Latest News

*ဘုန်းဘုန်းတစ်ပါး ဆုံးမသွားသည်...*

(U.S)=ဘုန်းဘုန်း
me=ကျွန်တော်ဖိုးသား

3:24 AM (U.S): နေကောင်းလားဖိုးသား
3:25 AM ဘာတွေလုပ်နေလဲ

me: တင်ပါ့ဘုန်းဘုန်း
နေကောင်းပါတယ်

(U.S): maunghtun2009 ကဘယ်သူပါလဲညီလေး
သိလား

me: ဖိုးသား သူငယ်ချင်းထင်တယ်...

3:26 AM (U.S): အော်

me: ဖော်ဝါ့စ်မေးတွေကနေ ဘုန်းဘုန်းအကောင့်ကို ရတာဖြစ်မယ်

(U.S): ဦးဇင်းနှုတ်ဆက်တာပြန်မပြောလို့ မေးကြည့်တာပါ
အိုကေ

me: ဟုတ်လား
3:27 AM မအားလို့ ဖြစ်မယ် ဒါမှ မဟုတ်
သူများ ကွန်ပျူတာမှာ မေးဖွင့်ထားလို့ ဖြစ်မယ် ဘုန်းဘုန်း

(U.S): ညီလေးလိုလူငယ်တွေတို့ နိုင်ငံမှာအများကြီးလိုတယ်

me: ဒီကောင်က အဲလို မဟုတ်ပါဘူး

(U.S): ဖြစ်နိုင်ပါတယ်

3:28 AM me: ဖိုးသားကိုပြောတာလား

(U.S): ညီလေးက ဘာသာရေးတွေ တိုးတက်လာတာပဲ

me: နည်းနည်းပဲ သိတာပါ ဘုန်းဘုန်း
အဲဒါလေးကိုပဲ မျှဝေနေရတာ

(U.S): ကြိုးစားပါ

me: တင်ပါ့

3:29 AM (U.S): လိုအပ်ရင်ပြောပေါ့

me: တင်ပါ့ ဘုန်းဘုန်း

(U.S): ဘယ်သူမှ တခါတည်းသိတာ တတ်တာမရှိပါဘူး ဒီလိုဘဲသင်ယူလေ့လာရတာပေါ့

3:30 AM me: တင်ပါ့

(U.S): သု၊စိ၊ဘု၊ဘာ၊ဝိ၊လိ၊သိ၊ထာ လေမှတ်မိလား

me: မှတ်မိတယ် ဘုန်းဘုန်း

3:31 AM ကြားနာရာ၏
မသိတော့ဘူး
သေသေချာချာ

(U.S): ကြံစည်ရ၏

me: တင်ပါ့

3:32 AM (U.S): များများလိုချင်ရင် များများရှာရတယ်တဲ့ ညီလေး

me: တင်ပါ့

(U.S): ဒီတော့ ကိုယ့်ကိုယ်ကိုမေး ငါဘယ်လောက်လိုချင်လဲပေါ့

me: သွန်သင်ပေးပါဦးဘုန်းဘုန်း
ဖိုးသားကို

(U.S): နားလည်လား

me: တင်ပါ့

3:33 AM နားလည်ပါတယ် ဖိုးသား

(U.S): ကိုယ်လိုချင်သလောက် ရဖို့ အတွက်ဘယ်သူ့ ပေါ်မှာမူတည်တယ်ဆိုတာ သိလား

me: ကိုယ့်အပေါ်မှာပဲ မူတည်တာပေါ့ ဘုန်းဘုန်း

3:34 AM (U.S): သေချာတာပေါ့
ဒါပေမဲ့လည်း ပေးနိုင်တဲ့လူလည်း လိုသေးတယ်ညီလေးရ

me: တင်ပါ့

3:35 AM ဆရာကောင်းကို အရင်ရှာရမယ်လို့တော့ ဖိုးသား မှတ်သားဖူးပါတယ်

(U.S): ကိုယ်ကလည်းလိုချင်မှ၊ သူကလည်းပေးချင်မှပေါ့ကွာ

me: တင်ပါ့

3:36 AM (U.S): တခါတခါကျတော့လည်းရှာရင်းနဲ့ ဘဲ လူတွေက လည်နေကြတာညီလေးရ

me: လိုချင်တာတွေများ သိတာတွေများပြီး အသုံးမချတတ်လို့ လို့ ဖိုးသားထင်တာပဲ

3:37 AM (U.S): ကိုယ်ကလိုချင်သူဖြစ်ခဲ့သလို ပေးနိုင်သူလည်းဖြစ်ဖို့ လည်း လိုပါသေးတယ်

