
ငါကချစ်တဲ့သူ ငါ့ကိုချစ်တဲ့သူ
ငါမြတ်နိုးတဲ့သူ ငါတန်ဖိုးထားတဲ့သူတွေကို
သင်ခေါ်ဆောင်သွားခဲ့တာ
မရေတွက်နိုင်တော့။
ငါ့ကိုရော အခြားကျန်သူတွေကိုပါ
သင့်ပိုင်နက်ဆီကို ခေါ်ဆောင်ဖို့
အချိန်အတိုင်းတာ တစ်ခုပေးပြီး
သင်... စောင့်နေပြီမဟုတ်လား။
ငါချစ်တဲ့သူတွေကိုလည်း
သင်... မသနား
ငါ မြတ်နိုးတဲ့ သူတွေကိုလည်း
သင်... ကိုယ်ချင်းမစာ
ငါတန်ဖိုးထားတဲ့သူတွေကိုလည်း
သင်... ဂရုမစိုက်
သင်... သင်ဟာလေ
ကြင်နာမှု ခေါင်းပါးလှချည်လား...
စာနာမှု ကင်းမဲ့လှချည်လား...။
သင့်ကြောင့်
ငါမြတ်နိုးတန်ဖိုးထားရတဲ့သူတွေ
လူးလှိမ့်ငိုကြွေးနေရင်
ငါသင့်ကို
အပြစ်မြင်ပေမယ့် အပြစ်မတင်။
သင့်ကြောင့်
ငါမြတ်နိုးတန်ဖိုးထားရတဲ့သူတွေ
လောက အမှန်တရားရဲ့
သဘောတွေကို သိသွားကြရင်
ငါသင့်ကို ကျေးဇူးတင်မိတယ်...။
သင်နဲ့ ဝေးရာ နေရာတစ်ခုကို
ကြိုးစားပြီးလျှောက်လှမ်းချင်သူ ငါလည်း
လမ်းလျှောက်ရင်း လမ်းပျောက်တဲ့ တစ်နေ့
သင့်ဆီ လာခဲ့အုံးမှာပါ...။ ။
ဒီနှင်းနေ (TGI)
လေးစားစွာဖြင့်
ဖိုးသား
16.01.2009, FRI:, 09:05:41 AM
0 comments