*ကိုဗစ်တာနှင့် ဟိုအကြောင်း ဒီအကြောင်း*
6:21 PM M: ဘုရားပုံတော်ကနေ.. ပူစီလေးပြောင်းလိုက်ပီလား
me: ဟုတ်
မကောင်းဘူးထင်တယ်နော်အစ်ကို
6:22 PM M: ကောင်းပါတယ်..ကိုယ့်စိတ်ကူးစိတ်သန်းပေါ့
me: ဟုတ်ကဲ့
6:23 PM M: ကျွန်တော်.. အကြံသေးသေးလေးပေး ဝေဖန်ရရင်..
me: အာ ရတယ် ပြောပါအစ်ကို
6:24 PM M: ကိုယ် တင်တဲ့ပုံနဲ့ ကိုယ်ရေးတဲ့ (message)နအံဝင်ဂွင်ကျဖြစ်နေတာက ကြည့်ရတဲ့သူကို ပို ပြီးသန္တိသုခဖြစ်စေမလားပဲ
6:25 PM me: ဟုတ်ကဲ့ ညီလည်း စဉ်းစားမိပါတယ်
6:26 PM M: ဒီလိုလုပ်ရမယ်လို့ ပြောတာမဟုတ်ဘူးနော်
me: ညီ သဘောပေါက်ပါတယ် အစ်ကို... ကျေးဇူးပါ
6:27 PM ဝေဖန်ပါ ညီ့ကို ဘာမှ မဖြစ်ပါဘူး ညီ
6:29 PM M: ဘာဖြစ်ဖြစ် ကိုဖိုးသား..ဘလော့ကလေးက စစ်တမ်းကောက်လို့ ရသမျှ၊ ကိုယ်တိုင်လည်းဝင်ကြည့် ဖြစ်သမျှ.. မှတ်သားစရာနဲ့ တရားရစရာ ကျွန်တော်တို့လို၊ လူပိန်းနားလည်အောင် ရှင်းလင်းပြထားတဲ့ ဓမ္မအစစ်မှန်နေရာလေးပါ
ကျေနပ်အားရ မိပါတယ်...သာဓုလည်းခေါ်ပါတယ်ဗျာ
6:30 PM me: အဲဒီလောက်လည်း မဟုတ်ပါဘူး အစ်ကိုရာ...
ဖတ်မှတ်ထားတာလေးကို ကူးရေးပြရုံသက်သက်ပါ
6:31 PM M: ဖြန့်ဖြူးမျှဝေတယ်ဆိုတာလည်း...
me: ဟုတ်
M: တကယ်မလွယ်လှဘူးဗျ
လူတိုင်းလုပ်လို့ရတယ်လို့ ထင်ပေမယ့်
6:32 PM တကယ်လုပ်ကြည့်.. လုပ်တဲ့သူ ပိုနားလည်မယ်
me: ဟုတ် အဲဒါတော့ ဟုတ်ပါတယ်..
အခုညီ ကူးပြီး တင်တာတွေဆို စာအုပ်နဲ့ရေးမှတ်ထားရတာတွေလေ
M: ရှာဖွေရတယ်၊ စုဆောင်းရတယ်၊ ကိုယ်တိုင်လည်း လေ့လာရတယ်...
6:33 PM me: ကျောင်းကတည်းက ဖတ်လာတာ
နောက်
အဲဒီစာအုပ်ကိုလည်း ဒီ ရုရှားအထိပါလာအောင် မနည်း သယ်ခဲ့ရတာ..
လေယာဉ်နဲ့ ဆိုတော့
6:34 PM ပေါင်ချိန်ကန့် သတ်ချက်က ရှိသေးတယ်လေ
6:35 PM M: ဒါကြောင့် ပြောတာလေ.. ကိုယ်တိုင်ဖတ်မှတ်၊ စုဆောင်း၊ ပွါးများ၊ မေးမြန်း...ရေးသား
6:36 PM ဘယ်ဟာကလွယ်မလဲ...နောက်ဒီရောက်လာရင် တန်ဖိုးကြီးတာက အချိန်
me: ဟုတ်
M: အမြဲတမ်းပြေးလွှားနေရတဲ့ မောင်ကျောင်းသား၊ ကိုလုပ်သားများတွေ ပိုသိမယ်
6:37 PM အချိန်ဟာ...ဘယ်လိုမှအေးအေးမရှိဘူး
6:38 PM me: ဟုတ်ကဲ့
M: ဒီကြားကတည်းကမှ..ရတဲ့အချိန်ကလေးကိုအနားမပေး ရေးရ၊မေးရနဲ့
မလွယ်ပါဘူး....ဒါကြောင့် စောစောကပြောခဲ့တာ
me: ခုတောင် ဟင်းအိုးပြေးကြည့်လိုက် စာရိုက်လိုက်လုပ်နေတာ အစ်ကိုရ ဟဲ ဟဲ
ကျက်သွားပါပြီ
M: ကူရေးတာတော့မှန်မယ်....
me: ဟုတ်
6:39 PM M: ဘယ်သူလုပ်နိုင်လဲမေးချင်တာပါ...
မြန်မာစကားပုံလေးကဘာတဲ့....
me: အစ်ကိုပြောမှ သိမယ်လေ
6:40 PM M: ”ပြောတော့အလွယ်လေး”
”လုပ်ကြည့်မှခက်ချည်သေး”
လို့ဆိုရမယ်ထင်တယ်
6:41 PM me: ဟုတ်
M: ဘာဖြစ်ဖြစ်လေ... ရှိတော့ရှိတယ်ရှားတယ်
me: အစ်ကိုက ညီ့ကိုမြှောက်နေတာကိုး
လက်စသတ်တော့
M: မဟုတ်ပါဘူးဗျာ..
အမှန်ကိုပြောတာ...
me: ရေးဖို့ ရည်ရွယ်ချက်နဲ့ စာအုပ်တွေ သယ်လာတာတော့ မဟုတ်ပါဘူး အစ်ကိုရာ
6:42 PM ဖတ်မှတ်ထားတာလေးတွေ မေ့မှာ စိုးလို့ ပြန်ဖတ်ရအောင်ဆိုပြီးတော့ပါ
ရောက်စက ဘလော့ ဆိုတာဘာမှန်းတောင် ညီသိတာမဟုတ်ဘူး
6:43 PM ကိုဝင်းမြင့်တို့ ကိုအလှတရားတို့ ကူညီလို့ ခုလိုရေးဖြစ်သွားတာပါ
6:45 PM M: ဘယ်လိုရှိပါစေ...တန်ဖိုးရှိတဲ့ ကိုယ်မပိုင်တဲ့ အချိန်တွေထဲက.. အများအကျိုးရှိ အောင် ကြိုးပမ်းအားထုတ်တာကိုက ... ကောင်းမြတ်ခြင်း လုပ်ရပ်ပိုင်ရှင်ဖြစ်နေပါပြီ...
me: ဟုတ်
M: ဒါကြောင့်..ဆက်ပြီး အားထုတ်ကြိုးပမ်းပါ
6:46 PM လိုအပ်တာကို ..ပြောပါ
လောကကို စစ်မှန်ဓမ္မနဲ့ ဖြန့်ဖြူးအလှဆင်
6:47 PM ရာသက်လုံး ပျော်ရွှင်အေးမြ နှလုံးလှနိုင်တဲ့သူဖြစ်ပါစေ
me: ဟုတ်ကဲ့ ...
6:48 PM အစ်ကိုပေးတဲ့ ဆုနဲ့ အစ်ကိုကိုယ်တိုင်လည်း ပြည့်ဝနိုင်ပါစေ...
မိုးချုပ်နေပြီထင်တယ် အစ်ကို
M: ဟုတ်ကဲ့ဗျာ..ဆုတောင်းပေးတာကျေးဇူးပါ
၁၂ နာရီရှိပီမို့
me: ဟုတ်ကဲ့
M: နားပါရစေ...
6:49 PM ကောင်းသောညလေးပါဗျာ
me: ကျေးဇူးပါ အစ်ကို လိုအပ်တာလေးတွေ ပြောပြသွန်သင်ပေးလို့
ကောင်းသောညပါ
လေးစားစွာဖြင့်
ဖိုးသား
2/9/2009, MON:, 8:34:38 PM
Latest News
0 comments