အလို...
မိုးထက်ဆီမှ
တအိအိပြိုဆင်း
ဖြူစင်ဝင်းတဲ့
ငွေသားနှင်းတို့
သင်တို့ ၀င့်ကြွားလှချည်လား...။
အိစက်ညက်ညော
ငွေသားရောတဲ့
ဖြူစင်ဝင်းပ
နှင်းပွင့်လှတို့
သင်တို့ဌာနီ
သင့်ရာသီတော့
အသင်ဝင့်လွှား
မာန်ဝင့်ကြွားလို့
တင့်ကားတင့်ချေ
ခေါင်းမော့နေပေါ့...။
သင့်အချိန်နှောင်း
ရာသီပြောင်းလို့
နေခြည်ဖျန်းပက်
ရွှေရည်စွက်က
အိစက်ပါတဲ့ အိုအသင်
ဖြူဝင်းပါတဲ့ အိုအသင်
နူးညံ့ပါတဲ့ အိုအသင်
နေခြည်ဝင်နှောက်
ရာသီရောက်လို့
သင့်အသွင်ကား ပျောက်ချေပြီ...။
မိုးထက်ဆီမှ
တအိအိပြိုဆင်း
ဖြူစင်ဝင်းတဲ့
ငွေသားနှင်းတို့
သင်တို့ ၀င့်ကြွားလှချည်လား...။
အိစက်ညက်ညော
ငွေသားရောတဲ့
ဖြူစင်ဝင်းပ
နှင်းပွင့်လှတို့
သင်တို့ဌာနီ
သင့်ရာသီတော့
အသင်ဝင့်လွှား
မာန်ဝင့်ကြွားလို့
တင့်ကားတင့်ချေ
ခေါင်းမော့နေပေါ့...။
သင့်အချိန်နှောင်း
ရာသီပြောင်းလို့
နေခြည်ဖျန်းပက်
ရွှေရည်စွက်က
အိစက်ပါတဲ့ အိုအသင်
ဖြူဝင်းပါတဲ့ အိုအသင်
နူးညံ့ပါတဲ့ အိုအသင်
နေခြည်ဝင်နှောက်
ရာသီရောက်လို့
သင့်အသွင်ကား ပျောက်ချေပြီ...။
လေးစားစွာဖြင့်
ဖိုးသား
19/03/2009, THU:, 6:16:58 AM
March 18, 2009 at 9:50 PM
နှင်းပျောက်တဲ့ နွေဦး ရောက်ပြီလေ.. ဆိုတဲ့ သီချင်းလေး အမှတ်ရမိတယ်ကွာ။ ဖြစ် ပျက် ပြောင်းလဲ သဘောကိုလဲ မြင်ယောင်မိတယ်။ ရင်ထဲကို သိမ်မွေ့စွာ တိုးဝင်သွားတဲ့ ကဗျာလေး တစ်ပုဒ်ပဲ သူငယ်ချင်း။ နှစ်သက်မိတယ်။
March 19, 2009 at 4:56 PM
ဆိုက်လေးကို စဖွင့်လိုက်တာနဲ့--
ရင်ထဲအေးမြသွားပါတယ်--
ကဗျာလေးဖတ်လိုက်တာနဲ့--
နူးညံ့မှု ရသ ကိုခံစားလိုက်ရတယ်---