ဘုန်းဘုန်း တစ်ပါး ရေးစပ်ထားတဲ့ ကဗျာကောင်းလေးပါခင်ဗျာ... အားလုံးမျှဝေခံစား သင်ခန်းစာရစေရန် အလို့ငှာ ကူးယူဖော်ပြလိုက်ရခြင်းပါ။
လေညင်းလေးရဲ့ အနမ်း
မခံနိုင်တဲ့ ပန်း
ကြွေစမ်းပါစေ
လောကဓံ လေညင်း
ဒေါသမာန် ထန်ပြင်းရင်တော့
ပိုခက်ပြီပေါ့...ပန်း။
သေခြင်းဝေးတဲ့ နန်း
စံနိုင်တဲ့ လမ်း
ရှည်စမ်းပါစေ
လောက အမှန် သေခြင်း
သဘောမကျ အမှန် ခံငြင်းချင်တော့
ကိုယ်ဆက်ပြီပေါ့ ...လမ်း။ ။
ဒီနှင်းနေ
လောကကြီးအား ချစ်တတ်အောင် ကြိုးစားလျက်
အဖြူရောင်မေတ္တာများဖြင့်
ဖိုးသား
04.01.2009, SUN:, 09:25:02 PM
Latest News
0 comments