*တီလေး (သစ္စာအလင်း)သို့ ပေးစာ*
တီတီ တီတီ့သားအတွက် တအားခံစားနေရလား...
အမေ့ကိုတောင် သတိရလာတယ် တီတီရာ.. သားအမေ့ကို ဟိုတစ်ခါ နောက်ဆုံးစကားပြောခဲ့တုန်းက နည်းနည်း ရင့်ရင့်သီးသီး ပြောလိုက်မိတယ်.. အဲဒါကလည်း အမေ့အတွက်ပါ... အမေက သားအပေါ် တအား သံယောဇဉ်ကြီးတယ်လေ... အဲဒါကို သားကကြောက်တာ ... အမေသေရင် အဲဒီသံယောဇဉ်အစွဲက အပါယ်ကိုပို့မှာလေ... ဒါကို သားမြင်တော့ အမေသားကို အဲဒီလောက် စိတ်ပူမနေပါနဲ့... သားလည်း အမေ့ကို စိတ်မပူဘူး.. နောက် ဖုန်းလည်း ဆက်ချင်မှ ဆက်တော့မယ်... အမေ သားအရင် ပြောပြထားတဲ့ တရားသဘောလေးတွေ နှလုံးသွင်းပြီးသာ နေပါ... စသဖြင့်ပေါ့ တီလေးရာ...
အဓိကကတော့ သားအပေါ် အမေသံယောဇဉ် တဖြေးဖြေး နည်းလာအောင် ရည်ရွယ်တာပါပဲ... ဒါပေမယ့်လည်း အဲလို လုပ်လိုက်တာက အမေ့အပေါ် မတရားရာ ကျသွားမလားပဲ... ဒါပေမယ့်လည်း သားဒီအတိုင်းပဲ ဆက်နေလိုက်တယ်... အဲလိုအမေ့ကို ပြောပြီးကတည်းက သားအမေနဲ့ စကားမပြောဖြစ်သေးဘူး ဒီနေ့ထိ... အမေ့ကို မချစ်လို့မဟုတ်ပါဘူး တီလေး သားဒီလိုလုပ်တာ.. တအားချစ်လို့ပါ... တီလေး တီလေးသားအပေါ်ထားတဲ့ မေတ္တာတွေ မြင်ရ ကြားရ ဖတ်ရတော့ အမေနဲ့ နှိုင်းယှဉ်ပြီး အမေ့မေတ္တာတွေကို သတိရ တမ်းတတယ် တီလေးရာ... သားအမေလည်း တီတီ့လို ဘာသာရေး အသိလေးတွေ ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ တီလေးရာ… မျက်ရည်တောင် ကျလာတယ် ရေးရင်းနဲ့…
သား ကိုဝင်းမြင့် ဆုံးမစကားလေးတွေနဲ့ အမေ့ကို ပြောပြထားပေမယ့် အမေဆိုတော့လည်း သားအပေါ်စွဲတဲ့ အစွဲက မသေးဘူး တီလေးရယ်…
ဒါတွေပြောလို့ တီလေးလည်း စိတ်မကောင်း ဖြစ်နေဦးမယ်... ထားလိုက်ပါ... ဒီအတိုင်းလေးပဲ ကောင်းပါတယ်... အမေတဖြေးဖြေး စိတ်ငြိမ်လာမှာပါ... သားအဲလိုပဲ မျှော်လင့်ပါတယ်လေ...
တီလေးကျန်းမာပါစေ...
လေးစားစွာဖြင့်
ဖိုးသား
2/22/2009, SUN:, 11:18:58 AM

February 22, 2009 at 1:26 AM
မင်္ဂလာပါ ညီလေးပြည့်စုံအောင်
”အချိန်တွေကုန်နေတာမဟုတ်၊ သက်တမ်းတွေကုန်နေတာ” ဆိုတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ စကား မိုးကြိုးသွားကဲ့သို့ပါပဲ ထိမှန်လှပါတယ်။ နှစ်ကူးလို့ ပျော်ကြနေကြတဲ့အချိန်မှာ သေမယ့်အခါကို ဘယ်သူမှ မမြင်ကြတာလည်း ဝမ်းနည်းစရာတစ်ခုဖြစ်ခဲ့ပါတယ်။ အခု ၂၀၀၉ မှာ အကို့ပတ်ဝန်းကျင်မှာ ဆရာဆုံးသွားပြီ၊ အဖေဆုံးသွားပြီ၊ အမေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို ကြားနေရတယ်ညီလေး...သူတို့လေးတွေက တရားဓာတ်ခံရှိထားသမို့ သိပ်ပြီးတော့ ပွဲမပျက်ကြဘူး၊ တည်ငြိမ်စွာနဲ့ သံဝေဂတရားတွေ ပြောပြပြီးတော့ အလှူဒါနပြုကာ ကျေးဇူးပြုကြတယ်။
ငယ်ပေမယ့် တရားလွယ်ထားတော့ အရွယ်နှင့်မမျှ ရင့်သန်ကြတယ်ညီလေး.. အကိုလည်း ကိုယ့်အသေကိုမြင်ပြီးတော့ ကိုယ့်မိဘအသေကို ဆင်ခြင်ကြည့်တယ်...ဒါတွေဆင်ခြင်စမှာ မဆင်ခြင်ဝံ့ဘူး။ တဏှာက တွန့်နေတာ။ နောက်တော့မှာ သံပုရာသီး အလုံး အကြီး အသေးသာ ကွာတယ်၊ ချည်တာချည်းတော့ အတူပါလားဆိုတာကို အသိခိုင်မာသွားတယ်ညီလေး...ဆိုလိုတာက မိဘ သားသမီးဆိုတာ မိဘနှင့် သားသမီးအားဖြင့် ကွာခြားပေမယ့် ဒုက္ခသစ္စာချည်းပါပဲ။ကိုယ်စီမှာ ဒုက္ခသစ္စာသဘောရှိသမို့ ဒုက္ခသစ္စာတွေ ရှေ့ဆင့်နောက်ဆင့်တွေ ပြနေကြပါတယ်လို့သာ သူတို့ကို လောကဝတ်မပါ ဒီလိုသာဆိုချင်ပါတယ်ကွ ဆိုတဲ့ စကားနဲ့ အကိုစကားဆိုခဲ့ပါတယ်။
နာဂစ်တုံးက- မင်းတို့မိသားစုက ဘယ်လိုတုံးလို့ မေးတော့…ကျွန်တော်တို့ မိသားစုက နာဂစ်ဒဏ်တော့ မမိပါဘူးဗျာ၊ သို့ပေမယ့် အိုဒဏ်၊ နာဒဏ်၊ သေဒဏ်တွေကတော့ အပ်ချုပ်စက်က အပ်သွားခုတ်နေသလိုပါပဲ တရစပ်ခုတ်ချက် မိနေတာပါပဲလို့။ နာဂစ်မှာ လူတို့က မသာပြ၊ ကိုယ်ကလည်း အသုဘပါပဲလို့။ ဒီတော့ သိပ်ထူးတဲ့အရာမှမဟုတ်ဘဲ လွမ်းဆွေးကာ ရူးနေသူမှာ သိပ်ထူးနေလို့သာပါပဲ။ မရူးချင်ရင် ထူးလို့မတော်ဘူး၊ ထူးလားမထူးလားဆိုတာက ခန္ဓာကို ဉာဏ်လက်ညိုးတစ်ချက်ထောက်လိုက်ရင် သိပါပေတဲ့။ ဖြစ်ပျက်သဘာတစ်ခု သက်သက်ဖြင့်သာ ဒီခန္ဓာက ရိုးရိုးလေးပါဗျတဲ့။ ဒီတော့ ဒါကြီးကို ရှယ်လုပ်ပြီးတော့ အမယ်….မာန်တက်ကာ ဟန်ပြုနေလို့မတော်ပါဘူး။ နောက်ထပ်အရူးဘွဲ့သာ ထပ်ခါရဖို့ပဲနော။
ဒီသဘောမျှဖြင့် သံဝေဂ ယူစရာလေးတွေပါ။ သံဝေဂ ဆိုတာသည် မဂ်ဆိုတဲ့ အဆင့်ကိုတက်ဖို့ လှေကားသဖွယ်ကျေးဇူးပြုပါတယ်။ ဒါကြောင့် သူက အခြေခံအားဖြင့် အရေးပါ အရာ ရောက်ပါတယ်။ ဒါကြောင့် ကိုယ်က အသိနောက်မကျဖို့သာ အရေးကြီးပါသည်။
လေးစားစွာဖြင့်
ဝင်းမြင့်
February 22, 2009 at 3:57 AM
စွဲလမ်းမှုတဏှာဆိုတာ အင်မတန်ပူလောင်ရပါတယ်...
မိဘနဲ့ သားသမီး၊ ခင်ပွန်းနဲ့ ဇနီး။ စသည်စသည်ဖြင့် ...ပေါ့လေ.... ဒါတွေကလည်း ချစ်တဲ့အချစ်ပေါ်မှာ လိုက်ပြီး အပူအနည်းအကျဉ်းပဲကွာပါတယ်......
တရား အသိရင်မှာပိုက်ပါ မောင်လေး...
February 22, 2009 at 4:29 AM
comment ပေးမလို. ၀င်လာလိုက်တာ ကိုဝင်းမြင့် ရေးထားတဲ့ comment ကို တွေ.တော့ မရေးရဲတော့ဘူး၊ ကိုဝင်းမြင့်ရဲ. စာတွေက ထိရောက်တယ်လေ၊ ကျွန်တော်တော့ အဲလောက်မရေးနိုင်ဘူး။