ငါးပြားစေ့လေးတွေ
တစ်စေ့ နှစ်စေ့မှသည်
တရွေ့ရွေ့တိုးကာဖြည့်
အစေ့နှစ်ဆယ်ပြည့်လေတော့
သင်တို့ကျွန်တော်တို့သိတဲ့
တစ်ကျပ်တဲ့လေ…။
သင်သိရမှာက
တစ်ကျပ်တန်ကို
တိုက်ရိုက်မရရင်တောင်
ငါးပြားစေ့တွေ
အစေ့နှစ်ဆယ်ပြည့်အောင်စု
ဒါသည်ပင် တစ်ကျပ်…၊
ငါးပြားစေ့တွေ
အဆက်မပြတ်စုနေတာသည်
တစ်ကျပ်ရဲ့လမ်းစ…။
လွတ်မြောက်မှုလမ်းစ
အဖြေရှာပြန်တော့
ငါပြားစေ့စုသလိုပ
နေ့စဉ်လုပ်ကိုင်မှု
သတိကပ်ကာရှုခြင်း…။
တစ်ဆင့်တက်လေတော့
တစ်နေရာကို အာရုံထား
စိတ်ကိုငြိမ်အောင်စု
သတိအဖော်ပြုလို့
ဝီရိယအားကိုစိုက်
ငါးပြားစေ့စုသလို
တစိုက်မတ်မတ်ပြုခြင်း…။
ဒီလိုပင်စုဖန်များ
ဒီလိုပင်ရှုကြံပွား
တစ်ကျပ်ကားပြည့်သလို
မြတ်တရား(၀ိမုတ္တိလမ်း)တွေ့တော့မပေါ့…။ ။
လေးစားစွာဖြင့်
ဖိုးသား
2/22/2009, SUN:, 2:41:14 AM
Latest News
0 comments