pyaesoneaung2007: ဦးဇင်းအဆင်ပြေရင် ခုနက အဂုင်္လိမာလ လေးကို နည်းနည်းပြောပြပါလား
ဝဋ်နဲ့ အကုသိုလ်လေးကော
အရှင်ဝိဇ္ဇောတ: အင်း တစ်ခုချင်းပြောမယ်..
pyaesoneaung2007: တင်ပါ့
Sent at 8:39 AM on Thursday
အရှင်ဝိဇ္ဇောတ: ၀ဋ်ကို ဘယ်လို မြင်လို့လဲ ကိုပြည့်စုံက..
ဝဋ်ကို အကုသိုလ်ကံရဲ့ အကျိုးလို့ ပြောချင်တာလား
Sent at 8:50 AM on Thursday
pyaesoneaung2007: ၀ဋ်က ဘုရားဖြစ်တဲ့အထိလိုက်တယ်လေ.. အင်္ဂုလိမာလ လူသတ်တာကျတော့ အကုသိုလ်ဖြစ်သွားတယ်.. ဒါပေမယ့် မဂ်မြင်လိုက်တော့ အဟောသိကံ ဖြစ်သွားရော .. ဘုရားလောင်း သူများကို ၀မ်းတော်လားအောင် ပြုမူခဲ့တာကျတော့ အဟောသိကံ မဖြစ်ဘူး.. အဲဒါကို နားမလည်တာ ဦးဇင်းရ
Sent at 8:54 AM on Thursday
အရှင်ဝိဇ္ဇောတ: အင်း... ဘုရားလောင်း လုပ်ခဲ့တာတွေဟာလည်း အကုသိုလ်တွေပဲလေ..
အင်္ဂုလိမာလ လုပ်တာတွေလည်း အကုသိုလ်တွေပဲ
အဲဒီလိုပဲ အဂုင်္လိမာလ လည်း ရဟန်းဖြစ်တော့ အကုသိုလ်အကျိုးကို ပြန်ခံရတာပဲလေ..
pyaesoneaung2007: အော် ဆွမ်းမလောင်းလှူတာတို့ ခဲနဲ့အပေါက်ခံရတာတို့ကိုလား
အရှင်ဝိဇ္ဇောတ: ဟုတ်တယ်လေ
နောက်ပြီး ဘုရားလောင်းလဲ လူသတ်ခဲ့ဖူးတယ်လေ..
အဲဒီအတွက်တော့ ပြန်အသတ်မခံရပါဘူး.
pyaesoneaung2007: အင် အဲဒါတော့မသိဘူး
အရှင်ဝိဇ္ဇောတ: နောက်ပြီး အင်္ဂုလိမာလလည်း လူသတ်တယ်လေ.
သူလဲ ပြန်အသတ်မခံရပါဘူး.
ကံတွေရဲ့ အကျိုးကို မှန်းဆလို့ မသိနိုင်ဘူး.. စိတ်ထားတစ်ချက်ပြောင်းတာနဲ့ ကံတွေဟာ အဟောသိကံလည်း ဖြစ်သွားနိုင်တယ်လေ
pyaesoneaung2007: တင်ပါ့
အရှင်ဝိဇ္ဇောတ: အားကြီးရာကို လိုက်ပြီးတော့ ကံတွေရဲ့ အကျိုးပေးဟာ ပြောင်းလဲ သွားတယ်
အဇာတသတ်ဟာ အဖေကို သတ်ခဲ့ ပေမယ့် အ၀ီစိ မကျဘူးလေ..
pyaesoneaung2007: တင်ပါ့ အဲဒါတော့သိတယ်
ဘုရားက နီဝရဏ တရားလား မသိဘူး အဇာတသတ်ကိုဟောလိုက်တာ
အရှင်ဝိဇ္ဇောတ: တရားနာပြီး ကံကို ကောင်းအောင်ပြင်နိုင်လို့ သူ့ရဲ့အဖသတ်တဲ့ ကံဟာ အကျိုးပေးပေမယ့် မထက်သန်တော့ဘူးလေ..
အမှန်တကယ်တော့ ကံနဲ့ ပတ်သက်ရင် အကြောင်းကံ ရယ်.. အကျိုးဝိပါက်ရယ် ..ဒီ၂ မျိုးပါပဲ
pyaesoneaung2007: တင်ပါ့
အရှင်ဝိဇ္ဇောတ: ဒါပေမယ့်
ကံတိုင်းက အကျိုးမပေးပါဘူး..
နောက်ပြီးတော့ အချိန်အခါကိုလည်း စောင့်သေးတယ်လေ
pyaesoneaung2007: တင်ပါ့
အော် တပည့်တော်နည်းနည်း သဘောပေါက်ပြီ
ဘုရားသူများကို ပြုမူခဲ့တဲ့အကုသိုလ်တွေက ဘာလို့ ၀ဋ်လိုက်လဲဆိုတော့ အဲဒီဘ၀မှာတင် မဂ်မြင်အောင် အားမထုတ်ခဲ့လို့
ဟုတ်လား မသိဘူး
အရှင်ဝိဇ္ဇောတ: အင်း...မဂ်မြင်လို့လဲ မရသလို..
မဂ်မြင်တာတောင်မှ နောက်ဘ၀ဆိုတာ ရှိသေးရင် မသေချာသေးဘူး
အကျိုးပေးက ခံရမှာပဲ
pyaesoneaung2007: အဲလိုလား
ဦးဇင်း ဘုရားလောင်း လူသတ်ခဲ့တာ ဘယ်ဇာတ်လဲ မသိဘူး
သိချင်လို့ပါ
ဦးဇင်း အဆင်ပြေရင်
Sent at 9:13 AM on Thursday
အရှင်ဝိဇ္ဇောတ: ဘုရားလောင်းက ဗျာဒိတ်ရပြီးနောက်ပိုင်းမှာ မုသာဝါဒကံတစ်ခုပဲ လုံးဝမလွန်ကျူးခဲ့တာလေ
အဲဒါကြောင့်မို့လို့ ဘုရားလောင်းဟာ တိရစ္ဆာန်ဘ၀လည်း ရောက်ခဲ့ရတာပဲ
pyaesoneaung2007: တင်ပါ့
အရှင်ဝိဇ္ဇောတ: ဘုရားရဲ့ လက္ခဏာတော်တွေမှာ ဥဏ`ဏလုံ(ဏကြီးက ၂ လုံးဆင့်ခင်ဗျ၊ ကျွန်တော့်စက်က ရိုက်မရလို့) မွေးရှင်တော်ဆိုတာ ရှိတယ် (ဥဒ္ဓဂ္ဂလောမတာ လက္ခဏာတော်)
အဲဒါဟာ မုသာဝါဒကံကို လုံးဝ မလွန်ကျူးခဲ့လို့ ပေါ့
pyaesoneaung2007: တင်ပါ့
အရှင်ဝိဇ္ဇောတ: ဒါပေမယ့် တခြားရောက်ရတဲ့ ဘုံဘ၀တွေကို ကြည့်ရင် ဘုရားလောင်းဟာ တခြားကံတွေကို ကျူးလွန်ခဲ့တယ်ဆိုတာ သိရတာပေါ့.
နောက်တော့ ဇာတ်တော် ပြောပြမယ်..
pyaesoneaung2007: တင်ပါ့
အရှင်ဝိဇ္ဇောတ: ဘုရားလောင်း ကြွက်ဘ၀တုန်းကလဲ.. မြေခွေးကို ကိုက်သတ်ခဲ့ဖူးတယ်.. ကြွက်အမျိုးတွေကို မြေခွေးက စားလို့လေ
နောက်တော့ ရှာထားပေးမယ်.. ဇာတ်တော်နာမည်တွေကို
pyaesoneaung2007: အာ… ရတယ် ဦးဇင်း
ဒီလောက်ဆို ရပါတယ်
ဦးဇင်း အလုပ်ပျက်ပါတယ်
အရှင်ဝိဇ္ဇောတ: တခြားသေရည်သောက်တာတို့
နောက်ပြီး သူများသားမယားပျက်စီးအောင် ကြံစည်တာတို့ ရှိသေးတယ်.. ဒါတွေက ဟိုတုန်းက ကံတွေလေ..
pyaesoneaung2007: တင်ပါ့ ဦးဇင်း
အရှင်ဝိဇ္ဇောတ: အဲဒါကြောင့် မို့ ၅၅၀ ဇာတ်တော်တွေမှာ
ဘ၀မျိုးစုံ ဖြစ်နေတာပေါ့
ခဏလေး…
အပြင်သွားဦးမယ်
pyaesoneaung2007: တင်ပါ့
အရှင်ဝိဇ္ဇောတ: http://ifile.it/l0gf3va/2008sangaahshinviyiya.wma
ဒါလေးကို ဒေါင်းလုပ်ယူလိုက်.. ပြီးရင် နာကြည့်ပေါ့..
pyaesoneaung2007: တင်ပါ့ဦးဇင်း
အရှင်ဝိဇ္ဇောတ: အဲဒီမှာ ဘုရားလောင်းအကြောင်း နည်းနည်းပါတယ်
pyaesoneaung2007: ကျေးဇူးပါနော်ဦးဇင်း
ဦးဇင်းတော်တော်လေး စိတ်ရှည်တာပဲ
ဖိုးသားလည်း သိချင်တာလေးတွေ စိတ်ထဲ မတင်မကျဖြစ်နေတာလေးတွေ မေးကြည့်တာ

လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား
08.01.2009, THU:, 09:51:03 AM
0 comments