အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။
ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့

စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ

ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။
အမေကဗျာလေး… ညီငယ်လေးတစ်ယောက်ရဲ့ ဘလော့မှာ ဖော်ပြပေးထားတာနဲ့ ကြိုက်မိလို့ ကူးလိုက်တာ… မိတ်ဆွေတို့လည်း နှစ်သက်မိမှာပါ…။
အားလုံးပဲ အမေ့ကျေးဇူးကို အောက်မေ့သတိရလို့ ကျေးဇူး အကျေဆပ်နိုင်တဲ့ သားကောင်း ရတနာ၊ သမီးကောင်း ရတနာတွေ ဖြစ်နိုင်ကြပါစေ…။
အားလုံးပဲ အမေ့ကျေးဇူးကို အောက်မေ့သတိရလို့ ကျေးဇူး အကျေဆပ်နိုင်တဲ့ သားကောင်း ရတနာ၊ သမီးကောင်း ရတနာတွေ ဖြစ်နိုင်ကြပါစေ…။
အမေ့ကျေးဇူး အကျေဆပ်နိုင်အောင် ကြိုးစားလျက်
အဖြူရောင်မေတ္တာများဖြင့်
ဖိုးသား
2/27/2009, FRI:, 3:47:22 PM
February 27, 2009 at 6:36 AM
ကဗျာကောင်းလေး တပုဒ်ပါ။။ အမေတွေကို ချီးမွမ်းခန်း ဖွင့်ခန်းတာ အင်မတန် မွန်မြတ်တဲ့ ကျော အရေးအသားတွေ ပါလား
အမေကိုတောင် သတိရသွားတယ်။ တန်ဖိုး ဖြတ်မရတဲ့ မိခင်တွေ အတွက် သားကောင်းသမီးကောင်း ဖြစ်ပါစေလို့ ဆန္ဒပြုရင်း...
ပျော်ရွှင်ပါစေ
February 28, 2009 at 4:24 AM
အမေကဗျာက ဂွတ်မှဂွတ်ပဲဗျို့..