Latest News

*တီလေး (သစ္စာအလင်း)သို့ ပေးစာ၏ နောက်ဆက်တွဲ (သို့) ကိုဝင်းမြင့်မှ ပေးစာ*

ကျွန်တော် *တီလေး (သစ္စာအလင်း)သို့ ပေးစာ* ပို့လေး တင်အပြီးမှာ ကိုဝင်းမြင့် က အဲဒီပို့စ်လေးကို ၀င်ရောက် ကွန်မန့်ပေးသွားပါတယ်... အဲဒီကွန်မန့်လေးကိုလည်း စာရှုသူများ ခံယူကျင့်သုံးနိုင်ရန် အလို့ငှာ ပို့စ်တစ်ခု အနေနဲ့ ထပ်ပြီး ဖော်ပြ မျှဝေလိုက်ပါတယ်...။
-----

မင်္ဂလာပါ ညီလေးပြည့်စုံအောင်

”အချိန်တွေ ကုန်နေတာမဟုတ်၊ သက်တမ်းတွေ ကုန်နေတာ” ဆိုတဲ့ မိုးကုတ် ဆရာတော် ဘုရားကြီး၏ စကား မိုးကြိုးသွားကဲ့သို့ပါပဲ ထိမှန်လှပါတယ်။ နှစ်ကူးလို့ ပျော်ကြနေကြတဲ့ အချိန်မှာ သေမယ့်အခါကို ဘယ်သူမှ မမြင်ကြတာလည်း ဝမ်းနည်းစရာ တစ်ခုဖြစ်ခဲ့ပါတယ်။ အခု ၂၀၀၉-မှာ အကို့ပတ်ဝန်းကျင်မှာ ဆရာဆုံးသွားပြီ၊ အဖေဆုံးသွားပြီ၊ အမေဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကို ကြားနေရတယ် ညီလေး... သူတို့လေးတွေက တရားဓာတ်ခံ ရှိထားသမို့ သိပ်ပြီးတော့ ပွဲမပျက်ကြဘူး၊ တည်ငြိမ်စွာနဲ့ သံဝေဂတရားတွေ ပြောပြပြီးတော့ အလှူဒါနပြုကာ ကျေးဇူးပြုကြတယ်။ငယ်ပေမယ့် တရားလွယ်ထားတော့ အရွယ်နှင့်မမျှ ရင့်သန်ကြတယ် ညီလေး..

အကိုလည်း ကိုယ့်အသေကို မြင်ပြီးတော့ ကိုယ့်မိဘအသေကို ဆင်ခြင်ကြည့်တယ်... ဒါတွေဆင်ခြင်စမှာ မဆင်ခြင်ဝံ့ဘူး။ တဏှာက တွန့်နေတာ။ နောက်တော့မှာ သံပုရာသီး အလုံး အကြီး အသေးသာ ကွာတယ်၊ ချဉ်တာချည်းတော့ အတူပါလားဆိုတာကို အသိခိုင်မာ သွားတယ်ညီလေး... ဆိုလိုတာက မိဘ သားသမီးဆိုတာ မိဘနှင့် သားသမီးအားဖြင့် ကွာခြားပေမယ့် ဒုက္ခသစ္စာချည်းပါပဲ။ ကိုယ်စီမှာ ဒုက္ခသစ္စာ သဘောရှိသမို့ ဒုက္ခသစ္စာတွေ ရှေ့ဆင့်နောက်ဆင့်တွေ ပြနေကြပါတယ်လို့သာ သူတို့ကို လောကဝတ်မပါ ဒီလိုသာဆိုချင်ပါတယ်ကွ ဆိုတဲ့ စကားနဲ့ အကိုစကားဆိုခဲ့ပါတယ်။

နာဂစ်တုန်းက- မင်းတို့မိသားစုက ဘယ်လိုတုန်းလို့ မေးတော့… ကျွန်တော်တို့ မိသားစုက နာဂစ်ဒဏ်တော့ မမိပါဘူးဗျာ၊ သို့ပေမယ့် အိုဒဏ်၊ နာဒဏ်၊ သေဒဏ်တွေကတော့ အပ်ချုပ်စက်က အပ်သွား ခုတ်နေသလိုပါပဲ တရစပ်ခုတ်ချက် မိနေတာပါပဲလို့။ နာဂစ်မှာ လူတို့က မသာပြ၊ ကိုယ်ကလည်း အသုဘပါပဲလို့။

ဒီတော့ သိပ်ထူးတဲ့ အရာမှ မဟုတ်ဘဲ လွမ်းဆွေးကာ ရူးနေသူမှာ သိပ်ထူးနေလို့သာပါပဲ။ မရူးချင်ရင် ထူးလို့မတော်ဘူး၊ ထူးလားမထူးလား ဆိုတာက ခန္ဓာကို ဉာဏ်လက်ညိုး တစ်ချက် ထောက်လိုက်ရင် သိပါပေတဲ့။ ဖြစ်ပျက်သဘာတစ်ခု သက်သက်ဖြင့်သာ ဒီခန္ဓာက ရိုးရိုးလေးပါဗျတဲ့။ ဒီတော့ ဒါကြီးကို ရှယ်လုပ်ပြီးတော့ အမယ်… မာန်တက်ကာ ဟန်ပြုနေလို့ မတော်ပါဘူး။ နောက်ထပ်အရူးဘွဲ့သာ ထပ်ခါရဖို့ပဲနော။

ဒီသဘောမျှဖြင့် သံဝေဂ ယူစရာလေးတွေပါ။ သံဝေဂ ဆိုတာသည် မဂ်ဆိုတဲ့ အဆင့်ကိုတက်ဖို့ လှေကားသဖွယ် ကျေးဇူးပြုပါတယ်။ ဒါကြောင့် သူက အခြေခံအားဖြင့် အရေးပါ အရာ ရောက်ပါတယ်။ ဒါကြောင့် ကိုယ်က အသိနောက်မကျဖို့သာ အရေးကြီးပါတယ် ညီလေး…။

လေးစားစွာဖြင့်
ဝင်းမြင့်
---
လေးစားရိုသေစွာဖြင့်
ဖိုးသား

2/22/2009, SUN:, 3:48:09 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply