Latest News

*စိတ်ဓါတ်ကိုတော့ အလေးအမြတ်ပြုပါတယ် ကိုဗစ်တာ(၄)*

M=ကိုဗစ်တာ... me=အကျွန်ုပ်

5:45 PM M: အမြဲတမ်းပို့ပေးနေတဲ့
စာကဗျာတွေ ဓမ္မတွေ အတွက်
5:46 PM ကျေးဇူးအထူးတင်ပါရဲ့
သို့ပေမယ့်.. မမြင်ရသော ဗိုင်းရပ်စ် ဆိုသော ဘာကောင်လေးများက
ရက်ရက်စက်စက်
5:47 PM နှစ်ရက်ဆက်တိုက် မရှိမဲ့ရှိမဲ့ ကွန်ပျူတာလေးကို နမ်းသွားလို့
ပျက်အစဉ် ပြင်မရတာလေးဖြစ်နေတာကို နားလည်ပါဗျာ
5:48 PM ပျော်ရွှင်ချမ်းမြေ့ဘဝင်အသည်းအေး မြပါစေ....
5:49 PM တရားဓမ္မအသိ ထူးထွေ ရှာဖွေတွေ့ရှိ ဖြန့်ဖြူးနိုင်ပါစေဗျာ

________________________________________ 55 minutes
6:44 PM me: အော်... နားလည်ပါတယ် အစ်ကိုရ

________________________________________ 7 minutes

6:52 PM M: ”ငါ့ကိုချစ်ရင်.. မနမ်းပါနဲ့” ”ငါ့ကိုချစ်ရင်.. မနမ်းပါနဲ့” ဒီစကားလေးက မြန်မာ့ရော့ခ်ကာ (Rocker) အဆိုတော်ကြီး ကိုညီထွဋ်ခေါ် ကိုဇော်ဝင်းထွဋ်ရဲ့ သီချင်းလေးထဲက စာသားလေးပါ။ ဘာလို့ ခေါင်းစည်းတပ် ရေးရသလဲ ဆိုရင်.... နာမည်မကျော် အော့ကြောလန် တဖြစ်လဲ ဘလော့ဂါ ဘွဲ့ခံယူထားသော အမေ့လက်ရာခေါ် သားရွှေနုကို ချစ်လွန်းလို့ ထင်ပါသည်။ အနယ်နယ် အရပ်ရပ်က ကိုကို မောင်မောင်များ ထက် မမ ညီမလေးများက အမည်နာမ မသိရဘဲ invite လုပ် (မှတ်ချက်။ ။ ကိုယ်ကလည်း ကောင်မလေး နာမည်နဲ့လာ invite ပီဆို အရမ်းလက်ခံတတ်) ပါတယ်။

အဲဒီကစလို့.. Chatting ထဲမှာ ကိုယ်ကစပီး အီစီကလီလုပ်ရင်း မရင်းမနှီးပေါ့။ နှစ်နေ့မကြာ... သူလေးများဆီမှ ဟိုဝက်ဆိုဒ် လေးသို့သွားပါ၊ ဒီအကြောင်းလေး ဖတ်ပါ၊ ဒါလေးတော့ မျှဝေတယ်နော်၊ လူကြီးရေ.. ဘာညာ၊ ဘာညာ နဲ့အဟင့်.. အဟင့် ဆိုတာများကို မျက်စိမှတ်ယုံ မယုံလို့လည်း မရဘူးလေ.. သူလေးများက တကူးတက ပို့ပေးရတာကိုး။ ရှိစေ.. ချစ်လွန်းလို့ ဖြစ်သွားတာပါ နေမယ်နော်။ မရှိမဲ့ရှိမဲ့.. သူငယ်ချင်း ကွန်ပျူတာ စုတ်စုတ်လေးကို ဘယ်သူက၊ ဘာက ဟက်ခ် သွားသည်မသိ၊ ယခု.. အမေ့လက်ရာ ကွန်ပျူတာ မနှိပ်နိုင် ဘလော့ ဆိုတာလေး အတင်းမအုပ်နိုင် ပက်လက် လန်သွားပါပီ။ ဒီအစုတ်ကလေး တစ်လုံးပဲ ရှိတာပါဗျာ။ မမ.. ညီမ.. ဆိုသည်များရေ ချစ်လွန်းအားကြီးတာ မကောင်းဘူးနော်။ ဒီလိုကြေး.. အမြဲနောက်နေမယ် ဆိုရင်တော့ ကိုညီထွဋ်လို သီချင်းလေးတပုဒ် ခံစားချက်ပြင်းပြင်းနဲ့ဆိုမယ်လေ... ”ငါ့ကိုချစ်ရင် မနမ်းပါနဲ့၊ ငါ့ကိုချစ်ရင် မနမ်းပါနဲ၊ ငါ့ကိုချစ်ရင် မဟက်ခ် ပါနဲ့လားကွယ်ရို့”
..........................................................................................................

အားလုံးသော အမျိုးများအား ကျေးဇူးအထူးတင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ စိတ်နှလုံး အေးမြကြပါစေ။
ဘယ်အရပ်ကမှန်း မသိသော ပညာတတ်များ၏
ကွန်ပျူတာ အဟက်ခ် ခံရခြင်းဘေးမှ လည်းကင်းဝေးကြပါစေ။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Posted by ah..maye.. latt..yar at Saturday, January 31, 2009 0 comments Links to this post
…………………………………………………………………………………………….

6:54 PM me: အစ်ကိုကလည်း နောက်နေပါပြီ
အကုန်လက်ခံတာကိုး ဟဲ ဟဲ

6:55 PM M: ပုထုဇဉ်.. ကြီးမိုက်သံသရာ ဇာတ်သမားလေဗျာ
ခံရတာနည်းတောင် နည်းသေးတယ်

6:58 PM me: ညီလည်း ဘလော့ရေးမှ ညီ့ဆီကို လာအင်ဗိုက်တာတွေ ရှိပါတယ်... တစ်ချို့ကတော့ အမှန် တစ်ချို့ကျတော့ အီစီကလီ အပျော်အပျက် အနေနဲ့ လေ
အရင်ကတော့ စကားပြောဖြစ်ပါတယ်.. စာရိုက်တာပါ
6:59 PM ခုနောက်ပိုင်းတော့ ပြောလို့ကောင်းတာ (အမြင်တူတာပေါ့) ၂ ယောက်လားပဲ ရှိတယ်..
ဒါတောင် သိပ်မပြောဖြစ်တော့ပါဘူး ပြောရတဲ့စကားတွေက အနှစ်မဲ့လို့လေ
7:00 PM အခုဆို ညီပြောဖြစ်တာက ဆရာတော်တွေရယ် အစ်ကိုတို့လို လူမျိုးတွေပဲ ရှိတော့တယ်

M: ဟုတ်ကဲ့
သိပ်မချီးမွန်းပါနဲ့ဗျာ
ကျွန်တော်တို့က..
7:01 PM တရားနဲ့ဝေးတယ်နော်
လောကီဘက်မှာ ပျော်နေတဲ့ ကောင်တွေဗျ

me: ညီလည်း ဒီရောက်မှ နည်းနည်းနီးစပ်သွားတာပါ
7:02 PM အရင်ကဆို သမန်ကာလျှံကာပဲ သိတာ
အခုတော့ အဲဒီထက် နည်းနည်းပိုရုံပါပဲ

7:03 PM M: ဘာဖြစ်ဖြစ်... အသိတွေ ပိုလာပီဆိုမှတော့ ပိုနီးစပ်နီးကပ်ဖို့
ခွန်အားများလာပါတယ်

me: ဟုတ်ကဲ့

7:04 PM M: အင်းလေ.. ကျွန်တော်တို့လည်း
နိဗ္ဗာန်ဆိုတာ.... အဝေးကြီးမှာဆိုတာမျိုး
မခေါ်ပါနဲ့အုံး..
7:05 PM တိုင်ပင်ပါရပါစေအုံးနဲ့
ဘယ်နေ့မှ.. မိုက်ဇာတ်သိမ်း သံသရာလမ်း ဆုံးမယ်မသိဘူး
7:06 PM အသိကလေးကသာ... ဘုရား၊ ဘုရား နေတာ
တရား.. တရား နေတာ။။
ရင်ဘတ်ကလေးကတော့...
ကြော်ငြာတွေ..၊သတင်းတွေ၊ အတင်းတွေနဲ့ပဲ
7:07 PM ပျော်နေတာမို့...
ညီရေ....
လူမိုက်ကြီး ကျွန်တော့်ကို
ဆရာ..မထင်ပါနဲ့ဗျာ
ပြောသမျှတွေ.. မှတ်တမ်းမယူပါနဲ့ဗျာ

7:08 PM me: ဘာပဲပြောပြော မသိတာ သိအောင်ပြေပြပေးရင် ဆရာပါပဲ အစ်ကို... တစ်ခုပဲဖြစ်ဖြစ် တစ်စိတ်ပဲ ဖြစ်ဖြစ်လေ
ညီတော့ အဲလိုခံယူပါတယ်
7:09 PM ညီက စာနဲ့သာ ပြောတတ်တာပါ
ပါးစပ်နဲ့ကျတော့ စကားသိပ်မပြောတတ်ဘူး အစ်ကို

7:10 PM M: ဟုတ်ပီ.. ရေးသာပြောပေါ့

me: ပြေပြေပြစ်ပြစ်မဖြစ်လို့လေ

M: ဆရာကြီးရယ်..
7:11 PM အများကြီးရေးလာပီးတာတောင်
ပြေပြေပြစ် မဖြစ်ဘူးတဲ့လားဗျာ

me: အပြင်ပိုင်းဆို ညီက အားနာတတ်တယ် အစ်ကို..

7:12 PM M: နားလည်ပါတယ်ဗျာ

me: ပြုပြင်ပေးဖို့တွေ့တာတောင် လူကို အားနာတာနဲ့ မပြောဖြစ်တော့ဘူး..
စကားနည်းတာလည်း ပါတာပေါ့အစ်ကို

M: အော်...
7:13 PM ဝေဖန်ရေး ကို ကျွန်တော်ကတော့ကြိုဆိုတယ်
လူတိုင်းကတော့.. ဒီစကားကို

me: ဟုတ်

M: နားကြားပျင်းကပ်မယ်

me: ဟုတ်ကဲ့

M: ဒါပေမယ့်... ဝေဖန်ရေးမရှိ
7:14 PM ရင်ပြုပြင်ပြောင်းလဲရေး
လုပ်မရဘူး

me: ဟုတ်ပါတယ်

M: ဒါဆိုရင်..
တဇောက်ကန်း ဗမာများ
သာကြီးစိုးသော..
တဇောက်ကန်း..
ဘာသာဝင်
တိုင်းပြည်လေးပဲ
မုချ ဖြစ်လိမ့်မယ်

7:15 PM me: ဟုတ်ကဲ့ပါ..

7:16 PM ညီက သူတစ်ပါးဆန္ဒကို ဦးစားပေးချင်တဲ့ အားနာစိတ်က ငယ်ငယ်ကတည်းက ရှိတာ..
ဖျောက်တော့ဖျောက်နေပါတယ်
တစ်ခါတစ်ခါ မရချင်ဘူး

M: ကိုဖိုးသားက..
7:17 PM သူတော်ကောင်းစိတ်လေးရှိနေတာပါ
ကောင်းတယ်.. မဖျောက်ပစ်ပါနဲ့
ကျွန်တော်ဆိုလိုတာက..

me: ဟုတ်

M: ဝေဖန်ရေးလုပ်မယ်ဆိုရင်
ဥပမာ...
ကျွန်တော့်ကို.. ဝေဖန်မယ်ပေါ့လေ

7:18 PM me: ဟုတ်ကဲ့

M: အကို... အရေးအသားတွေမကောင်းဘူးဗျာ ဆိုတာထက်...
အကိုရေ... စာပိုဒ်လေးရဲ့ အဆုံးအတွေးအမြင်ကလေးကလေ...
7:19 PM “တချို့” ဆိုတဲ့စကားလုံးထက်

me: ဟုတ်

M: “အချို့” ဆိုသောစာလုံးလေးမျိုးများ
7:20 PM ကောင်းချည်ရဲ့ထင်ပါတယ်

me: အော်

M: စသဖြင့်ပေါ့လေ....

me: ညီအဲလိုတော့ ဝေဖန်ရတာ သဘောကျတယ် အစ်ကို..
ဘာလို့လဲဆိုတော့
7:21 PM ဘုရားဝါဒကိုက ၀ိဘဇ္ဇ၀ါဒလေ
ဝေဖန်ပိုင်းခြားရမယ်တဲ့
ငါဘုရားဟောတိုင်းလည်း မယုံနဲ့တဲ့
7:22 PM ညီတော့ စကားနဲ့ မဝေဖန်ဖြစ်ရင်တောင် စိတ်ထဲမှာတော့ ဝေဖန်ဖြစ်ပါတယ်

