Latest News

*ကိုဝင်းမြင့်၏ သွန်သင်မှုများ(၂)*

me: မင်္ဂလာပါ အစ်ကို..

________________________________________ 9 minutes
10:15 PM me: ဝေဘူဆရာတော်ဘုရားရဲ့ pdf မှာ သိက္ခါသုံးပါးကို အဆီထုတ်လျင် ဧကောဓမ္မော ရတယ်လို့ ဆိုထားတယ် အစ်ကို။ ဧကောဓမ္မော ကို ဘယ်လိုနားလည်ရ မလဲအစ်ကို။ တရားတစ်ပါး..လို့ အဓိပ္ပါယ်ယူရင် ရနိုင် မလား။ နည်းနည်းလောက်ရှင်းပြပေးပါဦး အစ်ကို...
လေးစားစွာဖြင့်
ညီ

________________________________________ 32 minutes
10:48 PM ၄၄: အကိုလည်း အဲဒီပါဠိရဲ့ အဓိပ္ပာယ်ကို မသိဘူး ညီလေး
အကိုကြည့်ပေးပါ့မယ်

10:49 PM me: ဟုတ်ကဲ့အစ်ကို

၄၄: တစ်ခုတည်းသော တရားပေါ်မှာ သိနေမှု လို့တော့ အကိုထင်တယ်
ဒါက အထင်
10:50 PM ပါဠိအမှန်ကို သိရင် အကို ပြောပြပါ့မယ်
ညီလေး တရားပွားများဖြစ်လား?

me: ဟုတ်

၄၄: တရားနှလုံးသွင်းဖြစ်လား?

10:52 PM တရားနှလုံးသွင်းတော့ ဘာတွေ့တုန်း ညီလေး?

10:54 PM me: အချိန်တိုင်းတော့မရဘူးအစ်ကို သတိလွတ်လွတ်သွားတယ်။ မမြဲတဲ့သဘော တော့နည်းနည်းသဘောပေါက်လာတယ်

10:55 PM ၄၄: ဖြစ်တဲ့တရားတွေ ပျက်သွားတာ ဉာဏ်ကတွေ့လား?
10:56 PM မင်းကလဲကွာ
တွေ့ရင်တွေ့တယ်
မတွေ့ရင်မတွေ့ဘူး

me: ဟုတ်

၄၄: တအားမစဉ်းစားဘဲ ပြော

10:57 PM me: သူငယ်ချင်းအက စာမေးနေလို့

၄၄: အေး အေး
အကိုက အလုပ်စစ်နေတာ

me: sorry ပါအစ်ကို

10:58 PM ၄၄: ဖြစ်ပျက်မြင်- ဖြစ်ပျက်မုန်း-ဖြစ်ပျက်ဆုံး
အဆင့်သုံးဆင့်နဲ့ သွားရမှာ ညီလေး

me: ဟုတ်ကဲ့

၄၄: အကို မေးတာက ဖြစ်ပျက်မြင်ပြီလား လို့ မေးတာ

10:59 PM me: ဟုတ်..သတိတော့ထားနေရတယ်အကို

၄၄: သတိထားတာကို ပြောတာမဟုတ်ဘူး
အကို ပြောမယ်

11:00 PM တရားနှစ်လုံးသွင်းတယ် ဆိုတာ သည် = ဖြစ်ပျက်ဓမ္မအာရုံကို နှလုံးသွင်းဆင်ခြင်တာပဲ
ဖြစ်ပျက်ဓမ္မအာရုံကို နှလုံးသွင်းဆင်ခြင်တာကို ဖြစ်ပျက်မြင်တယ်လို့ ခေါ်တယ်

အကိုက ညီ့ကို အစ အနေနဲ့ ဖြစ်ပျက် မြင်ပြီလားလို့ မေးတာသည် နှလုံးသွင်းဖို့ တရားတွေ့ပြီလားလို့ မေးတာ ရှည်ရှည်ဝေးဝေး မဟုတ်ဘူး.. ရှင်းရှင်းလေးရေ တရားတွေ့ပြီလား ဆိုတာသည် ဖြစ်ပျက် မြင်ပြီလား ဖြစ်ပျက်မြင်ပြီလား ဆိုတာသည် တရားမြင်ပြီလား.. အတူတူပဲ

11:02 PM me: သြော်...ခုမှညီနားလည်တယ် အကိုမေးတာကို

၄၄: ဖြစ်ပျက်ကို မြင်ပြီဆိုမှ - အကိုက ဆက်ပြီး မြင်တဲ့အတိုင်းပွား လို့ ပြောရမှာ
များများပွားပေးလို့ အကိုက ပြောရမှာ

me: ဒါဆို မြင်ပြီအကို

၄၄: အကိုက ဒီအတိုင်းညီ့မှာဘာဖြစ်တယ်ဆိုတာကို မသိနိုင်ဘူး
စစ်ဆေးမေးမြန်းပြီးမှ ညီ့ကို အကဲခတ်သိနိုင်တာ
ဘာနဲ့ တူလဲဆိုတော့

11:03 PM me: ဟုတ်ကဲ့

၄၄: အချစ်ကို ခံစားတတ်တဲ့ လူတစ်ယောက်က
ကောင်းမလေးက ကိုယ့်အပေါ်မှာ ချစ်နေပြီလားဆိုတာကို အဖြေတောင်းစရာမလိုဘဲ မေးခွန်းတွေ မေးပြီး စစ်ဆေးလို့ရတယ်

ချစ်လားလို့ မေးတာက ကလေးဆန်တဲ့ အလုပ်
11:04 PM သတ်မှတ်ချက်ကလေး ယူလိုက်တဲ့ စကားပါ
ဒီလိုပဲ

အကိုကလည်း ညီ့ကို မေးနေတာက စစ်ဆေးနေတာ
အလုပ်လုပ်လား.. ဘယ်အနေအထားကို ရောက်နေပြီလဲ
စသည်ဖြင့်
သဘောပါ လား
အကိုကပြောပြီး ဒီအတိုင်းလွှတ်ထားလို့ မရဘူး..

11:05 PM me: စာသင်နေတုန်းဆို ဘေးကသူငယ်ချင်းက တအားစတာအကို.. အာရုံ ပျက်ပျက် သွားတယ်

၄၄: အာရုံပျက်ပျက်သွားတာကို သိတဲ့စိတ်က ဖြစ်ပြီး ပျက်ရတာပဲ အဲဒီစိတ်ကို ရှု
11:06 PM အာရုံပျက်ပျက်သွားတာပဲ လို့ သိလိုက်တဲ့ စိတ်
ဒီကောင် နောက်လိုက်တာကွာလို့ သိလိုက်တဲ့ စိတ် က လည်း ဖြစ်ပျက်ပဲ
အဲဒါကို ရှု
စတာကို သတိထားမိတဲ့စိတ်ကလည်း ဖြစ်ပျက်ပဲ
အဲဒါကို ရှု

me: ဟုတ် ရှုတယ်အကို ..အမြဲတော့မရသေးဘူး

၄၄: အမြဲရရင် မင်းရဟန္တာဖြစ်နေတာ ကြာရောပေါ့
11:07 PM အမြဲမရသေးလို့ ရအောင် ပွားနေတာကိုး
သေက္ခပုဂ္ဂိုလ်လေကွာ.. ကျင့်ဆဲ.. ပွားများဆဲပုဂ္ဂိုလ်

me: အကိုကနောက်နေပြန်ပြီ

၄၄: ရဟန္တာက အသေက္ခပုဂ္ဂိုလ်.. ကျင့်ပြီး.. ပွားများစရာ မလိုတော့တဲ့ ပုဂ္ဂိုလ် မနောက်ဘူး တကယ်ပြောတာ

me: ဟုတ်

၄၄: သတိမမြဲသေးဘူး..
အဲဒီမမြဲတာကို မြဲအောင် ပွားမှုနဲ့ တည်ဆောက်ရတာ
ညီမ သတိမမြဲဘူးလို့ ပြောတော့ အကိုက မြဲပြီလားလို့ မေးတာမှ မဟုတ်တာ
11:09 PM ညီက သတိမြဲသွားရင် ကျင့်စရာမလိုတော့ဘူး
စာမေးပွဲ ဖြေဖို့ စာရပြီး စောင့်နေတဲ့ ကျောင်းသားသည် ရဟန္တာနဲ့တူတယ်

me: နားလည်ပါတယ်အကို

၄၄: စာမရသေးလို့ စာကျက်ဖို့ အာရုံပေါ်ရင် ပေါ်သလို ကျက်နေတာက သေက္ခပုဂ္ဂိုလ်.. ကျင့်ဆဲပုဂ္ဂိုလ်

ဒီအချိန်မှာ ညီက ဘယ်ပါဠိ..ဘယ်တရားစာမှ စဉ်းစားမနေနဲ့
ဖြစ်ပျက်တစ်လုံးကို သာ စောင့်ကြည့် အကဲခတ်ပြီး ပွားများပေး ဖြစ်ပျက်ပဲ ပြမယ် ကျန်တာ မပြဘူး
အဲလိုပွားနေတာက သတိကိုမြဲအောင် ဆောက်တည်တာပဲ အကိုပြောတာ သဘောပေါက်လား

11:12 PM me: သဘောပေါက်ပါတယ်အကို

၄၄: အကိုပြောတာ ရည်ရွယ်ချက်တွေ ရှိတယ်.. ပုထုဇဉ်က ဟိုဟာစူးစမ်းချင်တယ်၊ ဒီတရားကို စူးစမ်းချင်တယ်။ ဒါနဲ့ပဲ အချိန်ကုန်တယ်
ဖြစ်ပျက်တစ်လုံးကိုပဲ စူးစမ်းရမှာ

me: ညီအဲဒီလိုဖြစ်နေတယ်အကို

11:13 PM ၄၄: စူးစမ်းတာ အရေအတွက်များနေရင် များသလောက်ကြာမယ်

me: ဟိုဟာသိချင်ဒီဟာသိချင်နဲ့

၄၄: အဲလေ ဒါကြောင့် ပုထုဇဉ်က ဟိုသစ်ကိုင်းကို ကူးလိုက်၊ ဒီသစ်ကိုင်းကိုကူးလိုက်နဲ့ မျောက်လိုပဲတဲ့ မငြိမ်သေးဘူး
ဆိုရာကမ္မဋ္ဌာန်းတစ်ခုတည်းသော အာရုံအပေါ်မှာ မငြိမ်သေးဘူး

11:14 PM me: ဟုတ်

၄၄: ဟိုဟာသိချင် ဒီဟာသိချင် လုပ်မနေနဲ့
ကြံ့ကြာနေလိမ့်မယ်
ဒီနေ့ မိုးကုတ်ဆရာတော်ဘုရားကြီးဟောတဲ့ တရားမှာပါတယ်

11:15 PM me: အကိုစကားညီနားထောင်ပါ့မယ်

၄၄: ရဟန္တာလေးပါးကို မေးပြီး ဗျာများနေတယ်..
သဘောက ဖြစ်ပျက်တစ်လုံးတည်းကို ရှုရမှာကို

me: ပြောပါဦးအကို

၄၄: အဲဒါကို တစ်ပါးက ဖဿ(၆)ခုအတွေ့ကို ဖြစ်ပျက်မြင်ပြီး တရားရသွားယတ်
11:16 PM ဒုတိယ ရဟန်းက ခန္ဓာငါးပါးကိုဖြစ်ပျက်မြင်ပြီး တရားရသွားယတ်
(၃) က ပထဝီ---ဓာတ်(၄)ပါးကို ဖြစ်ပျက်မြင်ပြီး တရားရသွားယတ်
11:17 PM (၄)က ပေါ်ရာကို ဖြစ်ပြီးပျက်တဲ့ တရားပဲလို့ နှလုံးသွင်းဆင်ခြင်ပြီး တရားရသွားတယ်
အဲဒါကို ပုထုဇဉ်ရဟန်းက သူတို့က မတူပါလားပေါ့
၁)က ၆ ခုကိုရှုတယ်
၂)က ၅ ခုကိုရှုတယ်
11:18 PM ၃)က ၄ ခုကိုရှုတယ်
၎)က ၂ ခုဖြစ်ပျက်ပဲရှုတယ်ပေါ့
အမှန်က သူကနားမလည်တာ

me: ဟုတ်

၄၄: ၄ပါးလုံးက ဖြစ်ပျက်မြင်- ဖြစ်ပျက်မုန်း-ဖြစ်ပျက်ဆုံးနဲ့
ခရီးပေါက်သွားတာ
11:19 PM အဲဒါကို သူက စူးစမ်းတာများပြီး သင်္ချာသမားဖြစ်သွားတယ်
နောက်ဆုံး မြတ်စွာဘုရားရှင်ရောက်ပြီး မှ
11:20 PM ဘုရားရှင်က ကိလေသာရောဂါကို ပျောက်ဖို့ ဆေးသုံးခွက်ထားတယ်ကွတဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဆေးသုံးခွက်
ဖြစ်ပျက် ဆိုတာသည် အနိစ္စပဲ
ဖြစ်ပျက် ဆိုတာသည် ဒုက္ခပဲ
ဖြစ်ပျက် ဆိုတာသည် အနတ္တပဲ
11:21 PM ဆေးသုံးခွက်လုံးကို သောက်ရမှာမဟုတ်
တစ်ခွက်ကို သောက်ပြီး ကိလေသာရောဂါကို ပျောက်တာ
၎ယောက်မြောက်ရဟန်းကိုကြည့်ပါလား

me: ကောင်းလိုက်တဲ့ အဓိပ္ပါယ်အကို

11:22 PM ၄၄: ဘာပေါ်ပေါ် ဖြစ်ပြီးပျက်တဲ့ တရားပဲ ဆိုတော့
ဖြစ်ပျက်ပဲရှိတယ်.. အဲဒီဖြစ်ပျက်ကို နှလုံးသွင်းပြီး မုန်းတယ် ဆုံးတယ်ဆိုတာကိုပြောတာ
သဘောကျပါလား
11:23 PM ခင်ဗျားတို့ တအားသိချင်နေရင် ပုထုဇဉ် အရှုးလိုဖြစ်သွားလိမ့်မယ်တဲ့
ဆရာတော်ဘုရားကြီးက မိန့်တာ

me: သဘောကျပါတယ်အကို

၄၄: ဒါကြောင့် ညီကိုပြောတာ
လိုရင်းမကျဘဲ ကန့်လန့်ကန့်လန့် ဖြစ်နေမှာ စိုးလို့
11:24 PM ပြီးတော့ ကျင့်တဲ့တရားမှာ ဝီစိကိစ္ဆာ သံသယတွေ ဝင်လာမယ်
ပါရမီ မရှိလို့ စသည်ဖြင့် သံသယတွေဝင်လာမယ်

me: ဟုတ်

၄၄: အဲဒါတွေက စူးစမ်းတာများပြီး တစ်ခုတည်းသော ဖြစ်ပျက်အာရုံမှာ သတိမထား၊ ဝီရိယမစိုက်ပြီး မပွားများလို့ပဲ
11:25 PM စူးစမ်းတယ်ဆိုတာ ကောင်းပါတယ်
သို့သော် အဆင့်ဆင့်ရှိတယ်
အဆင့်ဆင့်ကျော်ရင် ဉာဏ်က မလိုက်နိုင်ဘဲ ယောင်ဝါးဝါးဖြစ်သွားတယ်
ရှင်းပြတယ်လူရှိတယ်ထားအုံး
11:26 PM သညာ နဲ့ပဲ ကျေးဇူးပြုတယ်
ဖြစ်ပျက်တစ်လုံး မြင်မှသာ ခရီးပေါက်မှာ
ပညာဆိုက်မှာ

me: ဟုတ်ကဲ့

၄၄: ညီကို လမ်းမှန်သို့ မြန်မြန်လေး ရောက်စေချင်တယ်

me: ညီသဘောပေါက်ပါတယ်အကို

11:27 PM ၄၄: မဟုတ်ရင် ဒီအလုပ်က ငါတို့နဲ့ မတန်ဘူး။ တအားခက်တာပဲ ဆိုပြီးတော့ ငြီးလုံးထုတ်နေမှာ စိုးလို့
me: ဟုတ်ကဲ့

၄၄: အဲဒီလို ဆင်ခြေလှဲလာလို့ ရှိရင် အားတွေလျော့ပြီးတော့ စိတ်လည်ရော
အေးအေးညီလေး
11:28 PM ဆန္ဒရှိတဲ့သူ.. ဆုံးမတာကို နာခံထိုက်တဲ့သူ ကို ဖြစ်စေချင်တယ်
နာခံထိုက်တဲ့သူ ဆိုတာ ပြောတာကို နားထောင်တဲ့သူကို ဆိုတယ်

me: ဟုတ်ကဲ့အကို

၄၄: အကိုက ညီမှာ လိုအပ်တဲ့အနေအထား တစ်ခုကို ရောက်သွားပြီး ဆိုရင် မပြောတော့ဘူး
အခုက လမ်းမလျှောက်တတ်သေးလို့
11:29 PM အကိုက အဆုံးထိ လိုက်ပို့စရာမလိုဘူး ညီလေး
အစ ပေါ်သို့ တင်ပေးရမှာ
နောက်ဟာက ညီကိုယ်တိုင် သွားနိုင်ပြီ

me: ညီနားထောင်ပါ့မယ်

၄၄: အခုက လမ်းမလျှောက်တတ်ခင် မှာ ရည်းစားမထားချင်နဲ့နော်
အေးအေး
ညီလေး
11:30 PM ပြောတာ ပြောသလောက် အကျိုးရှိပါစေ
လုပ်တာ လုပ်သလောက် အကျိုးရှိပါစေ
ပြောတာက အကို့အလုပ်

me: ညီ့မှာမရှိပါဘူး

၄၄: လုပ်တာက ညီ့အလုပ်
ဘာမရှိတာလဲ ညီ?

me: ရည်းစားအကို

11:31 PM ၄၄: အဲဒါကို ပြောတာ မဟုတ်ဘူ ညီလေးရ
ဖြစ်ပျက် ဆိုတာက လမ်းလျှောက်တ
ရည်းစားထားချင်တယ်ဆိုတာက ဟိုဟာသိချင် ဒီဟာသိချင်ကို ဆိုတာ
:)
သဘောကို ယူ
စာသားကို မယူနဲ့

11:32 PM me: အကိုက ဥပမာပေးတာကိုး

၄၄: အေးအေး
အခု ညီအလုပ်ကို ညီသိပြီ

me: ဟုတ်

၄၄: အကိုလည်း အကို့အလုပ်ကို အကိုဆောင်ရွက်ပေးပြီးပြီ
လုပ်လုပ်
ပြီးရင် အကိုစစ်သွားမယ်
11:33 PM အကိုက ဒီလမ်းကို သွားပြီးသား.. ညီကို အမျိုးမျိုး စစ်လို့ရတယ်

me: တရားစစ်တာလေးပြောပြပါဦးအကို။ ကိုယ့်ကိုယ်ကို

၄၄: အဲ.. တရားပဲ စစ်မှာပေါ့ ညီလေးရ
အကိုက ညီလေးကို တရားပဲ ပြတာကိုး
11:34 PM ညီလေးက ပြတဲ့ တရားအတိုင်း ပွားရမည့် ဖြစ်ပျက်တစ်လုံးကိုသာ ပွားများပေး
ပါရမီပြည့်လာအောင် အကိုလုပ်ပေးနေတာ

me: သြော် အကိုပြောမှ ညီနားလည်သွားပြီ

၄၄: ဉာဏ်တက်လာတယ်ဆိုတာသည် ပါရမီပြည့်လာတာပဲတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးက
ဉာဏ်တက်လာတယ်ဆိုတာသည် ဓားသွေးသလိုပဲ
11:35 PM အစသွေးတုံးမှာ သိပ်မထက်သေးဘူး

me: ချက်ချင်းဆိုတော့နားမလည်ဘူး

၄၄: သွေးရင်းထက်ထက်လာတယ်ဆိုတာ ဉာဏ်က ဖြစ်ပျက်ကို ပွားရင်းပွားရင်းဖြင့် တက်လာတာပဲ
11:36 PM ဒီဖြစ်ပျက်အာရုံတွေကို ငြီးငွေ့တဲ့ဉာဏ်၊ မုန်းတဲ့သဘောဆောင်လာတဲ့ဉာဏ်တက်လာတာသည် ဓားက သွေးရင်းအတော်ထက်လာတာပေါ့
11:37 PM ဒီဖြစ်ပျက်တွေမုန်းရင်း ဆက်ရှုရင်းဖြင့် ဒီဖြစ်ပျက် ဒုက္ခသစ္စာပဲရှိတယ်လို့ ဉာဏ်ပိုင်းဖြတ်လိုက်ပြီဆိုတာနဲ့ ဖြစ်ပျက်အဆုံးကို ဉာဏ်ကလှည့်သွားလိမ့်မယ်
လှည့်သွားတဲအခိုက် က ၁ ၂ ၃၄ ဆိုတဲ့ ဆိုတဲ့ အချိန်ခဏပဲ
11:38 PM ဖြစ်ပျက်အဆုံးကို ရှုဉာဏ်လှည့်သွားတာကို မဂ်ဉာဏ်လို့ခေါ်တယ်
အဲဒီဉာဏ်က ၁ ၂ ၃ ၄ ဆိုတဲ့ အချိန်ခဏပဲ
သဘောပေါက်လား

me: ဟုတ်

၄၄: ဖြစ်ပျက်တွေ မြင်ပြီး မုန်းရမယ်နော်

11:39 PM me: ဟုတ်ကဲ့

၄၄: မမုန်းဘဲ မြင်လို့ ပြလာတဲ့တရားတွေရှိတယ်
ငြိမ်းသလို၊ ရှုလို့ကောင်းသလိုလို၊ အလင်းတွေ ပေါ်လာသလိုလို
စသည်ဖြင့်တွေ
မမုန်းဘဲနဲ့ အဲဒါတွေ ကြော်ငြာဝင်လာရင်း အဲဒါကို အာရုံမစိုက်နဲ့
11:40 PM ဖြစ်ပျက်ပဲ ရှုပစ်လိုက်
ရှုပစ်လိုက်တော့ ကြော်ငြာပျောက်သွားလိမ့်မယ်
မဂ်အတုလို့ခေါ်တယ်

me: ဟုတ်

11:41 PM ၄၄: ဒီအချိန်မှာ မြင်နဲ့ မုန်းကြားမှာ မမုန်းပဲ ခင်စရာသဖွယ်.. ကောင်းတဲ့သဘောတွေ့ရင် အဲဒါ ကြော်ငြားအနှောင့်ဝင်တယ်လို့သာမှတ်ထား
အဲဒါကို ဝင်စားမနေနဲ့
ဖြစ်ပျက်သာ ရှုပစ်
ကြားလား

me: ဟုတ်ကဲ့

၄၄: ပြီးတော့ ဖြစ်ပျက်ဆက်မြင်လိမ့်မယ်
ပြီးတော့ မှ မုန်းဉာဏ်တက်လာမယ်
အဲ
11:42 PM ဉာဏ်တက်လာတာသည် ပါရမီပြည့်လာတာပဲ
အဲဒါ မိုးကုတ်ဆရာတော်ဘုရားကြီးပြောတာ
အကိုပြောတာ မိုးကုတ်ဆရာတော်ဘုရားကြီးပြောတာကို အခြေခံပြီး ပြောတာ
သာမှတ်

me: ဟုတ်

၄၄: သေချာလုပ်ရင် သေချာရမယ်
11:43 PM အခုက ဟိုလိုလို ဒီလိုလိုတွေ များတယ်
ပြီးတော့ ပါရမီကို ပုံချတယ်
အဲဒီအထဲ မပါစေနဲ့

me: ဟုတ်ကဲ့

11:44 PM ၄၄: အေးဒါဆို ဘာလုပ်စရာ တစ်ခုပဲ ရှိလဲပြောပါ

me: ဖြစ်ပျက်ပဲရှုရမှာပေါ့အကို

11:45 PM ၄၄: အေး
အဲဒီတစ်ခုပဲ
ခန္ဓာက ပေါ်တာက ပျက်တာပဲ
အဲဒါကိုသာ သတိထား၊ ဝီရိစိုက်ပြီး ကြည့်
ကြည့်တာက ဝိပဿနာရှုတာပဲ

me: ဟုတ်

၄၄: ဒီထက်ရှင်းတာ ဘာရှိသေးတုံး
11:46 PM ညီက အသိနဲ့ ဒိဋ္ဌိဝီစိကိစ္ဆာ ရှင်းပြီးသားပဲ
မဟုတ်လား

me: ဟုတ်

၄၄: အဲ.. အပွားနဲ့ ကင်းပျောက်သွားအောင်လုပ်ရတော့မယ်
ဒီခန္ဓာကို သူငါ သတ္တဝါလို့ ညီက ယူသေးလား

