Latest News

*စိတ်ဓါတ်ကိုတော့ အလေးအမြတ်ပြုပါတယ် ကိုဗစ်တာ(၁)*

M = ကိုဗစ်တာ

4:46 PM M: မင်္ဂလာပါဗျာ...
ဗုဒ္ဓအဆုံးအမလေးနဲ့ ကျင့်ကြံနေထိုင်၊ သာသနာပြန့်ပွားရေး ဓမ္မဒါနဖြန့်ချိနေတဲ့ အကိုနဲ့ မိတ်ဆွေဖြစ်ရတာ အတိုင်းမသိ ဝမ်းသာပါတယ်။ ပို့ပေးဖြန့်ဝေခဲ့တဲ့ အဘိဓမ္မာ တရားအမေးအဖြေအတွက်လည်း ကျေးဇူးပါဗျာ။

4:47 PM me: မင်္ဂလာပါခင်ဗျာ
ကျွန်တော် အစ်ကိုအွန်လိုင်းတက်လာတာ မသိလိုက်လို့ပါ။
4:48 PM သိရင် ကျွန်တော်ကစပြီး မိတ်ဆက်ပါတယ်

M: ရပါတယ်... ကျွန်တော်ကအကို့ညီပါအကို
ကျွန်တော်က..စရမှာပါ

me: အော် ကျွန်တော်က 30.05.1985 ဖွားပါ

4:50 PM M: ဘာဖြစ်ဖြစ်ပါဗျာ.. အသိဥာဏပိုင်းဆိုင်ရာ ဓမ္မအဆုံးအမ အလိမ္မာပိုင်းဆိုင်ရာမှာ.. ဝါကြီးပါတယ်
4:51 PM ရင်ထဲက..ဓမ္မစေတီကို

me: အဲလိုမလုပ်ပါနဲ့ အစ်ကိုရာ.. အသက်ဂုဏ်ဝါကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ လို့
ဘုရားဆုံးမထားလို့ပါ

M: ဖူးမြော်တာပါ

4:52 PM me: ဖူးမြော် ညီ့ကိုပြောတာလား..
မလုပ်ကောင်းပါဘူး အစ်ကိုရာ
အငယ်ကို အကြီးက

4:53 PM M: လူအရ..ငယ်ချင်ငယ်မယ်၊ ခန္ဓာရုပ်အရကြီးမယ်လှမယ်
ဘယ်လိုရှိစေ...
4:54 PM သူ့ရဲ့အကျင့်စရဏ ပညာသိက္ခာကိုတော့ ကျွန်တော်...လေးစားရမယ်

me: ညီ အစ်ကိုပြောသလောက် မပြည့်စုံသေးပါဘူး အစ်ကိုရာ..
အများကြီးလိုပါသေးတယ်
အော်
ညီ့နာမည်က ပြည့်စုံအောင်ပါ

4:55 PM ရန်ကုန်တိုင်း
ကွမ်းခြံကုန်း
ဇာတိပါ

ခုလောလောဆယ်တော့ ရုရှားမှာပါ အစ်ကို
ပညာသင်ပေါ့
ရောက်တာမကြာသေးပါဘူး
သုံးလခွဲကျော်လောက်ပဲ ရှိပါသေးတယ်
4:56 PM ဒီအတောအတွင်းမှာ ဒါလေးတွေ လုပ်ဖြစ်သွားတာပါ

M: အော်...ဝမ်းသာတယ်
4:57 PM ဂုဏ်ယူပါတယ်
ချီးကျူးပါတယ်.. ဘာကိုလဲဆိုတော့
ဗုဒ္ဓအဆုံးအမနဲ့ အညီနေလို့ပေါ့ဗျာ

4:58 PM me: ကျေးဇူးပါ အစ်ကို ညီ ကြိုးစားဆဲပါ.. ကြိုးစားလျက်ပါ အစ်ကို..
အစ်ကို ထင်တာနဲ့ ကိုက်ညီအောင်

M: ကြိုးစားပါ..လိုအပ်ရင်လည်းခိုင်းပါ

me: ခိုင်းပါ
အဲလို မသုံးပါနဲ့ အစ်ကို
4:59 PM ညီနေရထိုင်ရခက်လို့ပါ

M: သာသနာအစစ်အမှန်ပြန့်ပွါးရေးမှာ..ဘာလုပ်ရလုပ်ရ

me: ဟုတ်
5:00 PM အစ်ကို့နမည်လေး ပြောပြလို့ ရမလား
သိထားရတာပေါ့ အစ်ကိုရာ
နာမည်*
မှားလို့

5:01 PM M: သားရွှေနုခေါ်ဗစ်တာ...ပါဗျာ

me: ကိုဗစ်တာတော့ ကြားဖူးတယ် ဘလော့ကောအစ်ကိုရေးတယ်မှတ်လား

5:02 PM M: ဟုတ်ပါတယ်...”စုံစီနဖာအမေ့လက်ရာ”ပါ
အိမ်လွမ်းလို့

me: ဟုတ်

M: အမေ့အိမ်ပေါ့

me: ညီတော့ ထူးဆန်းတယ်အစ်ကို
5:03 PM အစတုန်းက အမေ့ကို သတိရတယ်
ခုဆို လုံးဝနီးပါး သတိမရတော့ဘူး..
ဘုရားရှိခိုး
မေတ္တာပို့ချိန်လောက်ပဲ
မချစ်လို့ မဟုတ်ပါဘူး..

5:04 PM M: ဘာဖြစ်ဖြစ်လေဗျာ...လူ့ဘဝဧည့်သည်ချည်းဆိုတော့

me: ဟုတ်ပါတယ်
5:05 PM ညီက ညီဖြစ်နေတာကိုပြောပြတဲ့သဘောပါအစ်ကို

M: အဲဒါကြောင့်... ပြောတာပါ
တခြားနဲ့မတူ....
ထူးခြားနေတာကိုက
ပေါ့လေ
5:06 PM ဒီနေ့ခေတ်မှာ...

me: ဟုတ်ကဲ့

M: ဗုဒ္ဒဘာသာဆိုတာ...
အကိုတို့အရွယ်မပြောနဲ့
အသက်ကြီးတဲ့ သူတွေတောင်
5:07 PM အကိုတို့လို...သဘောတရားမသိ
ဘုရားရှိခိုးမရ
အများကြီးတွေ့နေရပီလေ

me: မဟုတ်သေးပါဘူး အစ်ကိုရာ ဒီလိုလည်း

M: မိရိုးဖလာကနေ...

me: ဟုတ်

5:08 PM M: စီးပွါးရေး ပေါ်မူတည်...
ကိုးကွယ်ယုံကြည်မှုတွေပြောင်းလဲလာတာတွေ့ရမယ်

me: ဒါပေမယ့်လည်း အစ်ကိုရာ..
ညီ့ကို ဘုန်းဘုန်း တစ်ပါး
ဆုံးမထားတာလေး ပြောပြပါရစေ

5:09 PM စီးပွားရေး မှာလည်း တရားနဲ့အညီ
လုပ်ကိုင်ဆောင်ရွက်ရင်
ဗုဒ္ဓအဆုံးအမကို လိုက်နာတယ် မည်ပါတယ်တဲ့

5:10 PM ပိုက်ဆံများများ ရှာတယ်ဆိုရင်လည်း
တရားနဲ့ အညီ ရှာပါတဲ့

များများ ရှာပြီး သူများကောင်းကျိုး သာသနာ့ အကျိုးအတွက်
များများ စွန့်နိုင်ဖို့ပဲ အရေးကြီးတာပါတဲ့

5:11 PM M: ကောင်းပါပီဗျာ...

me: များများစွန့်ပြီး လောကကောင်းကျိုးများများ ဆောင်ရွက်ပါတဲ့

5:12 PM M: ဘာပြောပြော.. ကျွန်တော်တို့ရဲ့ဆုံစည်းမှုကိုအမြဲအမှတ်ရနေမှာပါ

me: ဟုတ်ကဲ့ပါ အစ်ကို

M: ဒါနဲ့... အကိုပြည့်စုံက... အရာရှိလေးလား၊ အရာရှိကြီးလား

5:13 PM me: အစ်ကို သိချင်တာလေးတွေ ရှိရင်လည်း ညီ့ကိုမေးနိုင်ပါတယ်.. ညီသိသလောက် ဖြေပေးပါ့မယ်.. မသိရင်လည်း သိတဲ့သူကို မေးပေးပါ့မယ် အစ်ကို
ငယ်ငယ်လေးနဲ့ အစ်ကိုရာ အရာရှိကြီးတော့ ဘယ်ဟုတ်ပါ့မလဲ..
ဒီအထဲလည်း
မမျှော်လင့်ဘဲ ရောက်သွားတာပါ

5:14 PM ညီ တကယ်ပြောတာအစ်ကို စိတ်မ၀င်စားဘူး..
ရာထူးတွေ
နေရာတွေ
ပိုက်ဆံတွေ

5:16 PM M: ကောင်းပါပီ... ဘယ်နေရာရောက်ရောက်၊ ဘာတွေလုပ်လုပ် တရားဓမ္မနဲ့ နေပီးဖြေရှင်းပါ။ ရင်ဘတ်ထဲမှာ.. ဓမ္မစေတီတည်နေသရွေ့၊ တရားနဲ့မွေ့လျော်သူကို.. တရားကစောင့်ရှောက်ပါတယ်

me: ဟုတ်ကဲ့ပါ ညီမှတ်ထားပါ့မယ်..
5:17 PM လိုက်လည်း လိုက်နာပါ့မယ် အစ်ကို

5:20 PM M: ကိုပြည့်စုံက... ဓမ္မအတိုင်းတာ တစ်ခုအနေနဲ့ ပြည့်စုံပီးသားပါ။ နောက်နောင်. ..တိုင်းပြည်အုပ်ချူပ်ခဲ့ရင်လည်း... ဓမ္မနဲ့အညီ စဉ်းစားဖြေရှင်း။ သာသနာပြန့်ပွါးစည်ပင်နိုင်အောင် စွမ်းဆောင်နိုင်ဖို့ဆန္ဒပြုချင်ပါတယ်။

5:21 PM me: ဘုရားအဆုံးအမအတိုင်း ဖြေရှင်းနိုင်အောင် ကြိုးစားပါ့မယ် အစ်ကို.. သာသနာအတွကတော့ တစ်ယောက်အားနဲ့တော့ မရပါဘူးလေ.. အစ်ကိုတို့လည်း ပါဝင်စေချင်ပါတယ်

5:24 PM M: စိတ်ချပါ.. ကျွန်တော်က နောင်လာနောက်သားများအတွက် အနင်းခံ အောက်ဆုံးထစ်လှေကား ဖြစ်သွားမှာပါ။ ကိုပြည့်စုံတို့က.. ရဲရဲနင်းပီး ပြည်သာယာရေး၊ စစ်မှန်သာသနာပြန့်ပွါးရေး ဆောင်ရွက်ကြပါ။

5:25 PM me: အဲလို မပြောပါနဲ့ အစ်ကိုရာ.. သာသနာအတွက်တော့ ညီတို့လည်း အနင်းခံပါပဲ..
အဲလို ကိုယ့်ကိုယ်ကို တအားမနှိမ့်ချပါနဲ့လား အစ်ကို
5:26 PM လူတစ်ဦးစီမှာတော့ သူမတူတဲ့ အရည်အချင်းတစ်ခုစီ ရှိထားပြီးသားပါ အစ်ကို
အသုံးမချတတ်သေးလို့ လို့ညီထင်တာပါပဲ

5:29 PM M: ဟုတ်ပါပီ.. နောက်မှတွေ့ကြသေးတာပေါ့။ ဒီနေ့ညအတွက် ဝမ်းသာကျေနပ်ပါတယ်။ နောက်များအားရင်... ကျွန်တော့်ကိုဓမ္မနဲ့ ဆုံးမပါ။ အားရင်..အမေ့လက်ရာဘလော့လေးမှာ.. ဓမ္မနဲ့ပတ်သက်ပီး ရေးပေးပါဗျာ။ ကြိုဆိုခေါ်ဖိတ်ပါတယ်။ ဘဝမှာရွှင်ကြည်အေးမြ.. ဓမ္မနဲ့ပျော်မွေ့ သာသနာပြန့်ပွား စောင့်ရှောက်နိုင်သောသူဖြစ်ပါစေ...
ကောင်းသောညပါ

5:30 PM me: ဟုတ်ကဲ့.. လင့်လေးပေးပါလား အစ်ကို

M: http://www.ahmayelattya.blogspot.com/

me: ဟုတ်.. ခုပြောခဲ့တာလေးကို ညီ့ဘလော့မှာ တင်လို့ရမလား..
အစ်ကိုမကြိုက်ရင်
နာမည်မထည့်ဘူးလေ

5:31 PM M: ဟားဟား...ဒီလိုမလုပ်ပါနဲ့
ကျွန်တော်က..ညံ့ပါတယ်
စာဖတ်သူတွေအားနာမိပါရဲ့

me: ဒါကို ဆိုလိုတာ မဟုတ်ပါဘူး အစ်ကို
5:32 PM ယူတတ်တဲ့သူတော့ ရမှာပေါ့ အစ်ကိုရာ
ဒီလိုနှိမ့်ချတတ်တဲ့ စိတ်ထား စာလာဖတ်သူ တစ်ဦးတစ်ယောက်မှာ ကိန်းသွားရင်လည်း
မနည်းဘူးလေ
နာမည်တွေ မထည့်ပါဘူး
ညီပြင်လိုက်ပါ့မယ်

5:33 PM M: ဟုတ်ကဲ့..စိတ်ကြိုက်လုပ်ပါဗျာ
ခွင့်ပြုပါတယ်

me: နာမည်ထည့်စေချင်ရင်လည်း ထည့်ပေးပါ့မယ်..
ညီ့စိတ်ကြိုက်ဆိုရင်တော့ ထည့်ချင်တယ်

5:34 PM M: သဘောပါဗျာ

me: အစ်ကို့ဘလော့လေးလည်း လူသိများသွားတာပေါ့..

5:35 PM M: ကျွန်တော်က.. လူသိထင်ရှားထက်၊ လူသားကောင်းကျိုးပြုဖို့ရည်ရွယ်ပါတယ်

me: ညီသိပါတယ် အစ်ကို..
ဖတ်တဲ့သူများတော့လည်း
အသိတိုးတဲ့သူ ပိုများတာပေါ့
ဒီသဘောပါ

5:36 PM M: ကောင်းပါပီဗျာ

me: တရားနှလုံးသွင်းပြီး ကောင်းမြတ်အေးချမ်း မွန်မြတ်လှပတဲ့ ညချမ်းလေး ဖြစ်ပါစေ အစ်ကို၊
ညီလည်း ကြိုးစားလျက်ပါ

M: သာဓု..သာဓု သာဓုပါဗျာ

5:37 PM me: ကျေးဇူးပါ

>>> စာရှုသူများ ဖတ်တဲ့အတိုင်းလည်းသိ၊ သိတဲ့အတိုင်းလည်းကျင့်၊ ကျင့်တဲ့အတိုင်းလည်း ရနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

16.01.2009, FRI:, 07:02:12 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply