Latest News

*ပါရာဇိကကျတဲ့ ရဟန်းအကြောင်း*

အမေး။ ။ပါရာဇိက လေးပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတဲ့ ရဟန်းတစ်ပါး အနေနဲ့ သာသနာ တော်မှာ ဆက်နေချင် သေးရင် ဘာတွေ လုပ်ရသလဲ ဘုန်းဘုန်း။ တကယ်လို့ အဲဒီရဟန်းဟာ လူထွက်သွားတယ်။ ကိုယ်တိုင် ပါရာဇိက ကျူးလွန်တာကို ကျူးလွန်မှန်း မသိရင် ဘာဖြစ်တတ်ပါ သလဲ ဘုန်းဘုန်း။ တကယ်လို့ သိခဲ့ရင်ကော အဲဒီလူထွက် ထားတဲ့ ပုဂ္ဂိုလ် အနေနဲ့ အပြစ်ကို ဘယ်လို ချေဖျက်လို့ ရနိုင်ပါသလဲ ဖြေကြား ပေးတော်မူ ပါဘုရား။

ပြည့်စုံအောင်
စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

**************************

အဖြေ။ ။ ပါရာဇိက လေးပါးမှာ တစ်ပါးပါးကို ကျုးလွန်မိတဲ့ ရဟန်းတစ်ပါး အနေနဲ့ သာသနာတော်မှာ ဆက်နေချင် သေးတယ် ဆိုရင် သာမဏေ (ကိုရင်) အသွင်ဖြင့် နေနိုင်ပါတယ်။

ကိုယ်တိုင် ပါရာဇိက ကျုးလွန်မှန်း မသိဘဲ ကျုးလွန်ထားတဲ့ ရဟန်းဟာ သီးခြား လူထွက်နေစရာ မလိုပါ။ ရဟန်းအဖြစ်မှ လူ့အဖြစ်သို့ အော်တိုမစ်တစ် ရောက်ရှိ သွားပါတယ်။ တကယ်လို့ ပါရာဇိက ကျတဲ့ ရဟန်းဟာ လူမထွက်ဘဲ နေရင် သေလွန်တဲ့အခါ ငရဲကျ ခံရမှာဖြစ်ပါတယ်။ တကယ်လို့ ပါရာဇိက ကျမှန်းသိတဲ့ အတွက် လူထွက်ထားတဲ့ သူဟာ လူ့အသွင်နဲ့ နေကာ ဒါန သီလ ဘာဝနာများ အားထုတ်လျှင် မဂ်ဖိုလ် နိဗ္ဗာန်တောင် ရောက်နိုင်ပါတယ်။

မေတ္တာဖြင့်
ဘုန်းဘုန်းကောဝိဒ

******************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

3/15/2009, SUN:, 10:27:58 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

2 comments

  1. ညီလေးရေ
    သိစေရန် -၁ အောက်မှာ အကြောင်းပြန်ထားပါတယ်။ ညီ မတွေ့ဘူးလားလို့။
    ညီလေးဘလော့ကို တစ်ချို့ကွန်ပျူတာကနေ တက်ဖတ်ရင် ဖတ်မရဘဲ လေးထောင့်တွေ ပေါ်နေတယ်။ ဇော်ဂျီဖောင့် မရှိတဲ့ စက်တွေမှာလဲ အလုပ်ထဲ ကျောင်းထဲကနေ ဖတ်လို့ အဆင်ပြေအောင် လုပ်ပေးပါလား။
    တရားအားထုတ်တာမှာရော ကုသိုလ်ရေးရော တိုးတက်ပြီးရင်း တိုးတက်နေတာ ဖတ်ရလို့ အစ်ကို မုဒိတာပွား ဝမ်းမြောက်ရပါတယ်။ ညီ့လို ဖြစ်ချင်ပါတယ်။

  2. ဘုန်းဘုန်းကောဝိဒဆိုတာ ဘယ်က ဘုန်းဘုန်းလဲ သိချင်ပါတယ်ရှင့်... မဇ္ဖျိမဂုဏ်ရည် ဆရာတော်လားလို့ သိချင်ပါတယ်.. ဖြေကြားပေးပါရှင့်..

Leave a Reply