Latest News

*ခရေတစ်ပွင့်*

*** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

ခရေတစ်ပွင့်...
ပင်ယံမြင့်မှာ
အမှတ်မထင် တွေ့လိုက်တယ်။

ရောင်ဝါ ၀င်း တဲ့ခရေပွင့်ရေ
ပင် မြင့် မှာစံနေရင်း
လေညှင်းကဆော်သွေးတော့
မွှေးပျံ့လှချည်လား...
သင်းထုံလှချည်လား...
နမ်းရှိုက်သူအတွက်တော့
မွှေးလိုက်တဲ့ ခရေပွင့်ပါလား...။

အို...
ခရေပွင့်ရယ်
လေညှင်းမက
လေပြင်းကျရင်တော့
မြေလွှာပြင်ထက်
ဆင်းသက်ရဦးမှာပေါ့။

ဒါပေမယ့်လည်း
နမ်းရှိုက်သူသိပါတယ်လေ
ခရေပွင့်ဆိုတာ
ဝေလည်းမွှေးမြဲ ကြွေလည်းမွှေးဆဲ။
လန်းလည်းမွှေးဆဲ နွမ်းလည်းမွှေးမြဲ။ ။

>>> ဒီကဗျာလေးက ကျွန်တော့်ကို အစ်ကိုလိုတစ်မျိုး၊ ဆရာလိုတစ်သွယ်၊ မိတ်ဆွေလိုတစ်ဖုံ နည်းစုံအောင် သွန်သင်ဆုံးမ ပြုပြင်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ဆရာသခင် ကျေးဇူးရှင် ကိုဝင်းမြင့်ရဲ့ ဂုဏ်ကိုရည်မှန်းပြီး ရေးစပ် ဖော်ကျူးအပ်တဲ့ ကဗျာလေးပါ။ ဒီကဗျာလေးနဲ့ပဲ အဖြူရောင်မေတ္တာဆိုတဲ့ ကျွန်တော့်ရဲ့ဘလော့လေးကို စတင်ဖွင့်လှစ်ခဲ့တာပါ။ ဖော်ပြပြီးသားပေမယ့် ဆရာ့ရဲ့ဂုဏ်ကို ထပ်လောင်းသတိရ ပူဇော်တဲ့အနေနဲ့ ထပ်ဆင့် ရေးသား ပူဇော်လိုက်ရခြင်းပါ။ အားလုံးပဲ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

>>> ကြည်ညိုမျှော်မှန်း၊ ဂုဏ်ကိုတမ်းလို့၊ ရည်မှန်းခါခါ၊ ၀ပ်တွားကာဖြင်၊့ ကြည်သာရွှင်ပြ၊ ဦးချလျက်ပါ အစ်ကို။

လေးစားရိုသေစွာဖြင့်
ညီငယ်
ဖိုးသား

08.01.2009, THU:, 04:16:41 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply