Latest News

*သုံးတော့သုံးပါ သို့သော်...*

အို.. အသင်လူသား
အစဉ်မပြတ်တဲ့
ခင်မင်မှုတွေ များလှချည်လားကွယ့်
ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်
သက်ရှိသတ္တ၀ါတွေအပေါ်
အသင် အသုံးတည့်မယ့်အရာတွေအပေါ်…။

မှန်ပါ့အရှင်
လူသားအကျွန်ုပ်
ဒီ ရုပ်ဝတ္ထု
သက်ရှိသတ္တ၀ါ
အသုံးတည့်မယ့်အရာတွေအပေါ်
ခင်မင် သုံးစွဲ နေကြောင်းပါ…။

အလို… အသင်လူသား
ဘယ့်နှယ့်ပြောလိုက်ပ
သုံးစွဲ နေတယ်… ဟုတ်စ…။

မှန်ပါ့အရှင်
ခင်မင်စွာဖြင့်
ခုံမင်တပ်မက်
အကျွန်ုပ် သုံးစွဲ လျက်ပါ…။

အသင်လူသား
အကျွန်ုပ်အရှင်
သွန်သင်သည်မဟုတ်
ရေငုံနှုတ်ပိတ်လည်း မနေ
အကြံဉာဏ်လေး ပေးပါရစေ…။

ပြောပါအရှင်
ယုံကြည်ရှိခိုး
ရိုကျိုးရည်သန်
စိတ်သန္တာန်မှ
နာခံလျက်ပါ…။

လူလာဖြစ်ရ
သင်တို့ဘ၀တွေ
ပစ္စည်းပစ္စယ
သုံး ရသည်ကား မှန်ပေစွ…။

သို့သော်… သို့သော်…
စွဲ သည်ဆိုသော ထိုလုပ်ရပ်
ဥပါဒါန် သဘောသက်ရောက်သမို့
မအပ်စပ်ပါဘူး အသင်လူသား
သို့အတွက်ကြောင့်
ဒီလက်ဆောင်စကားလုံး
အသင်ယူသုံး
စိတ်နှလုံးမှာ…
ရွှင်ပြုံးကြည်သာ နာခံလော့…
သုံးတော့သုံးပါ မစွဲပါနှင့်…။

အို… မှန်ပေစွ
ကျေးဇူးအနန္တပါ အရှင်
(စိတ်သန္တာန်မှ ရေရွတ်မိ)
သုံးတော့သုံးပါ မစွဲပါနှင့်
သုံးတော့သုံးပါ မစွဲပါနှင့်
သုံးတော့သုံးပါ မစွဲပါနှင့်…။

လေးစားစွာဖြင့်
ဖိုးသား

2/21/2009, SAT:, 10:47:34 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

3 comments

  1. အို... အသင် လူသား..
    အို... ကောင်းလေစွ... ကောင်းလေစွ...
    သုံးတော့သုံးပါ မစွဲပါနှင့်
    သုံးတော့သုံးပါ မစွဲပါနှင့်
    သုံးတော့သုံးပါ မစွဲပါနှင့်…း)


    အပ္ပမာဒေထ သမ္မာဒေထ......... မမေ့မလျော့ ကျင့်သုံးလော့.. အသင်လူသား... သာဓု သာဓု... သာဓု.........g

  2. အပ္ပမာဒေန သမ္ပာဒေထ



    အဟီး... စာလုံးပေါင်းးမှားသွားလို့ လာပြန်ရေးတာ...

    :P :P

  3. အဓိပ္ပာယ် နက်ရှိုင်းကျယ်ပြန့်တဲ့ ကဗျာလေးကို ဖတ်ရှု မှတ်သွား သွားပါတယ် သူငယ်ချင်း။ လောက အကျိုး ဆက်လက် သယ်ပိုးနိုင်ပါစေ။

Leave a Reply