11:47 PM me: မယူတော့ဘူးအကို

၄၄: ဘာပဲ ရှိလဲ?
တိုတိုနဲ့သာ ပြော
နားလည်သလိုသာပြောချလိုက်

me: ဖြစ်ပျက်ပဲ

၄၄: ထင်မြင်သလိုသာပြောချလိုက်
ဒါပဲ
ဒါပဲ
မှန်တယ်
11:48 PM အဲဒီဖြစ်ပျက်တစ်ခုပဲရှိတယ်လို့ ဉာဏ်က မြင်တယ်မလား

me: ဟုတ်ကဲ့

၄၄: အဲ.. အဲဒီဖြစ်ပျက်တစ်လုံးပဲရှိတယ်
အဲဒီဖြစ်ပျက်ကို မြင်တာက မဂ္ဂသစ္စာ
11:49 PM မဂ္ဂသစ္စာ က ဖြစ်ပျက် ဒုက္ခသစ္စာနဲ့ ဖြစ်ပျက်ဖြစ်အောင်ပြုပြင်တတ်တဲ့ သမုဒယသစ္စာကို သတ်တယ်

me: ဟုတ်

၄၄: သူတို့ကို သတ်လို့သေရင် အနုသယနဲ့တကွသေသွားတဲ့အချိန်မှာ နိရောဓပေါ်တာပဲ
နိရောဓ သစ္စာ
11:50 PM သစ္စာလေးပါးနဲ့ ရှင်းပြ ထောက်ပြသွားတာကို သဘောပါလား

me: ဟုတ်ကဲ့

၄၄: အခုအလုပ်လုပ်နေတာသည်
သစ္စာလေးပါးကို ထိုးထွင်းသိအောင်လုပ်နေတာပါလားဆိုတာ
သဘောကို ထင်ထင် ရှားရှားကြီးမြင်ပြီလား

11:51 PM me: မြင်ပြီအကို

၄၄: ဒါပဲ အရေးကြီးတာ ကို
ဘာများ အရေးကြီးလို့လဲ

me: ဟုတ်

၄၄: ဘာမှ အရေးမကြီးဘူး
ကျန်တာတွေက ဒီအလုပ်ကလေးကို အသွားမိအောင် ကူညီအကျိုးပေးဖို့ လုပ်နေရတာ
အခုက တိုက်တိုက်ဆိုင်ဆိုင်ကို အထုံတွေပါလာပြီးတော့ ပြည့်နေပြီ
11:52 PM ဖြစ်ပျက်ကိုတောင် မြင်နေပြီ
ကိုယ်လုပ်နေတဲ့အလုပ်က ဘယ်လောက်ကြီးကျယ်သွားတာကို မြင်ပြီလား
ဒါလည်း ထောက်ပြမှ မြင်တာနော်
မထောက်ပြရင် မမြင်ဘူး
ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးကို တအားကျေးဇူးများတောပေါ့ ညီရေ
11:53 PM ဆရာတော်ဘုရားကြီးက ဒီလို ထောက်ပြတာကွ

me: ဟုတ် ညီထင်မထားဘူး ခုအကိုပြောမှပဲ
သိတော့တယ်

၄၄: အခုညီမြင်တဲ့ ဖြစ်ပျက် တစ်လုံးကိုသာ အကြိမ်များစွာပွားများပေးပါ
11:54 PM ပွားများမှုများလေ ဒုက္ခ- သမုဒယ သေလေပဲ မလား

me: ဟုတ်ကဲ့

၄၄: သူတို့သေရင်ရော ကိစ္စက မပြီးသေးဘူးလား
တစ်ကြိမ်ပြီးရင် အကိုက ညီ့ကို လမ်းပြစရာမလိုတော့ဘူး
ညီဆက်သွားလို့ရပြီ
11:55 PM အခုက မပြီးသေးလို့

me: ဟုတ်

၄၄: ညီက နားလည်းထောင်တယ်.. လုပ်လည်းလုပ်တဲ့သူမို့ အကိုက အားထားနေတာ
အကိုရှေ့မှာ ညီတစ်ယောက်တင်မဟုတ်ဘူး
လုပ်ပြီး ပြောစရာမလိုတော့တဲ့သူတွေရှိတယ်

11:56 PM me: ဟုတ်

၄၄: ညီ့ကို ကိုပြောပြမယ်
ငါးဖမ်းရင် ဟင်းရွက်ခူးတာ ရှိတယ်
ငါးဖမ်းရင်း ပတ္တမြားတွေ့တာရှိတယ်
ငါးဖမ်းလို့ ငါးရလည်း တစ်နပ်စာပဲ.. ငါးဖမ်းပြီး ဟင်းရွက်ခူးလည်း တစ်နပ်စာပဲ
11:57 PM ငါးဖမ်းလို့ ငါးရရင် တစ်နပ်စာ စားရပြီးတော့ ပတ္တမြားတွေ့ရင် တစ်သက်စာ စားလို့ရတယ်

ဒါဘာကို ပြောတာလည်းဆိုတော့
ရုရှားလာတယ်ဆိုတာက ငါးဖမ်းတာနဲ့ တူတယ်
11:58 PM ဟင်းရွက်ခူးပြီး ပြန်တယ်ဆိုတာက ရုရှားမှာနေပြီး သူတို့ နိုင်ငံအခြေအနေလောက်ပဲ သိပြီးပြန်သွားတာနဲ့ တူတယ်

me: ညီမှတ်ထားပါ့မယ်..ဒီဥပမာလေးကို

၄၄: ရုရှားလာတယ်ဆိုတာက ငါးဖမ်းတာနဲ့ တူတယ်ဆိုတာ အခုရထားတဲ့ ခန္ဓာကို ကျွေးမွေးဖို့ တာဝန်ထမ်းဆောင်နေရတာကိုပြောတာ

11:59 PM me: ဟုတ်

12:00 AM ၄၄: ငါးဖမ်းပြီး ပတ္တမြားတွေ့သွားတယ်ဆိုတာကတော့ ခန္ဓာကို ကျွေးမွေးဖို့ တာဝန်ထမ်းဆောင်နေရင်းဖြင့် သံသရာဒုက္ခသည်ခန္ဓာဝန်ကို ကျွတ်လွတ်အောင် လုပ်သွားတာကို ဆိုလိုတာ
တစ်နပ်စာ ဆိုတာက တစ်ဘဝစာ
တစ်သက်စာ ဆိုတာက တစ်သံသရာလုံးစာ
12:01 AM သတိမေ့လျော့နေရင် ငါးဖမ်းရင်း ဟင်းရွက်ခူးသွားတဲ့သဘောသာ ရောက်မယ်

________________________________________ 6 minutes
12:07 AM ၄၄: ဒီကျေးဇူးတွေက မိုးကုတ်ဆရာတော်ရွာချတဲ့ မိုးရေးကို ချိုးရလို့ပဲ
12:08 AM ညီအားလုံးကို သဘောပေါက်လား
မရှင်းတာ ရှိလား

me: မရှိပါဘူးအကို
ကျေးဇူးပါ

၄၄: အေးအေးညီလေး
12:09 AM ဖြစ်ပျက်တစ်လုံးပဲနော်
သတိပေါ်ရင်ပေါ်သလို အသိကလေးတွန်းအားပေးပြီး ပွားများပေး
ပွားများလေ သတိအားကောင်းလာလေ ဖြစ်လာလိမ့်မယ်

12:10 AM me: ဟုတ်ကဲ့

12:11 AM ၄၄: အေးအေး ညီလေး
လုပ်လုပ်

12:12 AM me: အကို ဆိုဆုံးမတာနဲ့ တန်အောင် ညီ အားထုတ်ပါ့မယ်

၄၄: အေးအေး ကြားရတာ အားရပါတယ်
ညီလေး
လုပ်လုပ်
ကောင်းသောညပါ

me: ကောင်းသောညပါ အကို
12:13 AM လေးစားလျက်ပါ

၄၄: လေးစားပါတယ် ညီလေး

>>> မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ…။

လေးစားရိုသေစွာဖြင့်
ဖိုးသား

27.01.2009, TUE:, 07:33:57 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply