သင့်ကမ္ဘာမှာ.. အသူရာနေမင်း ထွန်းလင်းစေ
သင်ကိုယ်တိုင်လည်း နေခြည်အလင်း ရယူလေ..။
သင့်ကမ္ဘာမှာ.. စန္ဒာလမင်း သာပါစေ
သင်ကိုယ်တိုင်လည်း လရိပ်ချိုချို အေးမြလေ..။
သင့်ကမ္ဘာမှာ.. ကြယ်စင်တာရာ တောက်ပစေ
သင်ကိုယ်တိုင်လည်း ဝင်းလက်ကြယ်စင် ဖြိုးဖြက်လေ..။
သင့်ကမ္ဘာမှာ.. ပဇ္ဇုန်မိုးဖွဲ သွန်းဖြိုးစေ
သင်ကိုယ်တိုင်လည်း မိုးစက်ရေစင် ဖြန်းပက်လေ..။
သင့်ကမ္ဘာမှာ.. နှင်းရည်ပုလဲ ခပါစေ
သင်ကိုယ်တိုင်လည်း ငွေနှင်းရည်ဥ လွမ်းခြုံလေ..။
သင့်ကမ္ဘာမှာ.. စိမ့်အေးစမ်းရေ စီးဆင်းစေ
သင်ကိုယ်တိုင်လည်း အေးမြစမ်းရေ သောက်သုံးလေ..။
သင့်ကမ္ဘာမှာ.. လေပြည်ညင်းလေး ဆော်သွေးစေ
သင်ကိုယ်တိုင်လည်း လေနုအေးအေး ရှူရှိုက်လေ..။
သင့်ကမ္ဘာမှာ.. ပန်းမာလာစုံ ဖူးပွင့်စေ
သင်ကိုယ်တိုင်လည်း ပန်းမန်ရနံ့ ထုံသင်းလေ..။
သင့်ကမ္ဘာမှာ.. ကျေးငှက်သာရကာ မြူးရွှင်စေ
သင်ကိုယ်တိုင်လည်း ငှက်ကျေးတေးသံ နားဆင်လေ..။
ဤသို့အားဖြင့်..
သင့်ကမ္ဘာမှာ.. ငြိမ်းချမ်းသာယာ ရှိပါစေ
သင်ကိုယ်တိုင်လည်း အေးငြိမ်းမှုမှာ လျော်မွေ့လေ..။

>>> ဖိုးသားသူငယ်ချင်းLIBERTY ဘလော့မှ ကူးယူရေးသား မျှဝေလိုက်ပါတယ်...။
လေးစားစွာဖြင့်
ဖိုးသား
01/02/2009, SUN:, 14:38:06 PM
0 comments