အခု ကျွန်တော် ရေးသားမယ့် ကဗျာလေးက ရုရှားစာရေးဆရာ ပူရှကင်ရဲ့ ကဗျာလေးကို ဘာသာပြန်ထားခြင်းပါ... အချစ်ကဗျာလေး တစ်ပုဒ်ပါပဲ... ဒါပေမယ့် ဒီကဗျာလေးကို ခံစားပြီး မဖတ်ဘဲ ဆင်ခြင်ပြီး ဖတ်ပေးပါ၊ ဒီလို တဏှာပေမ အချစ်မျိုး မထားသင့်ဘူး ဆိုတာလေးကို သတိလေးနဲ့ စောင့်ကြည့်ရင်း ဖတ်ပေးပါ... လိုက်နာရမယ့်၊ လိုက်နာသင့်တဲ့ ကဗျာတစ်ပုဒ်ကို မရေးသားဘဲ ရှောင်ခွါသင့်၊ ဖယ်ကြဉ်သင့်တဲ့ ချစ်ခြင်းတဏှာတွေ ရောပြွမ်းနေတဲ့ ဒီကဗျာလေးကို ရေးတင်လိုက်ရတဲ့ အတွက် ကျွန်တော် ဒီနေရာကပဲ တောင်းပန်လိုက်ပါတယ်... ကဗျာခေါင်းစဉ်က *ငါမင်းကို ချစ်ခင်မြတ်နိုး တန်ဖိုးထားခဲ့ပါတယ်* တဲ့...
*ငါမင်းကို ချစ်ခင်မြတ်နိုး တန်ဖိုးထားခဲ့ပါတယ်*

သခင်...
အကျွန်ုပ်သင့်ကို
ချစ်ခင်မြတ်နိုး တန်ဖိုးထားခဲ့ပါတယ်...
နောက်ထပ်နောက်ထပ်
ချစ်ခြင်း တရားတွေကိုလည်း
ထပ်မံမွေးဖွား ရှင်သန်ချင်ပါသေးတယ်...
ဖြစ်နိုင်မယ်ဆိုရင်ပေါ့ကွယ်...။
သခင်...
အကျွန်ုပ်ရဲ့
စိတ်ဝိညာဉ် နှလုံးသားထဲမှာတော့
ဒီချစ်ခြင်းတွေ
လွင့်ပြယ်ကျရှုံး
ဟိုးအဝေးကို
လုံးလုံးလျားလျား
ပြေးမထွက်မသွားသေးဘဲ
မြတ်နိုးလျက်ပါပဲကွယ်...။
သခင်ရယ်...
ဒါပေမယ့်လည်း
ဒီချစ်ခြင်းတွေကနေ
သင့်ကို ကြီးကြီးမားမား
စိုးရွံ့ ထိတ်လန့်မှုတွေ
မပေးစွမ်းခဲ့ပါဘူးလေ...။
သခင်...
အကျွန်ုပ်လေ
ဘာအကြောင်းကြောင့်မှ
ပူဆွေးဝမ်းနည်း
ကြေကွဲမနေချင်တော့ဘူး အချစ်ရယ်...။
သခင့်ကို
တိတ်တခိုး မြတ်နိုးခဲ့တယ်...
မျှော်လင့်ချက်မဲ့စွာ ချစ်ခဲ့တယ်...
အရှက်တရားတွေ ကင်းမဲ့လိုက်
မနာလိုဝန်တိုမှုတွေ ကြီးစိုးလိုက်နဲ့
ဒီချစ်ခြင်းဒဏ်ရာတွေ
ကိုယ့်ကို နှိပ်စက်နေပြီကွယ်...။
သခင့်ကို
အကျွန်ုပ် အဲသလို
ပွင့်လင်းရိုးသားစွာ
မြတ်နိုးခဲ့တယ်...
နူးနူးညံ့ညံ့ ယုယုယယ
ကြင်ကြင်နာနာ မက်မက်မောမော
တွယ်တာခဲ့တာပေါ့...။
သခင်ရယ်...
ဒါပေမယ့် ခုတော့လည်း
ဘုရားသခင် သင့်ကိုအပ်နှင်းလိုက်တဲ့
ဒီချစ်ခြင်းတရားတွေ
အခြားတစ်ပါး သူတစ်ဦးဆီ
စီးဆင်းပျံသန်း
လွင့်မျော လူးလွန့်သွားပါပေါ့လား...။

သခင်...
အကျွန်ုပ်သင့်ကို
ချစ်ခင်မြတ်နိုး တန်ဖိုးထားခဲ့ပါတယ်...
နောက်ထပ်နောက်ထပ်
ချစ်ခြင်း တရားတွေကိုလည်း
ထပ်မံမွေးဖွား ရှင်သန်ချင်ပါသေးတယ်...
ဖြစ်နိုင်မယ်ဆိုရင်ပေါ့ကွယ်...။
သခင်...
အကျွန်ုပ်ရဲ့
စိတ်ဝိညာဉ် နှလုံးသားထဲမှာတော့
ဒီချစ်ခြင်းတွေ
လွင့်ပြယ်ကျရှုံး
ဟိုးအဝေးကို
လုံးလုံးလျားလျား
ပြေးမထွက်မသွားသေးဘဲ
မြတ်နိုးလျက်ပါပဲကွယ်...။
သခင်ရယ်...
ဒါပေမယ့်လည်း
ဒီချစ်ခြင်းတွေကနေ
သင့်ကို ကြီးကြီးမားမား
စိုးရွံ့ ထိတ်လန့်မှုတွေ
မပေးစွမ်းခဲ့ပါဘူးလေ...။
သခင်...
အကျွန်ုပ်လေ
ဘာအကြောင်းကြောင့်မှ
ပူဆွေးဝမ်းနည်း
ကြေကွဲမနေချင်တော့ဘူး အချစ်ရယ်...။
သခင့်ကို
တိတ်တခိုး မြတ်နိုးခဲ့တယ်...
မျှော်လင့်ချက်မဲ့စွာ ချစ်ခဲ့တယ်...
အရှက်တရားတွေ ကင်းမဲ့လိုက်
မနာလိုဝန်တိုမှုတွေ ကြီးစိုးလိုက်နဲ့
ဒီချစ်ခြင်းဒဏ်ရာတွေ
ကိုယ့်ကို နှိပ်စက်နေပြီကွယ်...။
သခင့်ကို
အကျွန်ုပ် အဲသလို
ပွင့်လင်းရိုးသားစွာ
မြတ်နိုးခဲ့တယ်...
နူးနူးညံ့ညံ့ ယုယုယယ
ကြင်ကြင်နာနာ မက်မက်မောမော
တွယ်တာခဲ့တာပေါ့...။
သခင်ရယ်...
ဒါပေမယ့် ခုတော့လည်း
ဘုရားသခင် သင့်ကိုအပ်နှင်းလိုက်တဲ့
ဒီချစ်ခြင်းတရားတွေ
အခြားတစ်ပါး သူတစ်ဦးဆီ
စီးဆင်းပျံသန်း
လွင့်မျော လူးလွန့်သွားပါပေါ့လား...။
>>> စာရှုသူ ဓမ္မမိတ်ဆွေများ အားလုံး တဏှာပေမ-ချစ်သူအချစ်ကို စွန့်ပယ်လို့ မေတ္တာပေမ-ပါရမီအချစ်ကို လှမ်းဆွတ်ခြွေနိုင်ကြပါစေ...။
လေးစားစွာဖြင့်
ဖိုးသား
လေးစားစွာဖြင့်
ဖိုးသား
06/02/2009, FRI:, 14:41:30 PM
0 comments