Latest News

*ကိုဝင်းမြင့်၏ သွန်သင်မှုများ(၄)*

me: မင်္ဂလာပါ အစ်ကို

မနေ့က ညီပြောတဲ့ ညီ့ကို စတယ်ဆိုတဲ့ သူငယ်ချင်းလေ.. ဒီနေ့လည်း ညီဟင်းချက်နေတုန်း ညီ့ကိုလာ စတယ်။ ညီက သူငယ်ချင်းရယ် မစပါနဲ့.. ငါကခွင့်လွှတ်ပေမယ့် မင်းမှာ အပြစ်ဘယ်လောက် ကြီးသွားတယ်ဆိုတာ မင်းမသိဘူးနော်လို့ ပြောလိုက်မိတယ် အစ်ကို။ အဲဒီတော့ သူက ဟာ.. အားလုံး အပါယ်သွားမယ့် သူတွေချည်းပဲ.. မင်းကကော ဘယ်လောက် ဖြူစင်နေလို့လဲလို့ပြန်ပြောတယ်။

ညီလေ.. သူ့ကို အပြစ် မတင်ရက်တဲ့ အပြင် ပိုပြီးတောင် သနားသွားတယ်။ သူ့ကိုလည်း ညီ ပါအောင် ဆွဲခေါ်ချင်ပါတယ်။ ဒါပေမယ့် အစ်ကိုရာ.. အချင်းချင်းဆိုတော့.. အမေက ကျောင်းဆရာမ ဖြစ်နေသလိုပဲ.. ကိုယ့်သားသမီးကိုယ် စာပြန်သင်တော့ သားသမီးက လက်မခံချင်တဲ့ ပုံစံဖြစ်နေတယ် အစ်ကို.. ဒီသူငယ်ချင်း ဆိုလည်း ညီ့အပေါ်မှာ လောကီ ကျေးဇူးတွေ ရှိပါတယ်။ ညီပါအောင် ဆွဲခေါ်ချင်ပါတယ် အစ်ကို။ ညီ့ကို အကြံဥာဏ်လေးများ ပေးနိုင်မလားဆိုပြီး ရေးလိုက်တာပါ အစ်ကို။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။

လေးစားစွာဖြင့်
ညီ

6:12 PM ၄၄: အနှောင့်အယှက် မဖြစ်ပါဘူး ညီလေး
အကို့မှာလည်း အတော်ရင်းနှီးတဲ့ တစ်ခန်းတည်းနေတဲ့ သူငယ်ချင်းရှိပါတယ်

me: ဟုတ်ကဲ့

6:13 PM ၄၄: အကို အရက်သောက်စဉ်တုံးကဆို သူတို့ပျော်လှပေါ့
အခု သူတို့ကို တရားအားထုတ်ဖို့မပြောနဲ့ မသောက်အောင်ပြောဖို့ကို မတတ်နိုင်ဘူး

သူတို့က ဝိုင်ကို တန်ဆာဆင် အရသာတင်ပြီး ပြောတော့
6:14 PM အကို နှလုံးမသာဘူးပေါ့
ပြောချင်ပေမယ့် ပြောရင် သူတို့က တစ်မျိုးမြင်ကြသေးတယ်

me: ညီကော အဲလိုပဲအစ်ကို

၄၄: ဘာလို့ တစ်မျိုးမြင်လည်းဆိုတော့
နှလုံးသွင်းမမှန်လို့
ဉာဏ်အားဖြင့် နုလို့
6:15 PM ပါရမီအထုံအားဖြင့် အားနည်းလို့

အရင်ကဆို အကိုက ပျော်ပျော်ဆိုတော့ ခင်တဲ့သူများတယ်
သောက်စား ပျော်ပါးလေးပေါ့

အကို့အနေနဲ့ အသိတရားတွေ ဝင်လာတဲ့အခါမှာ သူတို့ကိုပါ သိစေချင်တဲ့ စေတနာတွေက အရမ်းဖြစ်တယ်
ပြောတယ်
6:16 PM မရတဲ့သူမရဘူး
ရတဲ့သူတွေက ရတယ်
မရတော့ မရတာတင်မဟုတ်ဘူး
သူတို့က ဓမ္မအပေါ်မှာရော အထင်မှားကြတယ်

6:17 PM ဒီတော့ သူတို့အပေါ်ဖြစ်တဲ့ ပြောလိုတဲ့စိတ်ကို ဖြစ်ပျက်ရှုရတော့တယ်
ပြောရင် သူတို့အတွက် အပြစ်ကကြီးနေတာကိုး
သူက မမြင် ကိုယ်က မြင်တော့

me: ဟုတ်အကို

၄၄: မြင်တဲ့သူက ထိန်းရတာပေါ့
6:18 PM ဒီတော့ သူတို့ကို ပြောချင်တဲ့ စိတ်ကလေးတွေက ပေါ်ပေါ်လာပြီး ပျက်ပျက်သွားတယ်
အဲဒါကို ရှု
မရှုရင် ဇာတ်လမ်းရှည်မယ်
ကိုယ့်ကိုကြည့်ပေါ့

me: ဟုတ်ကဲ့ အစ်ကို

၄၄: ကိုယ့်အဆောင်က ညီလေးတွေက အများကြီး အနေနီးနေပါလျက်နဲ့
အကို့ကို တစ်ခြားကျောင်းတွေက လာကြပါလို့ ခေါ်နေကြတယ်

6:19 PM သူတို့က တန်ဖိုးကို သိတယ်
နီးတဲ့သူတွေက တန်ဖိုးကို မသိကြဘူး
ဘာကိုပြောချင်တာလဲဆိုတော့ - နီးတဲ့သူမှာက ပုဂ္ဂိုလ်စွဲနဲ့ တရားလွဲနေလို့
6:20 PM ပါရမီဉာဏ်တွေ အားနည်းတာလဲဖြစ်မယ်..

me: ညီ့သူငယ်ချင်းလည်းအဲလိုဖြစ်နေတယ်

၄၄: ညီအလုပ်က တစ်ခုတည်း
ပေါ်တဲ့စိတ်ပျက်တယ်
6:21 PM သတိထား၊ ဝီရိယစိုက်ပြီး ကြည့်

ဉာဏ်တက်လာတဲ့အခါ ညီသဘောပေါက်မြင်လာလိမ့်မယ်
ဘယ်သူ့က ဘယ်လို.. ဘယ်သူ့ကို ဘယ်လို
ဘာနဲ့တူလဲဆိုတော့

6:22 PM ဉာဏ်တက်တဲ့သူက ၃ ဆင့်တိုက်က အောက်ကို ကြည့်ရတာ ထင်ရှားလာသလိုပေါ့
ဒီနေရာမှာလည်း ပိုခင်လေ.. သူ့အပေါ်မှာ အားမရဖြစ်လေပဲ
ဒါကိုက ကိုယ့်မှာ ခင်မင်နေတဲ့ တဏှာ မသေသေးလို့ပဲ

6:23 PM me: ဟုတ်

၄၄: ဒါသည် အတွင်းရန်သူ ဖြစ်တယ်
ဒီနေရာမှ ညီ့သူငယ်ချင်းကြောင့် ဖြစ်ရတဲ့စိတ်.. ညီသူငယ်ချင်းက ပြောလို့ ဖြစ်ရတဲ့ စိတ်တွေက

6:24 PM ဧဟိပဿိကော - လာပါရှုပါလို့ ခေါ်တာ
အဲဒါကို မရှုဘဲ ညီက သူ့ကို ဘယ်လိုနားလည်အောင်ပြောရမလဲဆိုတော့
ညီပါ သူ့နောက်ကို စုန်ဆင်း လိုက်ပါသွားတာပဲ
ဖြစ်ပျက် ရှုရမှာ ညီလေး

6:26 PM me: ညီနားလည်ပြီ အစ်ကို..ကျေးဇူးပါ ..ညီအဲဒီအချိန်မှာ ဖြစ်ပျက်ရှုရ မှာမေ့သွာတယ်
ခဏလေးပါပဲ

၄၄: ဒီတော့ ညီလေးမှာ အကို့ကို ဘာမေးစရာရှိသလဲ.. မိမိအခြေအနေနဲ့ရော ဘာတွေဝေနေစရာရှိသလဲ။

6:27 PM me: မရှိတော့ပါဘူးအစ်ကို

၄၄: အေးအေး ညီတရားတွေ့လာပြီ
နဂိုက ဒါမျိုးတွေ မတွေ့ခဲ့ဘူး သူလိုကိုယ်လိုနေပြီး စုန်မျှော ပျော်ပါး ဖောရှောလိုက်ခဲ့တယ်

me: အစ်ကို့ကျေးဇူးတွေအများကြီးပါပါတယ်

6:28 PM ၄၄: အခုက တစ်မျိုးတွေ ထင်ရှားတွေ့လို့ စုန်မမျှော ဆန်တက်သွားတော့ ကျန်သူတွေနဲ့ ကွဲလွဲနေပေါ့
6:29 PM ကွဲလွဲချက်တွေ့က ဒါသည်တရားကပြတာပဲ
http://titsartayar.0fees.net/dhamma.html

me: တခါတလေဆို ညီ့ကို ဆိုက်ကို လို့သူတို့က ထင်နေသေးတယ်

6:30 PM ၄၄: အဲဒီမှာ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဩဝါဒကို ဆလိုဒ်နဲ့ လုပ်ထားတယ်

me: ဟုတ်ကဲ့အစ်ကို
၄၄: အဲဒီမှာ ၁၀ ခုမြောက်လောက်မှာ ပါလိမ့်မယ်
ရပ်ထဲရွာထဲမှာ တို့
ထုံးစံနဲ့ ဖဲ့တိုက်ရတယ်ဆိုတဲ့ စကားတွေ
6:31 PM ညီမှတ်ထား
မိုးကုတ်ဆရာတော်ဘုရားကြီးက ပုထုဇဉ်တွေက ”လူငနွားတွေ တဲ့”

me: ညကညီ အဲဒီတရားတွေ ဒေါင်းလုပ် လုပ်ပြီးပြီအစ်ကို
6:32 PM အဲဒီ 38 ပုဒ်အပြင် ဘယ်ကရနိုင်ဦးမလဲ အစ်ကို

6:33 PM ၄၄: နွားက ဝန်တွေ ထမ်းလို့ ဝန်ထမ်းစရာ မရှိရင် စားကျက်မှာ နားရသေးတယ်.. လူကတော့ ခန္ဓာဝန်ထမ်းပြီး နားရတယ်လို့ကို မရှိဘူးတဲ့

6:34 PM me: ဟုတ်ကဲ့အစ်ကို ညီမှတ်ထားပါ့မယ်

၄၄: အေး ညီလေး လုပ်လုပ်

me: လေးစားပါတယ်အစ်ကို
________________________________________ 38 minutes
7:13 PM ၄၄: လေးစားပါတယ် ညီလေး

7:14 PM me: ဟုတ် အစ်ကို
________________________________________ 9 minutes
7:23 PM ၄၄: ဖြစ်ပျက်သဘောထင် နိဗ္ဗာန်ယာဉ်ပြင်ပြီးသာမှတ်

7:24 PM me: ဟုတ်ကဲ့

၄၄: ဖြစ်ပျက်ဉာဏ်တက် နိဗ္ဗာန်ယာဉ်ပေါ်အထက်
7:25 PM မဂ္ဂင်ဆိုတာ နိဗ္ဗာန်ယာဉ်ကိုး
ပျက်တာက အနိစ္စ မြင်တာက မဂ္ဂ ဆိုတော့ မဂ်ယာဉ်ပေါ်ရောက်သွားတာ
ညီလေး ဓာတ်ပုံလား အဲဒါ

7:26 PM me: ဟုတ်အစ်ကို

၄၄: ညီလေးကို ဆိုက်ကို လို့ပြောကြတာ ကို ကြားတဲ့စိတ်ကို ဖြစ်ပျက်ရှု
အကိုတို့ကိုလည်း ဒီလိုပြောကြတာပဲ

me: ဟုတ်ကဲ့

၄၄: အရင်တုံး မပြောဘူး
တရားတွေလုပ်မှ ပြောတာ
7:27 PM လောကကြီးမှာ လမ်းခင်းကျောက်နဲ့ ပတ္တမြားက ဘယ်ဟာက ပိုများတုံး

me: ဒီမှာလည်းဒီလိုပါပဲအစ်ကို

၄၄: လမ်းခင်းကျောက်က ပိုများတယ်

me: ညီ သဘောပေါက်ပါတယ်အကို

7:28 PM ၄၄: ဆိုက်ကိုကတော့ လူတိုင်းမှာရှိပါတယ်.. သူတို့ဆိုတဲ့ ဆိုက်ကို က အရှုးလို့ ဆိုရင်
အကို့ စကားမှတ်ထား
ပြောမယ်

ခံယူချက်ကွာရင် နောက်ဆုံးပန်းတိုင်ကွာတာပဲ
ခံယူချက်တူရင် နောက်ဆုံးပန်းတိုင်တူတာပဲ
7:29 PM ခံယူချက် ဖြောင့်ရင် ပန်းတိုင်သို့ ဖြောင့်ဖြောင့် တန်းတန်း ရောက်တယ်
7:30 PM ခံယူချက် ကောက်ရင် ပန်းတိုင်သို့ မရောက်ဘဲ သဝေထိုး နေလေရော

me: လူတိုင်း အရူးတွေလို့ ဘုရား ဟောထားတာပဲ အကို.. ညီသဘောပေါက် ပါတယ်

၄၄: အေးအေး ညီလေး
အကိုသွားတော့မယ်နော်
ညီလေး ဓာတ်ပုံကိုပါ အကို့ ကို ပို့ပေးအုံးပေါ့

me: ဟုတ်အကို
ဟုတ်ကဲ့ပါအစ်ကို

7:31 PM ၄၄: အသံချင်းရင်းနှီးပြီး လူချင်းရင်းမမြင်ဖူးတော့
အေးအေး ညီလေး
အကို ရေသွားချိုးလိုက်မယ်နော်

me: ဟုတ်အကို

**********************

လေးစားစွာဖြင့်
ဖိုးသား

01/03/2009, SUN:, 5:23:33 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. တကယ်တော်တဲ့ သူငယ်ချင်း Gtalk ကတောင် ကုသိုလ်ရအောင်ယူတယ် ကောင်း၏

Leave a Reply