me: တင်ပါ့

(U.S): ဟုတ်တယ်

3:38 AM အသုံးချတတ်တာ များပြီးလည်း ခရီးမပေါက်တာတွေလည်း ရှိတာပေါ့ကွာ

me: တင်ပါ့

3:39 AM (U.S): ဦးဇင်းပြောချင်တာကတော့ ကိုယ်တနိုင်လေးပေါ့၊ ဘာကိုမဆို ထိထိရောက်ရောက် အသုံးချနိုင်အောင်လုပ်ဖို့ လိုတယ်လေ

me: တင်ပါ့ ဘုန်းဘုန်း

3:40 AM (U.S): နောက်ပြီး လောဘကြီးလို့ မရဘူးအလုပ်ကို

me: တင်ပါ့

(U.S): ဦးဇင်းဆို အရမ်းလောဘကြီးတာကွ အလုပ်နဲ့ ပတ်သတ်ရင်၊
စာနဲ့ ပတ်သတ်ရင်

me: ဖိုးသာလည်း အရင်က အဲလိုပဲ
3:41 AM ခုတောင် အဲဒီအကျင့်က မပျောက်ချင်သေးဘူး

(U.S): အဲဒါကြောင့် ဘာမှထိထိရောက်ရောက် မဖြစ်ဘူး

me: အော်..

(U.S): ဦးဇင်းကိုပြောတာ
ဘာမဆိုသိချင်တယ်တတ်ချင်တယ်

me: တင်ပါ့

3:42 AM (U.S): ဒီတော့အကုန်လုံးက ၄၀ ရာခိုင်နှုန်းကနေ တိုးမလာတော့ဘူးလေ
ရှင်းလား

me: တင်ပါ့
သဘောပေါက်ပါတယ် ဖိုးသား
ဘုန်းဘုန်းပြောတာကို

3:43 AM (U.S): ဒါပေမဲ့ အဲဒါကိုအစက မသိဘူး ခုအသက် ၃၀ ကျော်လာပြီး စဉ်းစားရလာမှ သိတာညီလေးရ

me: တင်ပါ့

3:44 AM (U.S): ဒါပေမဲ့ တခုတော့ကောင်းတာက လူတွေကို အသိလေးနဲ့ ဆရာလုပ် လို့တော့ရတယ်
အတတ်တော့နည်းတာပေါ့
လိုင်းစုံတာကို

me: တင်ပါ့

(U.S): ဦးဇင်းက ကျောင်းသားတုန်းကဆိုလည်း

3:45 AM me: တင်ပါ့

(U.S): ဘာအားကစားမဆိုလုပ်တယ်
ဒီတော့ဘာမှမထူးချွန်ဘူး
အကုန်တော့ကစားနိုင်တယ်

me: တင်ပါ့

3:46 AM (U.S): စာပေဆိုလည်းကဗျာ၊ ဆောင်းပါး၊
သုတရသ အကုန်ဖတ်တယ်၊ ရေးတယ်
နောက်ပြီးသာသနာထဲမှာလည်း

me: တင်ပါ့

(U.S): လိုချင်တာတွေကများပြီး
3:47 AM လုပ်လိုက်တာ လုပ်လိုက်တာ ခုထက်ထိ မယ်မယ်ရရဘာမှမတတ်ဘူး
ဟားဟား

me: ဘုန်းဘုန်းကလည်း ငယ်သေးတာပဲ လုပ်ရင်ရမှာပေါ့

3:48 AM (U.S): လုပ်တုန်းပေါ့ညီရာ

me: တင်ပါ့

(U.S): တခါတလေ လုပ်ချင်တာနဲ့ လုပ်နေတာ ကွာဟမှုတွေများလို့ ညီလေးရ

3:49 AM me: ဟုတ်တယ် ဘုန်းဘုန်း

3:50 AM (U.S): ဦးဇင်းတို့ ကသာသနာမှာဆိုတော့ ကိုယ့်ကိုယ်ကို မပိုင်တဲ့အခါလည်း ရှိသေးတယ်ကွ

me: ဖိုးသားလည်း အခုဆို လုပ်ချင်တာနဲ့ မလုပ်ချင်တာနဲ့ မလုပ်ချင်တာလုပ်နေရတာ ပိုများနေတယ်

(U.S): ဟုတ်ပ့ါ
ညီလေးရ
ညီလေးက ညီလေး တာဝန်ကိုနားလည်ရမယ်..
3:51 AM ဦးဇင်းတို့ ဘုန်းကြီးမှာလည်း ဘုန်ကြီးတာဝန် ရှိတယ်လေ

me: တင်ပါ့

(U.S): နားလည်တယ်မဟုတ်လား

3:52 AM me: နားလည်ပါတယ် ဘုန်းဘုန်း

(U.S): ညီလေးတို့ နဲ့ ဦးဇင်းတို့ ကွာတာကညီလေးတို့က တကယ့်စေတနာနဲ့ လုပ်ချင်လို့ လုပ်တာ ဟုတ်ချင်မှဟုတ်မယ်

3:53 AM me: တင်ပါ့

(U.S): စိတ်မဆိုးနဲ့ နော်

me: မဆိုးပါဘူး ဘုန်းဘုန်းရ

(U.S): နောက်ပြီးရတဲ့အကျိုးကလည်းမတူပြန်ဘူး

me: ဘုန်းဘုန်းပြောတာ
ဟုတ်ပါတယ်

3:54 AM အဲဒါကြောင့်မို့ လုပ်ချင်စိတ်ကုန်လာတာ
သိလာလေလေ
မလုပ်ချင်လေလေ

(U.S): စိတ်တော့မကုန်နဲ့ လေညီလေး

me: ကိုယ်စိတ်ဝင်စားတာ လုပ်ရတော့ တိုးတက်တာပေါ့ ဘုန်းဘုန်းရာ

(U.S): ညီလေးကစိတ်ကုန်လို့ မှမရသေးတာကို

me: တင်ပါ့
ပုံမှန်တော့ လိုက်လုပ်နေပါတယ် ဘုန်းဘုန်း

3:56 AM အရှင်ပညာသာမိ(U.S): ဘာပဲဖြစ်ဖြစ်
3:57 AM ညီလေးရလူဆိုတာကတော့ နှိုင်းယှဉ်မှုကနေ ရလာကြတဲ့တန်ဖိုးတွေကို တဖြေးဖြေး သိလာတာကိုးကွ

me: တင်ပါ့

(U.S): ဒီတော့ ခုညီလေးက အလုပ်ကိုဘာသာရေးနဲ့ နှိုင်းယှဉ်တာကိုး
မဟုတ်ဘူးလား

3:58 AM me: တင်ပါ့ ဟုတ်ပါတယ်

(U.S): ဦးဇင်းကလည်း ညီလေးလိုလုပ်ချင်တယ် ဆိုရင်ကော

me: မှန်ပါတယ်

(U.S): ဘယ်လိုပြောမလဲ

me: ဖိုးသားကြားဖူးတယ်
3:59 AM လူတွေက ကိုယ့်ဘ၀ကိုယ် ဘယ်တော့မှ မရာင့်ရဲကြဘူးတဲ့

(U.S): ညီလေးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေမလုပ်နိုင်တာကို ညီလေး

me: လောဘ တွေပဲ ထင်ပါတယ် ဘုန်းဘုန်းရာ

(U.S): လုပ်နေတာကိုက

me: တင်ပါ့

(U.S): ညီလေးအတွက်
ဂုဏ်ယူစရာပေါ့ကွ

me: တင်ပါ့
ဖိုးသားလည်းအဲလို ခံယူပါတယ်

4:00 AM ဒီမှာနေတဲ့ ကာလအတွင်း အကောင်းဆုံး တတ်နိုင်သလောက် လုပ်သွားပါ့မယ်

(U.S): တကယ်ဆို ညီလေးအသက်နဲ့ ညီလေးနေရာကဘုန်းကြီးနဲ့ ကွာတယ်လေ

4:01 AM ညီလေးတို့ လိုလူတွေ များများရှိပါစေလို့ ဘဲဆုတောင်းပါတယ် ညီလေးရ

me: တင်ပါ့

(U.S): ခုညီလေးလုပ်နေတာတွေက ကုသိုလ်ဖြစ်သလို
4:02 AM အများအတွက်လည်းအကျိုးရှိမှာပါ

me: တင်ပါ့ ဘုန်းဘုန်း
ဖိုးသားလည်း မထင်မှတ်ပဲ လုပ်ဖြစ်သွားတာပါ..

(U.S): ညီလေးလည်း ကိုယ့်သူငယ်ချင်းတွေကို
ပြောပြပေါ့

me: တင်ပါ့ တတ်သလောက်တော့ ပြောပြပါတယ်
ဒါပေမယ့် ဘုန်းဘုန်းရာ
4:03 AM ရွယ်တူတွေ ဆိုတော့ အခက်သား
လေးစားမှုမရှိဘူးလေ

(U.S): နောက်ပြီး ဘာကိုလုပ်လုပ် ပြောပြော စေတနာမမဲ့စေနဲ့ ပေါ့ညီလေး

me: ရှားရှားပါးပါး တစ်ယောက်စ နှစ်ယောက်စလောက်ပဲ

(U.S): မဆိုင်ပါဘူးညီလေးရ

me: တင်ပါ့

4:04 AM သူတို့တွေ စိတ်မ၀င်စားတာလဲ ပါမှာပေါ့ ဘုန်းဘုန်းရာ

(U.S): ပြောတာက ကိုယ့်အလုပ် တကယ့်စေတနာကိုတော့ မမေ့နဲ့ 

me: တင်ပါ့
ဖိုးသားမှတ်ထားပါ့မယ်

4:05 AM (U.S): ဦးဇင်းတို့ တရားဟောလည်း ဘယ်ကနေကွာ အကုန်တရားနာချင်လို့မှ မဟုတ်တာ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ တာဝန်ကျေဆိုတဲ့သဘောကိုဘယ်တော့မှမပြောဘူး

4:06 AM တကယ့်စေတနာနဲ့ပဲ ပြောတာဟောတာပဲ

me: တင်ပါ့

(U.S): နောက်တော့ စေတနာက အကျိုးပေးလာတယ်

me: ဟုတ်ပါတယ်

4:08 AM (U.S): ဒါကြောင့် ငါကသူ့ ကို အကောင်းပြောတာ သူကအကောင်း မမြင်ဘူးဆိုတာ ကိုယ့်စေတနာလိုနေလို့ ဘဲလို့ ဦးဇင်းကတော့ ထင်တယ်ညီလေး ခံလည်းခံယူထားတယ်

me: အော် ကောင်းပ ဘုန်းဘုန်းရာ
ဖိုးသား ကစာသာရေးတတ်တာ
စကားက သိပ်မပြောတတ်ဘူး ဘုန်းဘုန်းရ

(U.S): ညီလေးတို့ ကလူကြီးလုပ်မယ့် သူတွေဆိုတော့ ပိုအရေးကြီးတာပေါ့

4:09 AM me: ဖိုးသားလား

(U.S): ဟုတ်ပါ့

me: မလုပ်ချင်ပါဘူး ဘုန်းဘုန်းရာ
ဖြစ်သွားရင်တောင်
စိတ်ထဲက ပါလို့မဟုတ်ဘူး

(U.S): မလုပ်ချင်လဲ ခုလူကြီးပဲမဟုတ်လား ညီလေးရ

me: ဘုန်းဘုန်းပြောမှပဲ
4:10 AM ရွယ်တူတွေကြားဆိုတော့ ကလေးတွေလိုပဲနေကြတာလေ

(U.S): ဒါကတပိုင်းပေါ့ လေ

me: တင်ပါ့

(U.S): ညီလေးတို့ ကအရာရှိမဟုတ်လား

me: ဟုတ်ပါတယ်

4:11 AM (U.S): အဲဒါထက်ကြီးတာ ရှိသေးလို့ လား လောကသဘောအရဆိုရင်
4:12 AM ညီလေးတို့ရဲ့ အသက်ကသာ ငယ်နေတာ အလုပ်က မငယ်ဘူးဆိုတာပြနေတာဘဲကွ

me: တင်ပါ့

(U.S): လူဆိုတာ တခါတလေ ကိုယ့်တန်ဖိုးကိုယ် မသိဘူးညီလေးရ

4:13 AM me: ဟုတ်တယ် မေ့နေတယ် တစ်ခါတစ်ခါ
ဖိုးသား
ဖိုးသားတို့ ရင်းနှီးခဲ့ရတာ နည်းမှ မနည်းတာ

(U.S): ဦးဇင်း မြန်မာနိုင်ငံတုန်းက တရားနည်းနည်း ဟောတာပေါ့ကွာ နယ်မှာပါ

me: တင်ပါ့

4:14 AM (U.S): တခါ တရားပွဲတခုကို သွားတော့သူတို့ က ကားဂိတ်မှာ လာကြိုနေတာ ဒိုးပတ်အိုးစည်တွေနဲ့ 

me: အော်.. အဲလိုကြီးလား

4:15 AM (U.S): ဦးဇင်းကလည်း အဲကိုသွားတာ နောက်က တပည့်တောင်မပါဘူး
သူတို့ အဲလိုလုပ်နေတာ ကိုယ့်ကိုကြိုနေတာကို မသိဘူး

me: တင်ပါ့

4:16 AM (U.S): ဦးဇင်း ကျောင်းပေါ်တက်သွားမှ ကျောင်းကဆရာတော်က ပြောတာ ကိုယ်တော့်ကို ကြိုတဲ့သူတွေတွေ့ ခဲ့လားဆိုတော့မှ မသိဘူးလို့ 

me: တင်ပါ့

(U.S): ကြိုတဲ့လူတွေကလည်း ဦးဇင်းကိုမသိလိုက်ဘူး

me: ဟား ဟား

4:17 AM (U.S): ငယ်လို့တဲ့ သူတို့ ကမထင်တာတဲ့

me: အဲလိုလား
အော်

(U.S): ဟုတ်တယ်ကွ

me: ဘုန်းဘုန်းပြောမှ သဘောပေါက်လာတယ်

(U.S): အခုတိုင်းမူးဗိုလ်ချုပ်မြင့်စိုး တပ်မမှူးတုန်းကလည်း

me: တင်ပါ့
4:18 AM တအားသဘောကောင်းတာလေ

(U.S): ဦးဇင်းကျောင်းပေါ် တက်လာပြီးတော့ ဆရာတော်ဘယ်မှာလဲလို့  မေးသေးတယ်လေ

me: အဲဒီဗိုလ်ချုပ်

(U.S): ရယ်ရတယ်ကွ

me: ဟား ဟား
လုပ်ချလိုက်ပြန်ပြီ

အရှင်ပညာသာမိ(U.S): ဟုတ်တယ်

4:19 AM ညီလေးရေ လူတွေမှာက တခါတလေအပြင်ပိုင်း ခြားနားမှုတွေကိုဘဲ ကြည့်ကြတာကိုးကွ

me: ဟုတ်တယ် ဘုန်းဘုန်း
တခါတလေတောင် မဟုတ်ပါဘူး
ဘုန်းဘုန်းရာ

4:20 AM (U.S): အဓိကကတော့ ကိုယ့်မှာ အတွင်းပြည့်စုံမှုရှိဖို့ လိုတယ်ကွ

me: တင်ပါ့

4:21 AM (U.S): ညီလေးတို့ ရေတပ်မှာဦးဇင်းနဲ့ သိတဲ့လူကြီးတွေအများကြီးရှိတယ်

me: တင်ပါ့

(U.S): ဒါပေမဲ့သူတို့ လည်းဦးဇင်းကို ခင်လည်းခင်တယ် မုန်းလည်းမုန်းတယ်

4:22 AM me: ဘာလို့လဲ ဘုန်းဘုန်းရ
အမှန်တွေပြောလို့လား

(U.S): ဦးဇင်းကအမှန်ပြောလို့ 

me: ထင်သားပဲ ဖိုးသား

(U.S): သေချာတာပေါ့

me: ဒီလိုပါပဲ ဘုန်းဘုန်းရာ

4:23 AM (U.S): ဒါပေမဲ့ ကြည်းတပ်က အရာရှိတွေကတော့ ဦးဇင်းဘာပြောပြော ပြန်မပြောဘူး
ရေတပ်ကတော့ပြောတယ်

me: ဖိုးသားလည်း အရင်က မကြိုက်ပါဘူး အမှန်ပြောတာ ... ခုတော့ ကိုယ်က ခံယူတတ်ဖို့ပဲ လိုတယ်ဆိုတာ သဘောပေါက်လာတယ်

4:24 AM (U.S): ဟုတ်ပါတယ်

me: တင်ပါ့

(U.S): ဦးဇင်းက တခါတလေ သနားတယ်ညီလေးရ ညီလေးတို့ ကို

me: ဘုန်းဘုန်းတို့ကိုလည်း ဖိုးသား ကရုဏာသက်မိတယ်

4:25 AM (U.S): နားလည်ပါတယ်

(U.S): ရေတပ်က ဗိုလ်မူးချုပ်မော်သိမ်း ကြားဖူးလား
သူနဲ့ဆို ဦးဇင်းနဲ့ ပြောနေကြ

me: တင်ပါ့

(U.S): ညီလေး
ဦးဇင်းကိုဘာမဆိုပြောလို့ ရတယ်ဆွေးနွေးတာဆိုရင်
ဦးဇင်းလည်းပြောမှာပဲ

me: တင်ပါ့

4:32 AM (U.S): အပျက်ကိုမပြောဘူး

me: ဖိုးသားမှာလည်း လျှို့ဝှက်ထားစရာ ဘာမှ မရှိပါဘူး

(U.S): အပြုကိုပြောတာ

me: တင်ပါ့

(U.S): အကြောင်းအရာ မှန်သမျှမှာ အဖြေရှိတယ်

me: တင်ပါ့

4:33 AM (U.S): မရှာလို့ မရတာပါပဲ

me: ကောင်းတယ် ဘုန်းဘုန်း ... ဒီစကားလေး
မေ့နေတာ ကြာပြီ

4:34 AM တခါတခါ စိတ်ညစ်လာရင် အဖြေကို မရှာတတ်ဘူး ဖြစ်ဖြစ်သွားတယ်

(U.S): ဦးဇင်းကအစားသာ မကြီးတာ စကားတော့ကြီးတယ်

me: သတိလွတ်သွားတာထင်ပါတယ်

(U.S): ဟုတ်တာပေါ့
သတိကအရေးကြီးတယ်

me: တင်ပါ့
ဖိုးသားနာလိုက်ရတယ်.. သတိက အရေးအကြီးဆုံးတဲ့
မဂ္ဂင် ၈ ရပ်မှာ
ဒါကြောင့် သတိပဋ္ဌာန သုတ်လို့ ဘုရားဟောတာတဲ့

(U.S): ဟုတ်တာပေါ့.. သတိဆိုတာကလည်း အသိပညာနဲ့ အတတ် ပညာပေါ်မှာလည်း မူတည်ပြီးဖြစ်တယ်

4:39 AM me: တင်ပါ့

4:45 AM (U.S): ဦးဇင်း ဘုရားရှိခိုးလိုက်ဦးမယ် ညီလေး

me: တင်ပါ့

me: လုပ်ပါဘုန်းဘုန်း

(U.S): နောက်မှတွေ့ မယ်

me: ဖိုးသား ဒီနေရာကပဲ တရိုတသေနဲ့ ဦးချလိုက်ပါတယ်
ဘုန်းဘုန်း ကျန်းမာချမ်းသာ ပါစေ

(U.S): ကျန်းမာချမ်းသာပါစေညီလေး

******************************************************************

လေးစားရိုသေစွာ ဦးတင်လျက်
ဖိုးသား

2/6/2009, FRI:, 8:11:50 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဒီပို့စ်လေးလဲ ဖတ်သွားပါတယ် မောင်လေးဖိုးသားရေ။

    လေးစားပါတယ်။
    အစ်မကတော့ မဝေဖန်တတ်ပါဘူးနော်။
    ဒီလိုပို့စ်ကောင်းလေးတွေ ဖတ်ရတာကို ကျေးဇူးတင်မိ
    ပါတယ်။
    အဆင်ပြေပါစေ။

Leave a Reply