Latest News

*မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ*

''မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ''
ကာမေသုမိစ္ဆာစာရကံ

ကာမဂုဏ်တို့၌ မှားယွင်း ဖေါက်ပြန်စွာ ကျင့်မှုနှင့် ပတ်သက်၍ အမျိုးကောင်း သားသည် မိမိသီလ မကျိုးမပေါက် စေရန် မသွားလာ အပ်သော မိန်းမ ၂ဝ-ကို ရှောင်ကြဉ်ရမည်။

အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ...

၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။

မယား ၁ဝ-ဦးမှာ...

၁၁။ ဥစ္စာဖြင့် ဝယ်ယူ ပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ် အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ် ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ် ပေါင်းသင်းသော မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

''မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ'' ဟူသော ရှေးပညာရှိတို့ ဆုံးမစကားအရ အမျိုးကောင်း သားများသည် အုပ်ထိန်းခြင်း မကင်းသောသူ မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန် ကျူးလွန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်သည်။ ဤကံကား အလွန် ကြောက်ဖွယ် ကောင်း၏။ သေလွန်၍ ငရဲသို့ ကျခံရပြီးနောက် လူ့ဘဝ ပြန်ရစေကာမူ ဘဝများစွာပင် နပုန်း ပဏ္ဍုက်ဖြစ်ရခြင်း၊ ချစ်သူနှင့် ကွဲရခြင်းစသော မကောင်းကျိုးများ များလှကုန်၏။

ကာမေသုမိစ္ဆာစာရကံ အင်္ဂါ ၄-ပါးမှာ...

၁။ မသွားလာအပ်သောမိန်းမ ၂ဝ-ဖြစ်ခြင်း။
၂။ မှီဝဲလိုစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ဤအင်္ဂါ ၄-ပါး ညီညွတ်လျှင် ကာမေသုမိစ္ဆာစာရကံ မြောက်သည်။

၁-မှ ၈-ထိ ယောက်ျားများအပြစ်ဖြစ်၊ အမျိုးသမီးများအပြစ်မဖြစ်။
၉-မှ ၂ဝ-ထိ နှစ်ဦးလုံး အပြစ်ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ ရှောင်ကြဉ်ရသော အကျိုးတရားများ

၁။ ရန်သူမရှိခြင်း။
၂။ အလုံးစုံသော သတ္တဝါတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း။
၃။ ထမင်း အဖျော်ယမကာ အဝတ်တန်ဆာတို့ ရရှိခြင်း။
၎။ ချမ်းသာစွာ အိပ်ရခြင်း။
၅။ ချမ်းသာစွာ နိုးရခြင်း။
၆။ အပါယ်ဘေးမှ လွတ်ရခြင်း။
၇။ မိန်းမ နပုန်းအဖြစ်မှ လွတ်ရခြင်း။
၈။ အမျက်ဒေါသနည်းခြင်း။
၉။ ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း။
၁ဝ။ လည်တိုင်ကြော့ကြော့ မော့မော့ နေနိုင်ခြင်း။
၁၁။ မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပြစွာ နေနိုင်ခြင်း။
၁၂။ မိန်းမနှင့် ယောက်ျားအချင်းချင်းသာ ချစ်ခင်မြတ်နိုးခြင်း။
၁၃။ မျက်စိ နား နှာစသော ခြေလက်အင်္ဂါများ ပြည့်စုံခြင်း။
၁၄။ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
၁၅။ ယုံမှားသံသယကင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း။
၁၆။ ချမ်းသာစွာ နေရခြင်း။
၁၇။ ပူပန်ကြောင့်ကြ မရှိရခြင်း။
၁၈။ ဘေးရန် မရှိခြင်း။
၁၉။ ချစ်ခင်နှစ်သက်သူတို့နှင့် နေရခြင်းစသော အကျိုးတရားတို့ကို ရရှိပါသည်။


>>> ဘုန်းဘုန်းလောကနာထ ဘလော့မှ အများသိစေရန် ရည်ရွယ်၍ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...

>>> အားလုံးသော စာရှုသူ ဓမ္မမိတ်ဆွေအပေါင်း ကာမေသု မိစ္ဆာစာရကံမှ လွတ်ကင်းအောင် ကျင့်ဆောင် နေထိုင် လုပ်ကိုင် နိုင်ကြပါစေ…။


လေးစားရိုသေစွာဖြင့်
ဖိုးသား

3/11/2009, WED:, 6:06:37 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

4 comments

  1. ကောင်းပါပေ့..မှတ်သားလိုက်ရပါသည်။သာဓုပါဗျာ။

  2. ဒါမျိုးတွေကိုသိချင်ဖတ်ချင်တာဗျ..
    လိုတဲ့အချက် ကိုထောက်ကနဲ့ နဲ့ 
    ဖတ်လို့ မှတ်လို့ ကောင်းပါတယ်..
    စာပေများကိုရေးသားရင်းနဲ့ 
    သာသနာအကျိုးကိုဆထက်တပိုး
    သယ်ပိုးနိုင်ပါစေဗျာ..
    လေးစားချစ်ခင်စွာဖြင့်
    ဖိုးစိန်

  3. ထန်လျန်း
    March 11, 2009 at 8:57 AM

    မင်းတို့ သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမကတော့ ကိုယ့်ရည်းစား ဖြစ်နေရင် ခိုးပြေးလို့ အပြစ် မရှိဘူး မြင်တယ်ဗျာ။ သူ (မင်း)လဲ လိုချင်ရင် ကိုယ့်လို ရည်းစားစကား လိုက်ပြော၊ အမျိုးသမီးက ကြိုက်တဲ့လူ ရွေးလိမ့်မပေါ့။
    အစ်ကို အစ်မ စောင့်ရှောက်သော မိန်းမကလဲ စောင့်ရှောက်တဲ့ အစ်ကိုအစ်မက ငွေမက်လို့ ဥပမာ ချစ်တီးလက် ထိုးအပ်မယ်ဆိုရင် ကိုယ်က ကြားက ဖြတ်ခိုးရင် အပြစ်မရှိဘူး မြင်တာပဲ။

    ကျွန်လဲဟုတ် မယားလဲဟုတ်ဆိုတဲ့ မိန်းမရဲ့ ဘဝကတော့ သနားစရာ ကောင်းပါတယ်။ သူ့နဲ့ မကျူးလွန်ပေမယ့် သူ ဒီဘဝက လွတ်အောင်တော့ ထွက်ပြေးနိုင်အောင် ကယ်သင့်ပါတယ်။ ယောက်ျားဆိုလဲ ကျွန်မှန်ရင် ဘယ်သူ့မဆို ကယ်မိမှာပဲ။

    ဒီမယား ၂၀ ဆိုတာက မြတ်စွာဘုရား သတ်မှတ်တာ မဟုတ်ဘဲ လောကနီတိ ဆရာတွေနဲ့ ခေတ်ကာလအလျောက် ပေါ်ခဲ့တဲ့ မင်းစိုးရာဇာတွေရဲ့ အကြိုက်စကားတွေနဲ့ တူနေသလားလို့။ ဘုရားစကားဆိုရင်တော့ ဘာမှ စောဒကမတက် ရိုသေပြီးသားပါ။ ကာမေသုကိုလဲ တစ်သက်လုံး ယောင်လို့တောင် မကျူးလွန်ရဲခဲ့ပါဘူး။

  4. ကိုထန်လျန်း ပြောတာသဘာဝကျလို့ လက်ခံတယ်။
    လူတွေကဘုရားပြောတာထက်သူတို့ အာဘော်တွေကို
    ရောထည့်ပြီးပြောနေကြတော့ အားလုံးထင်ယောင်ထင်မှား
    တွေဖြစ်ကုန်ရော။

Leave a Reply