M: ဟုတ်ကဲ့

me: အပြစ်မြင်တဲ့သဘောနဲ့တော့ မဟုတ်ဘူးပေါ့ အစ်ကို
တစ်ခါတစ်ခါတော့လည်း အပြစ်မြင်မိတယ်
7:23 PM ဒါပေမယ့် အဲဒီလိုစိတ်မျိုးဝင်လာရင်
အော် ငါ့မှာကော အဲလိုမျိုး အပြစ်များ ရှိလေမလားဆိုပြီးတော့
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ပစ်လိုက်တယ်
ဒါကလည်း
7:24 PM ဆရာတော် ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ဆုံးမထားတာလေးပါ
ညီဖတ်ဖူးထားတာ

7:25 PM M: ကောင်းပါတယ်ဗျာ..
ညီနဲ့စကားပြောမိတိုင်း

me: ဟုတ်ကဲ့

M: ကျွန်တော်တို့လည်း
တရားနှလုံးသွင်း
ဆင်ခြင်မိပါတယ်

7:26 PM me: ဟုတ်
7:27 PM ကျင့်ဆဲပုဂ္ဂိုလ်တွေ အနေနဲ့တော့ ကျင့်ပြီး ပုဂ္ဂိုလ်တွေလိုတော့ ဘယ်ဖြူစင်ပါ့မလဲ အစ်ကိုရာ

M: ဘာဖြစ်ဖြစ်.. သူများကို ပြုပြင်ပြောင်းလဲစေချင်လို့

me: ဟုတ်

M: ဝေဖန်မယ်ဆိုတာထက်
ကိုယ့်ကိုယ်ကို..
အရင်ဆုံးနဲ့ အချိန်မပြတ်
ဝေဖန်ရေးတွေကို
ခေါ်ဖိတ်ပါ
7:28 PM လက်ခံပါ
ကိုယ်ကလည်း..သူတပါးကို
အပြုသဘောလေးနဲ့ ဝေဖန်ပါ

me: ဟုတ်ကဲ့ပါ

M: ဝေဖန်မှ..ပြောင်းလဲမည်

me: မှန်ပါတယ် အစ်ကို..
7:29 PM အဝေဖန်ခံနိုင်တဲ့သူတွေပဲ တိုးတက်ကြတယ်လို့ ထင်တာပါပဲ
7:30 PM ကိုယ့်ကို အပြစ်ပြောရင်တောင် အဲဒီအပြစ်ပြောတဲ့ စကားထဲက ကောင်းတာလေးတွေ ရွေးချယ်ယူတတ်ရင် ပိုကောင်းမယ် ထင်ပါတယ်လေ..
7:31 PM အပြောလွယ်သလောက် လက်တွေ့ကျတော့ အခက်သားနော်အစ်ကို

M: ဟုတ်ပါတယ်ညီ....
ကျွန်တော်တို့လို လူမျိုးတွေအထူးသဖြင့်.. ကျွန်တော်တို့ လူငယ်တွေ..
7:32 PM ပြုပြင်ပြောင်းလဲရေးကို လက်ခံပါ
ပြုပြင်ပြောင်းလဲကြပါလို့ ဆန္ဒပြုချင်ပါတယ်
ကျွန်တော့်ကိုလည်း...

me: ဟုတ်ကဲ့

7:33 PM M: အားမနာဘဲ... ဝေဖန်ပြောင်းလဲ သင်ကြားကြပါ
အားလုံးကို ကြိုဆိုခေါ်ဖိတ်ပါတယ်ဗျာ
ညလည်းနက်လာပီ..ညီ

me: ဟုတ်
နောက်ကျမယ်အစ်ကို

7:34 PM M: တဘက်ခန်းက....အောင်ပါစေ သီချင်းလေးကလည်း အားတက်စရာ

me: အော်..

M: ညီရေ..နာမည်လေးနဲ့ အတူ...

me: နားမထောင်ရတာတောင်ကြာပေါ့
ဟုတ်ကဲ့

M: ပြည့်စုံအောင်မြင်ပါစေ
7:35 PM ကဲ..ခွင့်ပြုအုံးနော်

me: ကြိုးစားလျက်ပါအစ်ကို..
ဟုတ်ကဲ့
တရားနှလုံးသွင်းပြီးကောင်းသောညလေး ဖြစ်ပါစေအစ်ကို
ကျန်းမာပါစေ

7:36 PM M: ဟုတ်ကဲ့.. တရားကိုချစ်သောသူ (နှလုံးသွင်းပွါးများသူ) တွေကို တရားက စောင့်ရှောက်မှာပါ..

me: ဟုတ်


လေးစားစွာဖြင့်
ဖိုးသား

2/1/2009, SUN:, 11:30:48 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply