Latest News

*To Be A Practical Buddhist*


ဘုန်းဘုန်းကုမာရ



I am Leaving, Bhante. Please advise me how to live at home by Buddhist Teaching?

တရားလာထိုင်တဲ့ ယောဂီလေး တစ်ယောက်က နုတ်ဆက်တဲ့စကားပါ။ မလေး တရုတ်မလေး တစ်ယောက်ပါဘဲ။ ဒီမှာ တရားလာထိုင်နေတာ ၁-ပတ် ရှိသွားပြီ။ ရသမျှ အားလပ်ချိန်လေးအတွင်းမှာ အချိန်လုပြီး တရားထိုင်ရတာပါတဲ့။ သူ့အကြောင်းကို ပြောပြတယ်။ နေ့စဉ် အင်တာဗျူး လုပ်ချိန်မှာတော့ ..ကမ္မဌာန်း အကြောင်းပဲ ပြောဖြစ်တယ်မို့လား။ ၀င်လေ- ထွက်လေ ကို ဘယ်လိုမှတ်ရမယ်။ စိတ်လွင့်နေရင် -ရေတွက်တဲ့နည်းကို သုံး။ ကျေနပ်လောက်ပြီ ဆိုရင် ၀င်လေထွက်လေ ကိုပြန်မှတ်....စတဲ့ အခြေခံလေးတွေပါ။ ဒီလိုနဲ့..အချိန်တွေကုန်သွားတယ်ပေါ့။ ခုတော့ပြန်ဖို့ နုတ်ဆက်နေပီ။

How to live at Home by Buddhist teaching .. ဆိုတော့လည်း ပြောရတာပ….
ဗုဒ္ဓမြတ်ဘုရားက သမထ ၀ိပဿနာ သည်သာ လျှင် ဗုဒ္ဓတရားလို့ ဆိုခဲ့သည်မဟုတ်။ နေ့စဉ် စီးပွါးရေးလုပ်နေကြတယ်။ လူမှုရေးတွေ လုပ်နေကြတယ်။ အဲဒီအမှုကိစ္စ ရေးရာတွေကို ဗုဒ္ဓအဆုံးအမ နဲ့အညီ အလုပ်လုပ်ဖို့ပဲလို့.. ။ ဥပမာ..ရလာတဲ့ ၀င်ငွေ ကို ၄ ပုံပုံထား။ ၁ ပုံ ကို စုဆောင်းပါ..။ ၀င်ငွေ ရဲ့ ၄ ပုံ တစ်ပုံကို မစုဆောင်းတတ်တဲ့ သူဟာ ဗုဒ္ဓဘာသာကောင်းတစ်ယောက် မဖြစ်သေးဘူး..။ဒါထက် အကျယ်ချဲ့ …ဗုဒ္ဓနည်းကျ စီးပွါးရေးလမ်းညွှန်ချက် အတိုင်း အလုပ်လုပ်ပါ (ဘုရားဟော စီးပွါးရေးလမ်းညွှန်ချက်ကို စီးပွါးရှာရာ အသုံးချနေပါလျှင် ဘုရားစကားလိုက်နာခြင်းကြောင့်.. ကုသိုလ်ရနေကြောင်း သတိပြုပါ- သန္တုဋ္ဌီ ပရမံ ဓနံ ဆိုသည့်စကား ကို ဒီနေရာမှာ အရာဌာနမဟုတ်။ မင်္ဂလာဆောင်အိမ်မှာ အသုဘ တရားဟောကြားသကဲ့ သို့ ဖြစ်နေပါသည်..)

ထိုနည်းတူပဲ.. ငါးပါးသီလ ထဲက ပါဏာတိပါတ - သူများအသက်ကို မသတ်ဘဲ နေရုံနဲ့ မလုံလောက်သေး။ သူများအသက်ကို လည်း ကယ်ဆယ်ရမယ်။ သူများအသက် ရှည်အောင် ပြုပေး စွမ်းနိုင်ရမယ်။ …ဒါမှ သာ ပါဏာတိ ပါတ သိက္ခာပုဒ်ကို နားလည် လိုက်နာသည်မည်တယ်။


သူများအသက် မသတ်ဘူးဆိုရုံနဲ့ ကျေနပ်နေမယ်..ရပ်နေမယ်ဆိုရင်..Non-practice Buddhist သာသာပဲ။ Right Action မပါဘူး။ အဲဒီလိုလုံတဲ့ သီလ ဆိုတာ ထောင်သားတွေနဲ့ဘာမှ မခြားဘူး..လို့။

လူမှုရေး…ပညာရေး..ကျန်းမာရေး..ပေါင်းသင်းဆက်ဆံ ရေး..စတဲ့ကဏ္ဍ ရပ်များမှာလည်း ထိုနည်းအတိုင်းပဲ။ အဲဒီနည်းလမ်းရပ်တွေ ကို လေ့လာ ပြီး လက်တွေ့ ကျင့်သုံးခြင်းဖြစ် အောင်မြင် မှု အသီးသီး ဆွတ်ယူနိုင်တယ်။ ဒါမှ သာလျှင် Practical Good Buddhist ဖြစ်လာနိုင်မယ်-- လို့ ပြောပြရပါတယ်။

>>> ဘုန်းဘုန်းကုမာရ ဘလော့မှ ကူးယူဖော်ပြ မျှဝေလိုက်ပါတယ်ခင်ဗျာ…။


>>> အပ္ပမာဒေါ အမတံ ပဒံ - မမေ့ခြင်းသည် မသေခြင်း၏ အကြောင်းတည်း...။

လေးစားရိုသေစွာဖြင့်
ဖိုးသား

09/02/2009, MON:, 12:29:57 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply