Latest News

*အရှင်ဝိဇ္ဇောတနှင့် ရောက်တတ်ရာရာ*

5:17 PM me: ဦးဇင်း ဟိုတစ်ခါ သပိတ်အကြောင်းလဲ မပြောတော့ဘူး

5:18 PM အရှင်ဝိဇ္ဇောတ(25.9.85): ဦးဇင်းက ဈာန်ရအောင် လုပ်နေတာ

me: နောက်မှလုပ်

အရှင်ဝိဇ္ဇောတ(25.9.85): အမေ့ကျင့်နေတာ

me: ထားပါ ပြောပြဦး လေ

5:19 PM အရှင်ဝိဇ္ဇောတ(25.9.85): သိပြီးပြီ မဟုတ်လား

me: အမဲရောင် ကိစ္စ သိချင်တယ်

အရှင်ဝိဇ္ဇောတ(25.9.85): ဦးဇင်းတောင် ဖတ်လိုက်ရသေးတယ်
စာထဲမှာ ပါတယ်လေ.. ရဟန်းနဲ့ အပ်စပ်တဲ့ အရောင်ဖြစ်အောင် မီးဖုတ်ရမယ်တဲ့
မည်းနက်သွားအောင်ပေါ့

5:20 PM ဦးဇင်းတို့ကတော့ ၅ ကြိမ်လောက် ဖုတ်တယ်

me: ဘာကိုလဲ

အရှင်ဝိဇ္ဇောတ(25.9.85): သင်္ကန်းဆိုလည်း အရောင်ရှိတာပဲ
သပိတ်ကို မီးဖုတ်တာလေ

me: ဘယ်တုန်းက မီးဖုတ်တာလဲ
ကြားဖူးပါဘူး

5:21 PM အရှင်ဝိဇ္ဇောတ(25.9.85): တစ်နှစ်တစ်ခါလောက်ပေါ့
တစ်ခါတစ်လေတော့လည်း ၂ နှစ်လောက်မှ ဖုတ်တယ်

me: အော် အဲဒါတကယ်လား

အရှင်ဝိဇ္ဇောတ(25.9.85): စားတဲ့သပိတ်ကို ဖုတ်တာလေ
နှမ်းဆီနဲ့ ဖုတ်တာ
နှမ်းဆီကို အရင်ချက်ရတယ်

me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): ပြီးမှ ဖုတ်တာ
စတီးသပိတ်တွေကို ဖုတ်တာလေ

me: နဂိုကတည်းက မည်းပြီးသားကို
5:22 PM အော်
တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): မည်းပြီးသားသပိတ်က သံသပိတ်တွေလေ

me: စတီးသပိတ်ဖုတ်တော့ မည်းလို့လား ဦးဇင်းရ

အရှင်ဝိဇ္ဇောတ(25.9.85): အပြင်က မံထားတာလေ
မည်းတာမှ ပြောင်နေတာပဲ
5:23 PM ၅ ကြိမ်လောက်တော့ ဖုတ်ရတယ်

me: တင်ပါ့.. မကြားဖူးလို့.. သိလည်းမသိဘူးလေ
ဖိုးသားတို့ဘက်မှာ မတွေ့ဘူးလို့
နောက်တစ်ခု သိချင်တယ် ဦးဇင်း

အရှင်ဝိဇ္ဇောတ(25.9.85): ဟုတ်တယ်.. ရှားတယ်လေ

me: ခဏ
5:25 PM ဟို မြတ်စွာဘုရားက ခုရဟန်းတွေလို ကန်တော့ ကတုံး လား.. ဒါမှမဟုတ် ဆံပင်နဲ့လား
အဲဒါ သိချင်လို့

အရှင်ဝိဇ္ဇောတ(25.9.85): ကတုံးပဲလေ
အာ
ဒီကလေးတော့

5:26 PM me: စတာ မဟုတ်ဘူး
တကယ်မေးတာ

အရှင်ဝိဇ္ဇောတ(25.9.85): ရဟန်းခံ ရှင်ပြုရင် ဆံချရတယ်လေ

me: နားမလည်လို့

အရှင်ဝိဇ္ဇောတ(25.9.85): မသိဘူးလား

me: တင်ပါ့
သိပါတယ်
ဓါတ်ပုံတွေထဲမှာ ကျတော့ ဆံပင်နဲ့လေ

အရှင်ဝိဇ္ဇောတ(25.9.85): ခေါင်းရိတ်.. သင်္ကန်းဝတ်.. သရဏဂုံယူ

me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): အဲဒါက နည်းနည်းလေ.. ဆံပင်ကို လက်၂ သစ်ထားလို့ ရတယ်ပြောတယ်
5:27 PM ဘယ်သူမှတော့ မထားပါဘူး

me: တင်ပါ့
ခု ဘုရားပုံတွေဆို ဆံပင်တွေနဲ့လေ

အရှင်ဝိဇ္ဇောတ(25.9.85): အင်းလေ

me: အဲဒါကြောင့်မေးတာ

အရှင်ဝိဇ္ဇောတ(25.9.85): ဘုရားကတော့ ဟုတ်တာပေါ့

me: မအပ်စပ်လို့
အန် ဘာလို့လဲ

အရှင်ဝိဇ္ဇောတ(25.9.85): ဒါပေမယ့် အပေါ်မှာ ပုံနေတာတော့ မဟုတ်ဘူး

me: တင်ပါ့
5:28 PM ခုဟာက ဆံထုံးထုံးထားသလိုမျိုးကြီးလေ

အရှင်ဝိဇ္ဇောတ(25.9.85): အလောင်းတော်ဘ၀ အနော်မာကမ်းခြေမှာ ဆံပယ်တော့

me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): ပြောင်နေအောင် ရိတ်တာ မဟုတ်ဘူးလေ

me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): သန်လျက်နဲ့ ဖြတ်လိုက်တာလေ
ကျန်ခဲ့တဲ့ ဆံပင်တွေကို လက်နဲ့ လက်ယာရစ် ပတ်လိုက်တယ်..
ခေါင်းမှာ ကပ်နေတာပေါ့

5:29 PM me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): နောက်ထပ် မတို မရှည်တော့ဘူး
ဒီအတိုင်းပဲ
လက်နှစ်သစ်လောက်ရှိမှာပေါ့..

me: တင်ပါ့
နောက်တစ်ခုမေးဦးမယ်

5:31 PM ပဉ္စ၀ဂ္ဂီငါးဦးကို စတရားဟောတော့ အဲဒီငါးဦးက ဆံပင်တွေနဲ့တဲ့.. နောက် ၀တ်ရုံတွေကလည်း သင်္ကန်း မဟုတ်လောက်ဘူး... တရားနာပြီးမှ သူ့အလိုလို ကတုံးဖြစ်.. ၀တ်ရုံတွေလည်း သင်္ကန်းရောင် ပြောင်းတာလား..

အရှင်ဝိဇ္ဇောတ(25.9.85): ဟုတ်ပ
5:32 PM ဘုရားက သူတို့ တရားရပြီး ရဟန်းဝတ်ချင်ပါတယ်လို့ လျှောက်မှ ဧဟိဘိက္ခု လို့ ခေါ်လိုက်တာ

me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): အလိုလို သင်္ကန်းတွေ ပြောင်းသွားတာ
ပရိက္ခရာ အစုံပေါ့

me: တင်ပါ့

5:33 PM အရှင်ဝိဇ္ဇောတ(25.9.85): အဲဒါ အရင်ဘ၀တွေက သင်္ကန်းပရိက္ခရာတွေကို လှူခဲ့လို့လေ
ရဟန်းက ၈ မျိုးတောင်ရှိတယ်လေ

me: မသိဘူး...
အဲ နောက်

5:34 PM ဒီငါးဦးကို သရဏဂုံပေးတော့ သရဏဂုံ ၂ ပါးပဲ ရှိတယ်တဲ့.. ဘယ်လိုခေါ်တာလဲ မသိဘူး မေ့သွားလို့
ဒွေဝါသိကလား
5:35 PM ပြန်ကြည့်လိုက်ဦးမယ်

5:36 PM အရှင်ဝိဇ္ဇောတ(25.9.85): ဘာမှမပေးဘူး
ပြန်ကြည့်မနေနဲ့

me: ဒါပေမယ့် အခေါ်အ၀ါ် ရှိတယ်ဆို

အရှင်ဝိဇ္ဇောတ(25.9.85): ha ha
း)

5:37 PM me: မရယ်နဲ့နော် ဘလော့မှာတင်မှာ
ဟဲ ဟဲ

အရှင်ဝိဇ္ဇောတ(25.9.85): ဒါတွေပြန်ဖျက်

me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): ကဲ ကဲ

me: ပြောဖူးတယ် ဘုန်းဘုန်းနာယက
မေ့သွားလို့

အရှင်ဝိဇ္ဇောတ(25.9.85): ဒွေဝါစိကတို့
5:38 PM တေ၀ါစိကတို့ပေါ့

me: သိရဲ့သားနဲ့ ဦးဇင်းကလည်း

5:39 PM အရှင်ဝိဇ္ဇောတ(25.9.85): သုဇာတ ကိုပေးတယ်

me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): နောက်ပြီးတော့ တဖုဿ ညီနောင်

me: တင်ပါ့ အဲဒါလည်း သိတယ်
သုဇာတက နောက်မှလေ
ဟုတ်လား မသိဘူး

5:40 PM အရှင်ဝိဇ္ဇောတ(25.9.85): သုဇာတက တေ၀ါစိက လေ

me: တင်ပါ့
မေးလေ အရသာရှိလေပဲ..
ဖိုးသားလည်း အဲလိုဖြေချင်တာ..
ကြွားလိုစိတ်တော့ ဟုတ်ဘူး

5:41 PM အရှင်ဝိဇ္ဇောတ(25.9.85): စာဖတ်ရင် သိတာပဲ

me: ဗုဒ္ဓဘာသာ အကြောင်း ပေါ့
တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): ဘာမှ မဟုတ်ဘူး

me: ဘလော့မှာ တစ်ယောက် က
5:42 PM ယသော်ဓရာ အကြောင်းကို မွေးကနေ သေတဲ့ အထိ သိချင်လို့တဲ့လေ
နာမည်လောက် ကြားဖူးတာ ဖိုးသားက

အရှင်ဝိဇ္ဇောတ(25.9.85): အင်း နောက်မှ ပေါ့လို့

me: တင်ပါ့
5:44 PM နောက်ပြီး ၃၅ နှစ်ကလည်း ထူးဆန်းတယ်လို့ပြောတယ်

အရှင်ဝိဇ္ဇောတ(25.9.85): ဘာကိုလဲ

me: မြတ်စွာ ဘုရား ဘုရားဖြစ်တာ သက်တော် ၃၅
မိုဟာမက်လည်း သူ့ကိုယ်သူ ကယ်တင်ရှင်လို့ ကြေငြာတာ ၃၅
5:45 PM ခရစ်လည်း အဲလိုပဲ
၃၅ တဲ့

အရှင်ဝိဇ္ဇောတ(25.9.85): သူတို့ဟာတော့ နောက်မှပြော

me: တင်ပါ့

အရှင်ဝိဇ္ဇောတ(25.9.85): ဘုရားက နှစ်အတိအကျရှိတယ်လေ

me: အော် တင်ပါ့

5:47 PM နောက် ဦးဇင်း
5:48 PM သာသနာ တကယ့်တကယ်ကွယ်ရင် ဘုရားရဲ့ ဓါတ်တော်တွေက (အဲ မေ့ပြန်ပြီ.. ဈာဉ်ရတော့မယ်ထင်တယ်...) ဘယ်မှာ သွားစံပယ် တာလဲ မသိဘူး
မနေ့ကတင် နာလိုက်တာ
ခုမေ့သွားတယ်
ဘုရားပွင့်တဲ့ နေရာပဲထင်တယ်

5:49 PM အရှင်ဝိဇ္ဇောတ(25.9.85): ဟုတ်တယ်
ဗောဓိပင်အောက်က ပလ္လင်နေရာမှာ ထင်တာပဲ

5:50 PM me: ဟုတ်တယ်...
ဒါပေမယ့် အဲဒီပလ္လင်က ရှိသေးလို့လား

အရှင်ဝိဇ္ဇောတ(25.9.85): နေရာပြောတာလေ

me: ဗောဓိပင်တော့ ဓါတ်ပုံထဲမှာ တွေ့ဖူးတယ်
တင်ပါ့

5:51 PM သာသနာ ငါးမျိုးတဲ့.. မမှတ်လိုက်ရဘူး...
ဘုန်းဘုန်းကောရဲ့ ပဋ္ဌာန်းထဲမှာ

အရှင်ဝိဇ္ဇောတ(25.9.85): ဒါဆို ပြန်နာလိုက်ဦး

me: လုပ်ပြီ
5:52 PM ဦးဇင်းကလည်း မေးရင် အကုန်ဖြေတာပဲ.. တော်တော်သဘောကောင်းပ
တခြားဆရာတော် ဆို အနီးမှာရှိရင် ကြိမ်နဲ့ ရိုက်မလားပဲ
ဖားထားတာနော် အဟဲ

အရှင်ဝိဇ္ဇောတ(25.9.85): ဘာလို့ ရိုက်မှာလဲ
5:53 PM ဟိုတစ်နေ့ ကိုသုခ ချောကလက်ပို့လိုက်သေးတယ်

me: ဒီလောက် အမေးအမြန်း ထူရမလား ဆိုပြီးတော့

အရှင်ဝိဇ္ဇောတ(25.9.85): လူကြုံရှိလို့ဆိုပြီး

me: ဟုတ်လား
အော်
ဦးဇင်း လိပ်စာ ပေးပါလား

5:54 PM အရှင်ဝိဇ္ဇောတ(25.9.85): မပေးပါဘူး

me: ဖိုးသားလည်း အဆင်ပြေရင် တစ်ခုခုပို့ပေးမယ်
အန်
ဘာလို့လဲ

အရှင်ဝိဇ္ဇောတ(25.9.85): ပို့မနေပါနဲ့

me: လှူတာပေါ့ ဦးဇင်းရ
ဒီမှာ ပြန်ကြတော့မယ့် သူတွေရှိတယ်...
သူတို့ အဆင်မပြေလည်း ပါဆယ်ပို့လို့ ရတယ်လေ

5:55 PM လုပ်ပါ
လိပ်စာ
နောက်လည်း ပေးရမှာပဲ
လာလည်ရင်လေ
မလာတတ်ဘူး
5:56 PM ကိုသုကျတော့ ပေးပြီးတော့
ခွဲခြားခွဲခြားနဲ့

အရှင်ဝိဇ္ဇောတ(25.9.85): သူက ဒီအတိုင်းတောင်းတာလေ
ဦးဇင်းနာမည်နဲ့
ကျောင်းနာမည်နဲ့ ရေးလိုက်
ပြီးရောပေါ့

me: ပါဆယ်ပို့ရင် လိုတယ်လေ

5:57 PM အရှင်ဝိဇ္ဇောတ(25.9.85): နေရာကတော့
အောက်ဝါးနက်ချောင်းကျေးရွာ၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်း။
ဒါပါပဲ
ဘာမှတော့ မပို့ပါနဲ့

5:59 PM me: ပြန်ကျွေးရမှာ ကြောက်လို့နဲ့ တူတယ်
ဟဲ ဟဲ

အရှင်ဝိဇ္ဇောတ(25.9.85): အော်

6:00 PM me: လှူရမယ် ဦးဇင်းရ.. မသေခင်လေး..
တတ်နိုင်သလောက်ပေါ့

အရှင်ဝိဇ္ဇောတ(25.9.85): အေး အေး
သာဓု

me: ဒါပေမယ့် စိတ်ထားတတ်ရင်တော့ ပန်းကန်ဆေးရည်တောင် အလှူဖြစ်သေးတာပဲနော်

6:01 PM အရှင်ဝိဇ္ဇောတ(25.9.85): ကဲ ကဲ အချိန်စေ့ပါပြီ

me: တင်ပါ့

>>> အားလုံးပဲ အကျိုး တစ်စုံတစ်ရာတော့ ရမှာပါ....။ တစ်ချို့ စတဲ့နောက်တဲ့ စကားတွေကို မဖျက်ဘဲ တင်လိုက်တာက စာဖတ်သူတွေကို မူရင်းအတိုင်း ဖတ်စေချင်တဲ့ စေတနာကြောင့်ပါ...။ အပြစ်တင်မယ်ဆိုရင် ဦးဇင်းကို အပြစ်မတင်ပါနဲ့၊ ကျွန်တော့်ကိုပဲ အပြစ်တင်လိုက်ပါ...။ ဦးဇင်းကို အပြစ်မြင်လို့ရှိရင် စာရှုသူတွေ အပြစ်ဖြစ်မှာ စိုးလို့....

လေးစားစွာဖြင့်
ဖိုးသား

28/02/2009, SAT:, 18:35:27 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

2 comments

  1. ကောင်းပါတယ်.. မက်မက်လည်း အဲ့လိုသိချင်နေတာမေးချင်နေတာ ကြာနေပြီ... မေးရမဲ့ သူတွေနဲ့ ဝေးနေတာနဲ့ သိချင်တာလေးတွေကို မသိရသေးတာ...

    မောင်ေးလ ဖိုးသားက အခုလိုမေးလိုက်တော့ မက်မက်တို့လည်း သိခွင့်ရတာပေါ့.. ကျေးဇူးပါ...

    စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ....
    မက်မက်

  2. ကိုဖိုးသားရေ
    မြတ်စွာဘုရားရဲ့ ဦးခေါင်းက ဆံပင်တွေဟာ ပန်းပုဆရာတွေ ဥာဏ်ကွန့်မြူးထားတာပါလို့ ဆရာတော်တစ်ပါး ရှင်းပြဖူးပါတယ်။ စာနဲ့ပေနဲ့ ရေးရင် မလိုလားအပ်တဲ့ အငြင်းပွားဖွယ်တွေ ဖြစ်မှာစိုးလို့ စာထက် မတင်ကြတာပါ။
    သံဃာတွေကို သင်္ကန်းရုံ၊ သပိတ်နဲ့ဆွမ်းခံ၊ ဆံကေသာ ပယ်စေတဲ့ မြတ်စွာဘုရားဟာ ကိုယ်တိုင်လဲ သံဃာတွေကို စေခိုင်းသလို ကျင့်ကြံတော်မူပါတယ်။ တပည့်သား သံဃာများ ဦးပြည်းထားရပြီး မြတ်စွာဘုရားက ဆံကေသာနဲ့ နေတာမျိုး မရှိ၊ မလုပ်ပါ။
    မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့အထိ ရုပ်ပွားတော် ကိုးကွယ်တဲ့အလေ့ မရှိတော့ ဓာတ်ပုံတွေလဲ မပေါ်ထွန်းသေးတဲ့ ခေတ်ကာလမှာ မြတ်စွာဘုရားဟာ ဘယ်လို ရုပ်အဆင်းတော် ရှိတယ်ဆိုတာ နှောင်းလူတွေ မသိကြတော့ပါဘူး။ ပရိနိဗ္ဗာန် စံပြီး နှစ် ၁၀၀ လောက်မှ ရုပ်ပွားတော်တွေ ထုလုပ်တဲ့အကျင့် စဖြစ်ထွန်းတယ်လို့ ဖတ်ရပါတယ် (အမှတ်မှားရင်၊ မတူညီတဲ့ တခြားမှတ်တမ်း ရှိရင် သိလိုပါတယ်။) အဲဒီအချိန်မှာ ပရိနိဗ္ဗာန်စံပြီး နှစ် ၁၀၀ အကြာမှာတောင် မြတ်စွာဘုရားကို ဖူးတွေ့ဖူးသူတွေ မရှိတော့လို့ ရုပ်ပွားတော်ကို မိမိတို့ စိတ်မှန်းနဲ့ ရမ်းဆ ထုကြတာပါ။
    ဂျပန်က ရုပ်ပွားတော်က ဂျပန်ရုပ် ပေါက်ပြီး တရုတ်ပြည်က ရုပ်ပွားတွေက တရုတ်ရုပ် ပေါက်နေတာ သတိထားမိပါလိမ့်မယ်။ တောထွက်တော်မူခန်းကို မြန်မာပန်းချီဆရာတွေ သရုပ်ဖော်ရင်လဲ အဲဒီခေတ်က အိန္ဒိယမှာ မပေါ်သေးတဲ့ မြန်မာအ၀တ်အစား အဆင်အပြင်နဲ့ (မြန်မာမင်းသားပုဆိုး၊ မင်းသားခေါင်းပေါင်းတွေနဲ့) မင်းသားလေးတစ်ယောက်အဖြစ် သရုပ်ဖော်ထားတာ တွေ့ပါလိမ့်မယ်။ မြတ်စွာပရိသတ်စိတ်ထဲ လက်ခံကြည်ညိုနိုင်မယ့်အသွင်ကိုပဲ ပရိသတ်အကြိုက် ဆွဲပေးရတာပါ။
    မြတ်စွာဘုရားကို ပကတိအတိုင်း ဦးပြည်းနဲ့ ထုလုပ်ရင် ဖူးတွေ့ရသူတွေက လက်မခံကြ၊ အငြင်းပွားကြမယ့် ပြဿနာလဲ ရှိပါတယ်။
    မြတ်စွာဘုရားဟာ ဦးခေါင်းပေါ်မှာ ဆံပင် လက်နှစ်သစ် ရှိနေရင်တောင် တပည့်သား သံဃာများကို (လက်နှစ်သစ်ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ပါ) တစ်ခေါင်းလုံး အပြောင်မရိတ်ဘဲ ဆံပင် လက်နှစ်သစ်နဲ့ နေကြလို့ မိန့်မှာပါ။ ဦးပြည်းထားခိုင်းတာက အကြောင်းရှိပါတယ်။
    ဆံပင်ကို မပယ်စွန့်ခိုင်းရင် သံဃာတွေမှာလဲ ဆံပင်ကို အမျိုးမျိုး ဒီဇိုင်းတွေနဲ့ညှပ်ကြ၊ ပုံသွင်းကြတွေ ဖြစ်ပြီး ဒီနေ့ခေတ်မှာလဲ ကိုယ်ကိုးကွယ်တဲ့ ဘယ်ဆရာတော်ရဲ့ ဆံပင်ပုံစံ(ကေ)မျိုး ဆိုတာတွေ ဖြစ်လာနိုင်တယ်။ ဒီနေ့ခေတ် ဟစ်ဟော့ အဆိုတော်တချို့တောင် ဆံပင် တိုကပ်ကပ်တွေကို ဆေးနဲ့ထောင်ပြီး ပုံသွင်းနိုင်ကြသေးတာဆိုတော့။ သံဃာတွေကို ဆံပင် အနည်းအကျဉ်းတောင် ပေးမထားဘဲ လုံးဝ ပယ်စေပါတယ်။ အ၀တ်သင်္ကန်းလဲ ပုံစံအရောင် တစ်မျိုးတည်း၊ သပိတ်လဲ ပုံစံ တစ်မျိုးတည်းနေရတဲ့ ရဟန်းဘ၀မှာ ဆံပင် ထားခွင့်ပေးလိုက်ရင် ဆံပင်နဲ့ ပတ်သက်တဲ့ စွဲလမ်းမှု တဏှာတွေ အားကြီးကုန်မှာစိုးလို့ ဆံကိုပါ လုံးဝ ပယ်ခိုင်းတာပါ။ မြတ်စွာဘုရား ကိုယ်တိုင်လဲ တပည့်သား သံဃာများကို နေခိုင်းသလိုသာ ကိုယ်တော်တိုင်လဲ တစ်ပြေးတည်း နေတော်မူပါတယ်။
    မြတ်စွာဘုရားနဲ့ သာဝကများဟာ ၀န်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်ဆိုတဲ့ မေတ္တာသုတ်လာအတိုင်း တစ်သွေမတိမ်း နေတော်မူကြပါတယ်။ ကရိကထ များမြောင်စေမယ့်၊ ဝေယျာဝစ္စအတွက် ၀န်ပိုစေမယ့် အမှုကိစ္စများကို တတ်နိုင်သမျှ ရှောင်တော်မူကြပါတယ်။ ပုံသွင်းပြုပြင် ညှပ်သ မွမ်းမံနေစရာ မလိုသော ဦးပြည်းကို ထားပြီး ၀န်ကျဉ်းပေါ့ပါးသော သပိတ်သင်္ကန်းများနဲ့ အတောင်သာလျှင် ၀န်ရှိသော ငှက်ပမာ နေတော်မူကြပါတယ်။

Leave a Reply