပဲ
ဟဲ ဟဲ

pyaesoneaung2007: အဲလိုသဘောထားဖို့ကြိုးစားတယ်

အရှင်ဝိဇ္ဇောတ: စိတ်ကို ရှင်းအောင် ထားလိုက်

pyaesoneaung2007: တစ်ခါတစ်ခါ မအောင်မြင်ဘူး

အရှင်ဝိဇ္ဇောတ: စိတ်ထဲမှာ ဘာကိုမှ မတွေးဘဲ နေကြည့်လိုက်

pyaesoneaung2007: တင်ပါ့
ဟုတ်တယ်
ဖိုးသားက အတွေးများတယ်
ဖျောက်နေပါတယ်
လိုနေသေးတယ် ဦးဇင်း

အရှင်ဝိဇ္ဇောတ: ဦးဇင်းက ခေါင်းထဲမှာ ဘာမှ မေတွေးဘဲ နေကြည့်တယ်.
ဒါပေမယ့် သိနေတာတော့ ရှိတယ်လေ
စိတ်က အသိနဲ့ အမြဲတမ်း တွဲနေတာကိုး
အော် .သိပြီ
ဖိုးသားကို အဘိဓမ္မာ နည်းနည်း သင်ပေးမယ်.
ဟုတ်ပြီ

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: ခဏလေး

pyaesoneaung2007: ရတယ်ဦးဇင်း

Sent at 5:57 PM on Tuesday
အရှင်ဝိဇ္ဇောတ: ပရိတ်ကြီး ၁၁ သုတ် လင့်လေးရှိရင် ပေးပါဦး
အခု လိုနေလို့

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: စိတ်နဲ့ အာရုံနဲ့ ဘယ်ဟာက အရင်ဖြစ်လဲ

pyaesoneaung2007: အာရုံ အရင်ဖြစ်တယ်ထင်တယ်

အရှင်ဝိဇ္ဇောတ: စိတ်က ဘယ်နေရာမှာ ရှိတာလဲ

pyaesoneaung2007: နှလုံးရဲ့ ညာဘက်အခြမ်းမှာလား
ဟဒယ၀တ္ထုပေါ် မှီပြီးဖြစ်တာ

အရှင်ဝိဇ္ဇောတ: အာရုံမရှိဘဲ စိတ်ရှိနိုင်မလား
ခုနက ဘယ်ရောက်သွားတာလဲ
ပရိတ်ကြီးးက
အသံဖိုင် လိုချင်တာ

pyaesoneaung2007: မရှိဘူးဦးဇင်း အဲဒါတော့

အရှင်ဝိဇ္ဇောတ: ခဏလေး
ရပြီ
ခုနက ပြောတာ အာရုံမရှိဘဲ စိတ်ဖြစ်နိုင်မလားလို့

pyaesoneaung2007: ဖိုးသားတော့ ဖြစ်မယ်ထင်တာပဲ..
မသိစိတ်တော့ရှိနေမယ်လေ
ဟုတ်လားမသိဘူး
ဒါပေမယ့် အာရုံမလာရင်တော့ စိတ်က မဖြစ်နိုင်ဘူး

အရှင်ဝိဇ္ဇောတ: မဟုတ်ဘူး..
အာရုံမရှိဘဲ စိတ်မဖြစ်ဘူး.
စိတ်က နဂိုက ရှိတာ မဟုတ်ဘူး.
အာရုံကြောင့် စိတ်က ပေါ်လာတာ

pyaesoneaung2007: တင်ပါ့
အော် သိပြီ
မြင်တဲ့ အာရုံကြောင့် မြင်စိတ်ပေါ်တယ်

အရှင်ဝိဇ္ဇောတ: မြင်တဲ့ အာရုံမဟုတ်ဘူး
ထားပါတော့
ရူပါရုံကြောင့်
မြင်သိစိတ်ပေါ်လာတာ
ဒီတစ်ခုထဲတော့ မဟုတ်ဘူးပေါ့

pyaesoneaung2007: အဆင်းကြောင့်
အသံကြောင့်

အရှင်ဝိဇ္ဇောတ: အဆင်း ရယ် .. ပသာဒရယ် ဖဿ ရယ်
သုံးခုပေါင်းကြောင့်
စက္ခုဝိညာဏ် ပေါ်လာတာ

pyaesoneaung2007: ပသာဒကို မြန်မာလို သိပ်မရှင်းဘူး ဦးဇင်း

အရှင်ဝိဇ္ဇောတ: အကြည်ဓာတ်ကို ပြောတာ

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: အပြင်ပန်းကြည့်ရင်တော့ မျက်စိပေါ့
မျက်ကြည်လွှာပေါ့
စက္ခုပသာဒ ဆိုရင်

pyaesoneaung2007: နားလည်ပြီဦးဇင်း
အဆင်းရယ် မျက်စိအကြည်ဓါတ်ရယ် တွေ့ထိမှုရယ် ၃-ခုပေါင်း..
နားလည်လာပြီ

အရှင်ဝိဇ္ဇောတ: အင်း
အဲဒီမှာ အဆင်းက မျက်စိအကြည်ကို ထိခိုက်တယ်

pyaesoneaung2007: တအားမြန်တော့တစ်မျိုးပဲ

အရှင်ဝိဇ္ဇောတ: အဲဒီတော့မှ စိတ်က ပေါ်လာတာ
ဘယ်သူမှ မသိဘူး
မသိနိုင်ဘူး

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: တကယ်ကြည့်တော့ ပိုင်တာ တစ်ခုမှ မရှိတော့ဘူး
ငါ့်စိတ်လို့ ထင်ထားတာ ငါ့စိတ်မဟုတ်တော့ဘူး

pyaesoneaung2007: နည်းနည်း သဘောပေါက်လာပြီ

အရှင်ဝိဇ္ဇောတ: အမှန်တကယ်က စိတ်က အာရုံကို မှီနေရတယ်

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: အမှန်တော့လေ.. ဦးဇင်း အခုပြောနေတာ စာသင်ဖူးထားတဲ့သူတောင် သိပ်နားမလည်ဘူး
စာမှာ ဒီလို မပြောဘူးလေ..
ပြောထားတဲ့ဟာတွေကို ပြန်တွေးယူရတယ်
ဆက်စပ်ကြည့်ရတယ်


pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: အဲဒါကြောင့် ပြောတာပေါ့.. စာအုပ်ကြည့်ဖြေတောင် မအောင်ဘူးဆိုတာလေ

pyaesoneaung2007: ဖိုးသားသဘောပေါက်ပါတယ် ဦးဇင်း
ဖိုးသားလောဘ များနေတာ
ရချင်စိတ်များနေတာ
ကိုယ့်ကိုယ်ကို မယှဉ်ဘဲ သူများနဲ့ ယှဉ်ချင်နေတာ

အရှင်ဝိဇ္ဇောတ: စိတ်ကို အေးအေးလေးပဲ ထားကြည့်လိုက်.. ဦးဇင်းဆို ဘယ်လို လုပ်ကြည့်သလဲဆို စိတ်ထဲမှာ ဘာရှိသလဲ ကြည့်တယ်.. ဘာကို တွေးနေသလဲလို့ ကြည့်တယ်
ဘာမှ မရှိအောင် နေကြည့်တယ်
ရှင်းနေအောင် နေကြည့်တယ်

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: စိတ်ရှင်းလေ ဉာဏ်ကောင်းလာလေပဲ..

pyaesoneaung2007: ဟုတ်တယ် ဖိုးသား အာရုံတွေများနေတာ..
တင်ပါ့

အရှင်ဝိဇ္ဇောတ: ဒါပေမယ့် ဦးဇင်းရှင်းတာက နည်းနည်းတော့ နည်းမမှန်ဘူး

pyaesoneaung2007: ပြောပြပါဦး ဦးဇင်း
လိုနေတာလေး

အရှင်ဝိဇ္ဇောတ: အမှန်က စိတ္တာနုပဿနာ ကို ပွားများအားထုတ်ရမှာလေ..
ဦးဇင်း က တရားဘောင်နဲ့ အတိအကျတော့ မ၀င်ဘူးပေါ့

pyaesoneaung2007: ဖိုးသားကိုလည်း အစ်ကိုဝင်းမြင့်က ဆုံးမပါတယ်
စောင့်ကြည့်တဲ့
ဖိုးသားက လောနေတာ
မစောင့်ဘဲ
လိုက်ကြည့်နေမိတယ်

အရှင်ဝိဇ္ဇောတ: မကျက်ချင်တဲ့စာကိုလည်း ရအောင်ကျက်လို့ရတယ်လေ

pyaesoneaung2007: ဟုတ်တယ်
ဖိုးသားက ကျက်မယ်လို့စိတ်ကူးရင် မကျက်ချင်တဲ့ စိတ်က လာနှောင့်ယှက်နေတာ
စိတ်မရှင်းတာပေါ့

အရှင်ဝိဇ္ဇောတ: ဖြစ်နေတဲ့ စိတ်ကို သိရင် စိတ်ကို ဖြစ်အောင် လုပ်လို့ ရတယ်
ဦးဇင်းလဲ ဖြစ်ဖူးတယ်

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: တက္ကသိုလ်တက်တုန်းက ပေါ့
ဘုန်းကြီးစာလည်း သင်နေတယ်

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: တက္ကသိုလ်မှာလည်း တခြားစာတွေ သင်နေရတယ်လေ
တစ်ခုတော့ ပြောလိုက်မယ်..

pyaesoneaung2007: တင်ပါ့ ဦးဇင်း
ပြောပါ

အရှင်ဝိဇ္ဇောတ: ဒီနေရာမှာ အသုံးမကျတဲ့ သူဟာ
ဟိုနေရာမှာလည်း အသုံးမကျနိုင်ဘူးတဲ့
သိတယ်မဟုတ်လား… ဒီစကားကို

pyaesoneaung2007: တင်ပါ့ ကောင်းကောင်းသိပါပြီ
နားလည်ပါပြီဦးဇင်း

အရှင်ဝိဇ္ဇောတ: နောက်တစ်ခု ရှိသေးတယ် ခပ်ဆင်ဆင်ပဲလေ

pyaesoneaung2007: လက်ရှိအလုပ်ကိုပဲ အကောင်းဆုံးလုပ်ပါ့မယ်
ပြောပါဦး ဦးဇင်း

အရှင်ဝိဇ္ဇောတ: သိရင် တော်ပြီလေ
အဲဒါ အကောင်းဆုံးပဲ

pyaesoneaung2007: ဟုတ်တယ် ဒါလည်း

အရှင်ဝိဇ္ဇောတ: လက်ရှိအလုပ်ကို ကျေပွန်မှ နောင်ရေးအေးမှာ

pyaesoneaung2007: သိချင်တာများနေတာ
ဒါကိုလည်း ပြင်ရမယ်
ကျေးဇူးတင်ပါတယ် ဦးဇင်း တကယ်ပါ
စိတ်အားတွေပြည့်လာပြီလေ

အရှင်ဝိဇ္ဇောတ: အင်း တရားတောင် မဟောရသေးဘူး
ဟဲ ဟဲ

pyaesoneaung2007: အဲ
ဒါဟောတာမဟုတ်ဘူးလား

အရှင်ဝိဇ္ဇောတ: တရားကို ဘယ်လို ထင်သလဲ

pyaesoneaung2007: ဒါဆိုလည်း ဟောလေ

အရှင်ဝိဇ္ဇောတ: ပြီးပြီလေ

pyaesoneaung2007: တရားဆိုတာ မတရားတာမဟုတ်တာတဲ့လေ
ဘုန်းဘုန်းတစ်ပါး ဟောတာပဲ

အရှင်ဝိဇ္ဇောတ: နောက်မှ ကြုံရင် အဘိဓမ္မာအကြောင်း ပြောမယ်

pyaesoneaung2007: တင်ပါ့ဦးဇင်း

အရှင်ဝိဇ္ဇောတ: ကြုံမှနော်
မကြုံတာက များတယ်
ဒါမှ ကြုံလည်း မကြုံသေးဘူး ပြောလို့ ရအောင်လို့

pyaesoneaung2007: ဟား ဟား
ဦးဇင်းရဲ့ စကားပလ္လင်က ကောင်းပ
ဖိုးသားကပဲ ကြုံအောင်ဖန်တီးရမှာပေါ့

အရှင်ဝိဇ္ဇောတ: မဟုတ်ပါဘူး..
စိတ်ပါဝင်စားတဲ့အချိန်မှ ပြောလို့ကောင်းတာ

pyaesoneaung2007: တင်ပါ့
ဦးဇင်းစာကြည့်ချိန်ထဲက ပါသွားပြီထင်တယ်

အရှင်ဝိဇ္ဇောတ: ကြည့်မှ မကြည့်တာ
ဘာလို့ ပါရမှာလဲ

pyaesoneaung2007: အဲဒါကြောင့် တော်နေတာ
မကြည့်လို့လေ

အရှင်ဝိဇ္ဇောတ: ဟား ဟား
ကောင်းတယ်
ထပ်မြှောက်ဦး
အကျနာအောင်လို့

pyaesoneaung2007: မြှောက်တာမဟုတ်ပါဘူး
အရှိကိုအရှိအတိုင်းပြောတာပါ ဦးဇင်းရ
နောက်ဆို
ဖိုးသားထင်ပါတယ်
နာမည်ကြီး ဓမ္မ ကထိက ဖြစ်ဦးမှာ
တော်လည်းတော်
ကျော်လည်းကျော်

အရှင်ဝိဇ္ဇောတ: အင်း လုံးဝ စိတ်မပါဘူး
စာပဲ သင်မယ်လို့ စိတ်ကူးထားတယ်.
စာပြန်သင်ပေးဖို့ပဲ စိတ်ကူးထားတာ

pyaesoneaung2007: ဖိုးသားလည်း စာသင်တာပဲ စိတ်ဝင်စားတယ်
နာမည်မကြီးချင်ဘူး
ကြောက်လို့
ကိုယ့်အချိန်တွေ ပေးရမှာလေ
နာမည်ကြီးရင်
ကိုယ့်ဖို့ မလုပ်နိုင်တော့ဘူး
ဘုန်းဘုန်းနာယကလည်း ဦးဇင်းလိုပဲ
ရွက်ပုန်းသီးပဲ လုပ်မယ်တဲ့

အရှင်ဝိဇ္ဇောတ: ကောင်းပါပြီ..
ဦးဇင်းက အမြဲတမ်းတော့ ပုန်းနေမှာ မဟုတ်ဘူးနော်.

pyaesoneaung2007: အနံ့မွှေးလာရင်တော့
ပုန်းလို့မရတော့ဘူးလေ

အရှင်ဝိဇ္ဇောတ: လိုအပ်တဲ့အချိန်မှာတော့ အသုံးချရမှာပေါ့

pyaesoneaung2007: တင်ပါ့

အရှင်ဝိဇ္ဇောတ: ကဲ ..ဦးဇင်း .. အောက်တော့မယ်..
ကိုပြည့်စုံ စိတ်ချမ်းသာပါစေဗျာ

pyaesoneaung2007: တင်ပါ့ ဦးဇင်း
ဦးဇင်းပေးတဲ့ ဆုနဲ့ ပြည့်စုံအောင် ဖိုးသားကြိုးစားပါ့မယ်
ဦးဇင်းလည်း ကျန်းမာပါစေ

အရှင်ဝိဇ္ဇောတ: ကောင်းပါပြီ

pyaesoneaung2007: ရှိခိုးကန်တော့လျက်ပါ

>>> အားလုံးပဲ လိုအပ်နေတဲ့ စိတ်အားတွေ ပြည့်ဝနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

27.01.2009, TUE:, 08:12:55 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply