Latest News

*To dissolution (Nabbana)*

Thro' many a birth in Sansara wandered I, Seeking but not finding, the builder of this house. Sorrowful is repeated birth. O house-builder! you are seen, you shall build no house again. All you rafters are broken, your ridge-pole is shatered. To dissolution (Nabbana) goes my mind. Achieved is the end of craving.

(DP 1962 verses 153 and 154)

သံသရာ ဘဝတွေ အများကြီး ကျင်လည် ခဲ့ရပြီ..။ ခန္ဓာဆိုတဲ့ ဒီအိမ်ကို ဆောက်တဲ့ လက်သမားကို ရှာတယ်။ ဘဝတွေ ဆက်နေတာကို ကြောက်လွန်းလို့ ဖြစ်တယ်။ အိမ်ဆောက်တဲ့ လက်သမား၊ နင့်ကို ငါ တွေ့ပြီ။ ငါ့ အတွက် အိမ်သစ် မဆောက်နဲ့တော့။ ထုပ်လျောက် ပေါင်းကွပ်တွေ ကျိုးကြေသွားပြီ။ ခေါင်တိုင်ကြီးလည်း ကြေမွသွားပြီ။ ငါ့ အာရုံက ချေမှုန်းတဲ့ (နိဗ္ဗာန်) ဘက်ကိုသာ ရောက်နေတယ်။ တဏှာကို ချေဖျက် အောင်မြင်ပြီ။

(ဓမ္မပဒ ဂါထာ ၁၅၃၊ ၁၅၄)



အိမ်ဆောက်သမား သင်ယောက်ျားကို
ဘဝများစွာ သံသရာတွင်
ငါသည် လှည့်ပတ် ရှာဖွေခဲ့။

မတွေ့ရဘဲ ဇာတိထဲတွင်
ဆင်းရဲခဲ့ရ အကြိမ်ကြိမ်။

အိမ်ဆောက်သမား အို ယောက်ျား
ခုကား သင့်ကို ငါ တွေ့ပြီ။

နောင်ခါတဖန် အိမ်ဆောက်ရန်ကို
မကြံစည်နှင့် မရတော့။

ခေါင်လျောက် ရက်မ ဟူသမျှကို
ဖြိုချ ဖျက်ချိုး ပစ်လိုက်ပြီ။

ငါ၏ စိတ်လျှင်
ပြုပြင် ကင်းရာ ရောက်ခဲ့ပါ၍
တဏှာ ကုန်ခမ်းပြီတကား။


ခေါင်လျောက် = အဝိဇ္ဇာ
ရက်မ = ကိလေသာ

(မင်းသုဝဏ်)

********************************

ကျွန်တော့် သူငယ်ချင်း ၀လုံးဝိုင်းဝိုင်း ဘလော့မှ ကူးယူဖော်ပြ မျှဝေလိုက်ပါတယ် ခင်ဗျာ…။

အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ...။


လေးစားစွာဖြင့်
ဖိုးသား

16/03/2009, MON:, 14:11:59 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply