Latest News

*ဒီစိတ်...*

ငါ့ဘ၀င်မှာ

မထချင်ပေမယ့်လို့

ဘ၀အစဉ်ပြတ်အရေး

မျှော်တွေးကာအားထုတ်

တရားအလုပ်, လုပ်မှာမို့

ဒီစိတ် ကလေးကို ပြန်ကာရှု

နိုးထမှုပြုခဲ့...။



တစ်ခါတစ်လေ

လုပ်နေကျအလုပ်တွေ

လုပ်နေကျအချိန်မှာ

ပုံမှန်လုပ်နိုင်ဖို့

သွေဖီ မိုက်မဲ

ခက်ခဲနေလိုက်တာ

အလေလိုက်တဲ့ ဒီစိတ် ကြောင့်...။



အလျှော့ပေးပေါင်းများတော့လည်း

လျော့ကျနေတဲ့ ဒီစိတ်

အတိတ်မှာပျော်

အနာဂတ်မျှော်လို့

အော်...

လက်ရှိမှာတော့

တော်တော်နေသားမကျတာပဲ...။



သာယာလိုက်... ပျော်မွေ့လိုက်...

စိတ်ကွက်လိုက်... အလိုမကျလိုက်...

ပျင်းရိလိုက်... ထိုင်းမှိုင်းလိုက်...

လူးလွင့်လိုက်... စီးမျောလိုက်...

လှုပ်ရှားလိုက် ...ဆောက်တည်ရာမဲ့လိုက်...

ယုံမှားလိုက်... သံသယဖြစ်လိုက်...

အော်... ဒီစိတ် နှယ်

ဂနာကို မငြိမ်ပါလားနော်...။



အဆိပ်ကို အဆိပ်နဲ့ ဖြေသတဲ့

သိုင်းကားတွေထဲမှာလေ...။



ခုတော့ ငါလည်း

အစိုးမရတဲ့ ဒီစိတ်

အလေလိုက်တဲ့ ဒီစိတ်

ဂနာမငြိမ်တဲ့ ဒီစိတ်

အစိုးရအောင် အားပြု

အဆိပ်ကို အဆိပ်နဲ့ ကုစားသလို

စိတ် ကို စိတ် နဲ့ပဲ ရှုပွားရတော့မပေါ့...။



လေးစားစွာဖြင့်
ဖိုးသား

07/02/2009, SAT:, 9:32:09 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. အတော်မှန်တယ် ခမျာ ...

Leave a Reply