ထန်လျန်း said...
မင်းတို့ သိမ်းပိုက်ရန် ရည်ရွယ် ထားသော မိန်းမကတော့ ကိုယ့်ရည်းစား ဖြစ်နေရင် ခိုးပြေးလို့ အပြစ် မရှိဘူး မြင်တယ်ဗျာ။ သူ (မင်း)လဲ လိုချင်ရင် ကိုယ့်လို ရည်းစားစကား လိုက်ပြော၊ အမျိုးသမီးက ကြိုက်တဲ့လူ ရွေးလိမ့်မပေါ့။
အစ်ကို အစ်မ စောင့်ရှောက်သော မိန်းမကလဲ စောင့်ရှောက်တဲ့ အစ်ကိုအစ်မက ငွေမက်လို့ ဥပမာ ချစ်တီးလက် ထိုးအပ်မယ်ဆိုရင် ကိုယ်က ကြားက ဖြတ်ခိုးရင် အပြစ်မရှိဘူး မြင်တာပဲ။
ကျွန်လဲဟုတ် မယားလဲဟုတ်ဆိုတဲ့ မိန်းမရဲ့ ဘဝကတော့ သနားစရာ ကောင်းပါတယ်။ သူ့နဲ့ မကျူးလွန်ပေမယ့် သူ ဒီဘဝက လွတ်အောင်တော့ ထွက်ပြေးနိုင်အောင် ကယ်သင့်ပါတယ်။ ယောက်ျားဆိုလဲ ကျွန်မှန်ရင် ဘယ်သူ့မဆို ကယ်မိမှာပဲ။
ဒီမယား ၂၀ ဆိုတာက မြတ်စွာဘုရား သတ်မှတ်တာ မဟုတ်ဘဲ လောကနီတိ ဆရာတွေနဲ့ ခေတ်ကာလ အလျောက် ပေါ်ခဲ့တဲ့ မင်းစိုးရာဇာတွေရဲ့ အကြိုက်စကားတွေနဲ့ တူနေသလားလို့။ ဘုရားစကားဆိုရင်တော့ ဘာမှ စောဒကမတက် ရိုသေပြီးသားပါ။ ကာမေသုကိုလဲ တစ်သက်လုံး ယောင်လို့တောင် မကျူးလွန်ရဲခဲ့ပါဘူး။
××××××××××××××××
Anonymous said...
ကိုထန်လျန်း ပြောတာ သဘာဝကျလို့ လက်ခံတယ်။ လူတွေက ဘုရားပြောတာထက် သူတို့ အာဘော်တွေကို ရောထည့်ပြီး ပြောနေကြတော့ အားလုံး ထင်ယောင် ထင်မှားတွေ ဖြစ်ကုန်ရော။
××××××××××××××××
ကိုထန်းလျန်း ပြောတာလေးကို ကျွန်တော် သိသလောက် ပြန်ပြီး ဆွေးနွေး ပေးပါ့မယ်...
၁။ ပထမဆုံး ပြောချင်တာက ဒါသည် ဘုရားဟောပါ... ဝိနည်းပါဠိတော် ပါရာဇိကဏ် မှာပါပါတယ်… အကျယ်ကို အဋ္ဌကထာနဲ့ ဋီကာကပြန်ဖွင့် ထားပါတယ်… ကျွန်တော် ခုလေးတင် ဦးဇင်း တစ်ပါးကို မေးလိုက်တာပါ… ပိုပြီးသေချာအောင် နောက်ထပ် ဘုန်းဘုန်း တစ်ပါးကိုလည်း ထပ်မေးလိုက်ပါတယ်… ဒါက နံပါတ်တစ် ပြောချင်တာပေါ့…။
၂။ ကျွန်တော် ယခု တင်ပြထားသော ပို့စ်သည် ကာမေသု မိစ္ဆာစာရကံကို မကျူးလွန်မိအောင် ဘယ်လိုမျိုး ရှောင်ကြဉ်သင့်တယ် ဆိုတာကို ရေးသားထားခြင်းပါ…။
အစ်ကို ပြောတဲ့ အထဲမှာ (မင်းတို့ သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမကတော့ ကိုယ့်ရည်းစား ဖြစ်နေရင် ခိုးပြေးလို့ အပြစ် မရှိဘူး မြင်တယ်ဗျာ) လို့ ဆိုထားတယ်နော်…။ အဲဒီတော့ ကာမေသု မိစ္ဆာစာရကံ မြောက်မမြောက်ကို မစဉ်းစားနဲ့ဦး… ခိုးပြေးတယ် ဆိုကတည်းက အဒိန္နာ ဒါနာကံ မြောက်သွားပါပြီ… ခိုးချင်တဲ့ စိတ်ရှိတယ်၊ လုံ့လပြုတယ် ဆိုရင်ပေါ့…။
နောက်ပြီး ကာမေသုကံ မြောက်ခြင်း မမြောက်ခြင်းကို ကျွန်တော့်ပို့စ်မှာ ဖော်ပြထားပါတယ်…။
ကာမေသုမိစ္ဆာစာရကံ အင်္ဂါ ၄-ပါးမှာ...
၁။ မသွားလာအပ်သောမိန်းမ ၂ဝ-ဖြစ်ခြင်း။
၂။ မှီဝဲလိုစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ဒီအင်္ဂါ လေးပါးမှာ တစ်ပါးပါးနဲ့ ငြိပြီ ဆိုရင်တော့ ကာမေသု မိစ္ဆာစာရကံ မြောက်သွားပါပြီ…။
အစ်ကိုပြောတဲ့ အထဲမှာ (မင်းတို့ သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမကတော့ ကိုယ့်ရည်းစား ဖြစ်နေရင်) လို့ပါတယ်… ဒီနေရာမှာတော့ ကာမေသုကံ မြောက်မမြောက်သည် ကိုယ်က သူနဲ့ အရင် ရည်းစားဖြစ်တာလား၊ မင်းက သိမ်းပိုက်ဖို့ ရည်ရွယ်ပြီးမှ ရည်းစားဖြစ်တာလား.. ဒါလေးကို အရင် စဉ်းစားဖို့ လိုပါမယ်… မင်းကသိမ်းပိုက်ဖို့ ရည်ရွယ်ပြီးမှ ကိုယ်နဲ့ ရည်းစားဖြစ်.. နောက်ဆုံး ကျူးလွန်မိတဲ့ အဆင့်ထိဖြစ်သွားရင် ဒါသည် ကာမေသုမိစ္ဆာစာရကံ မြောက်သွားပါပြီ… ဘာလို့လဲ ဆိုတော့ ၄င်းမိန်းမသည် မင်းဆိုတဲ့ အစောင့် အရှောက်အောက် ရောက်သွားပြီး အစောင့် အရှောက်ရှိသူ ၁ဝ-ဦး စာရင်းမှာ... ပါသွားလို့ပါပဲ…။
၃။ (အစ်ကို အစ်မ စောင့်ရှောက်သော မိန်းမကလဲ စောင့်ရှောက်တဲ့ အစ်ကိုအစ်မက ငွေမက်လို့ ဥပမာ ချစ်တီးလက် ထိုးအပ်မယ်ဆိုရင် ကိုယ်က ကြားက ဖြတ်ခိုးရင် အပြစ်မရှိဘူး မြင်တာပဲ။)
ဒါကိုလည်း ခုနက အင်္ဂါလေးပါးနဲ့ပဲ ချိန်ထိုး သုံးသပ်ပါ… ခိုးတဲ့ အမှုကတော့ အသာထားလိုက်ဦး… ချစ်တီးလက်ကို ထိုးအပ်တယ် ဆိုရင် ချစ်တီးက ဒီမိန်းမပျိုရဲ့ အုပ်ထိန်းသူ အစောင့်အရှောက် ဖြစ်သွားပါပြီ… ဒါကြောင့် ကာမေသု မိစ္ဆာစာရကံ မြောက်ပါလိမ့်မယ်…။
၎။ (ကျွန်လဲဟုတ် မယားလဲဟုတ်ဆိုတဲ့ မိန်းမရဲ့ ဘဝကတော့ သနားစရာ ကောင်းပါတယ်။ သူ့နဲ့ မကျူးလွန်ပေမယ့် သူ ဒီဘဝက လွတ်အောင်တော့ ထွက်ပြေးနိုင်အောင် ကယ်သင့်ပါတယ်။ ယောက်ျားဆိုလဲ ကျွန်မှန်ရင် ဘယ်သူ့မဆို ကယ်မိမှာပဲ။)
ဒါက ကာမေသု မိစ္ဆာစာရကံနဲ့ မဆိုင်လို့ ကျွန်တော် မဆွေးနွေးတော့ပါဘူး…။
၅။ (ဒီမယား ၂၀ ဆိုတာက မြတ်စွာဘုရား သတ်မှတ်တာ မဟုတ်ဘဲ လောကနီတိ ဆရာတွေနဲ့ ခေတ်ကာလအလျောက် ပေါ်ခဲ့တဲ့ မင်းစိုးရာဇာတွေရဲ့ အကြိုက်စကားတွေနဲ့ တူနေသလားလို့။)
ဒါကိုတော့ ကျွန်တော် ပြောပြီးပါပြီ။ ဘုရားဟောပါ…။ သံသယ ဖြစ်စရာ အကြောင်း မရှိတော့ပါဘူးနော ဒီလောက်ဆို…။
၆။ (ဘုရားစကား ဆိုရင်တော့ ဘာမှ စောဒကမတက် ရိုသေပြီးသားပါ။)
အစ်ကို အဲလို ပြောတယ်နော်…။ ကျွန်တော် တစ်ခု အကြံပေးပါရစေ။ မြတ်စွာဘုရားက ငါဟောတိုင်းလည်း မယုံနဲ့၊ ကိုယ်တိုင် ဝေဖန် ဆန်းစစ်ပြီးမှ ယုံလို့ ဟောထားပါတယ်… ဘာလို့လဲ ဆိုတော့ ဘုရားဝါဒသည် ၀ိဘဇ္ဇ၀ါဒ (ဝေဖန်ပိုင်းခြားတဲ့ ၀ါဒ) ဖြစ်လို့ပါပဲ…။ ဘယ်လို ဝေဖန်ပိုင်းခြားပြီး ဟောသလဲ ဆိုတော့…
ဝိဘဇ္ဇ၀ါဒိနော - ဤကား သဿတ လမ်းစဉ်၊ ဤကား ဥစ္ဆေဒလမ်းစဉ် ဟူ၍၊ အယုတ်တရား နှစ်ပါးတို့ကို ရှောင်ရှားကာ၊ မဇ္ဈိမပဋိပဒါ အကျင့်မြတ် လမ်းစဉ်ကိုသာလျှင် ဝေဖန် ပိုင်းခြားကာ ဟောကြားတော် မူလေ့ရှိပါတယ်…။
ဝိဘဇ္ဇ၀ါဒိနော - ဤကား ပယ်သတ်ရမည့် အကြောင်း တရား၊ ဤကား သိရုံသာ သိရမည့် အကျိုးတရား ဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗ ခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗ ခန္ဓာတို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော် မူလေ့ ရှိပါတယ်…။
ဒါကြောင့် ဘုရားဟောတွေကို မယုံရဘူးလို့ မဆိုလိုပါဘူး… ယုံပါ၊ ဘယ်လို ယုံရမလဲဆိုတော့ ကိုယ်တိုင်သိအောင် ကျင့်ကြံအားထုတ်မှုနဲ့ ယုံဖို့ပါ…။ ဒါဆိုရင် ဒီယုံကြည်မှုဟာ တအားခိုင်မြဲတဲ့ ယုံကြည်မှု ဖြစ်သွားပါပြီ…။
၆။ (ကာမေသုကိုလဲ တစ်သက်လုံး ယောင်လို့တောင် မကျူးလွန် ရဲခဲ့ပါဘူး။)
သာဓုပါ ကိုထန်လျန်း ရေ… တစ်သက်လုံး ယောင်လို့တောင် မကျူးလွန်ရဲခဲ့သလို နောင်လည်း မကျူးလွန်မိအောင် ထိန်းသိမ်း ကာကွယ် နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…
ကို Anonymous လည်း ဒီလောက်ဆို သဘောပေါက် လောက်ပြီလို့ မျှော်လင့်ပါတယ်…။
အဓိကကတော့ ကာမေသု မိစ္ဆာစာရကံ မြောက်ခြင်း မမြောက်ခြင်းကို အထက်က အင်္ဂါလေးရပ်နဲ့ ယှဉ်ပြီး သုံးသပ်ဖို့ပါပဲ...။
လေးစားစွာဖြင့်
ဖိုးသား
3/12/2009, THUR:, 12:55:37 AM

အားလုံးသော ဓမ္မမိတ်ဆွေများ ချမ်းသာကိုယ်စိတ် မြဲကြပါစေ…။
လေးစားစွာဖြင့်
ဖိုးသား
3/12/2009, THUR:, 12:55:37 AM
March 11, 2009 at 3:19 PM
ပြန်လည်ရှင်းလင်းသုံးသပ်တင်ပြသွားတာလေးက
ပိုပြီးလေးနက်တယ်..
ဘာပြောပြော..
သူတပါးသားမယားကိုပြစ်မှားကြည့ှ်ရှု့ ရသောထက်
မျက်လုံးနှစ်ဖက်ကန်းရခြင်းသည် ပရမံ-မြတ်ပေ၏
လေးစားစွာဖြင့်
ဖိုးစိန်