6:50 PM M: ညီလေး ရေးထားတဲ့ တစ်ခုခုကို အကို ဖတ်ပြီးသွားပါပြီ
me: ဟုတ်ကဲ့ အစ်ကို
ကျေးဇူးပါ
6:51 PM M: ကောင်းပါတယ်ညီလေး
me: လိုတာတွေ ရှိတယ် အစ်ကို...
ဆရာတော် ဟောတာလေးကို သိသလို ပြန်ရေးတာ
M: ဒါကတော့ ရှိမှာပေါ့ ညီလေးရာ
ကိုယ်က အကုန်ပြည့်စုံသေးတာမှ မဟုတ်တာပဲကိုး
me: ဟုတ်ကဲ့
6:52 PM M: ဒါပေမယ့် ညီလေးဆိုလိုချင်တာကို အကို သဘောပေါက်ပါတယ်
နောက်ကွယ်က Meaning ကို ခံစားလို့ ရပါတယ်
me: ဟုတ်ကဲ့
6:55 PM M: အော်ဒါနဲ့ ညီလေး။ နေ့ ခင်းက အကို ကစကားပြောကြတာနဲ့ ဆက်ပြီး သတိရတာလေးတစ်ခု ညီလေးကို ထပ်ဖြည့်ပြောချင်လို့ 
me: ဟုတ်ကဲ့ ပြောပါ အစ်ကို
6:56 PM M: အကို့ ကို နိုင်ငံခြား သာသနာပြုနေတဲ့ ဆရာတော်တစ်ပါး ပြောပြဖူးတယ်
me: ဟုတ်
M: သူက ပြောတာက သာသနာပြုကြရင် လူဝတ်နဲ့ သာသနာပြုတာက ပိုထိရောက်မှုရှိတယ်လို့ ပြောတယ်
me: ပြောပြပါဦး အစ်ကို
M: အဓိကကတော့ နိုင်ငံခြားမှာပေါ့
6:57 PM me: ဟုတ်ကဲ့
M: သူကပြောတာ ဘုန်းကြီးတစ်ပါးအနေနဲ့  နိုင်ငံခြားသားတွေထဲကို တိုးရတာ မလွယ်လှဘူးပေါ့
me: ဟုတ်
M: အဓိကကတော့ အပြင်ပန်းအသွင်အပြင်ဘဲ
6:58 PM အ၀တ်အစားက သူတို့ တွေအနေနဲ့ ထူးဆန်းနေတာရယ်
နောက်တစ်ခု သံဃာတော်တွေဘက်က ထိန်းရတဲ့ ၀ိနည်း သိက္ခာပုဒ်တွေရယ်ကြောင့်ပေါ့
me: ဟုတ်
6:59 PM M: တစ်ဦးနဲ့ တစ်ဦး စစတွေ့ တွေ့ ချင်းသူတို့ တွေက လက်ဆွဲနှုတ်ဆက်ကြတယ်
ဘုန်းကြီးတစ်ပါး အနေနဲ့ က အမျိုးသမီးတစ်ဦးရဲ့ လက်ကို ကိုင်ရင် အာပတ်သင့်တယ်
me: ဟုတ်ကဲ့
M: အဲဒီလိုပြသနာမျိုးလေးတွေပေါ့
7:00 PM me: တစ်ချို့ ဓါတ်ပုံတွဲရိုက်တာတွေကော
ဟုတ်ကဲ့
7:01 PM M: ဒါလဲ အာပတ်ဖြစ်မဖြစ်တော့ သေချာပေါက်မသိဘူး။ အသားထိတာမျိုးဆိုရင်တော့ ကျိန်းသေလောက်တယ်
me: ဟုတ်ကဲ့
7:02 PM M: နောက်ပြီး ပြောဆိုဆက်ဆံရမှုပေါ့
သူတို့ က ဘုန်းကြီးတစ်ပါးကို အသားလွတ် အရိုအသေပေးရမယ် ဆိုတာမျိုးကို လက်မခံနိုင်ကြဘူး
me: ဟုတ်ကဲ့
M: လက်အုပ်ချီတာတို့ ၊ အောက်ကထိုင်ရတာတို့ လိုဟာမျိုးပေါ့
7:03 PM me: အော် ဟုတ်ကဲ့
7:04 PM M: နောက်တစ်ခုက သူတို့ တွေက ကိုယ့်ဆီကိုချဉ်းကပ်တာဟာ ဘာသာရေးအသိအမြင် လိုချင်မှုထက် သူတို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်မှုကို ဦးတည်ကြတယ်
ဘာနဲ့တူလဲဆိုတော့ စိတ်ပညာရှင်တစ်ယောက်ဆီ သွားသလိုမျိုးပေါ့
me: ဟုတ်ကဲ့
7:05 PM M: ဗမာဘုန်းကြီးတစ်ပါး အနေနဲ့ သူတို့ လိုချင်တဲ့ အနေအထားမျိုးကို လုပ်ပေးနိုင်ဖို့ ဆိုတာ လွယ်တော့ မလွယ်ပါဘူး။
7:06 PM me: ဟုတ်
M: နောက်ပြီးသူတို့ က မေးခွန်းတွေကို မေးရတာ ၀ါသနာပါကြတယ်
7:07 PM မြန်မာယဉ်ကျေးမှုမှာက ဘုန်းကြီးတစ်ခွန်းပြောရင် အောက်က မှန်ပါ့လုပ်ပေးကြပေမယ့်လို့ သူတို့ ကတော့ တစ်ခွန်းပြောရင် တစ်ခွန်းမက ပြန်မေးကြတာမျိုးနှင့် ရင်ဆိုင်ရတာကိုး
me: ဟုတ်
7:08 PM M: ဒါကြောင့် အဲဒီဆရာတော်က ပြောတာ ဘုန်းကြီးဝတ်မဟုတ်ဘဲ လူဝတ်နဲ့ က သာသနာပြုလုပ်ရတာ နိုင်ငံခြားမှာ ပိုအောင်မြင်တယ်လို့ သူ ခံယူချက်ကိုပြောသွားတာ
me: ဟုတ်ကဲ့ပါအစ်ကို
M: သူကတော့ ဦးဂိုအင်ကာတို့ ၊ ဂိုလ်းစတိန်းတို့ ကို ဥပမာပေးသွားတယ်
me: ခုလို ပြောပြပေးလို့ ကျေးဇူးပါ
7:09 PM me: ဟုတ်ကဲ့ပါ
ညီလည်း အစ်ကိုပြောတာ သဘောပေါက်ပါတယ် အစ်ကို... ညီ့စိတ်လေးလည်း ပြန်အဆင်ပြေသွားပါပြီ
7:10 PM M: ကောင်းပါတယ်ညီလေး၊ စိတ်ကတော့ ဒီလိုဘဲ ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေမှာပဲ။ နောင်လည်း ဖြစ်နေအုံးမှာပဲ
me: ဟုတ်ပါတယ်
ထိန်းနိုင်ဖို့ပဲ ကြိုးစားနေရတယ် အစ်ကို
မလွယ်ဘူး တခါတခါ
M: အရဟတ္တမဂ်မရသ၍ ပါပဲညီ
7:11 PM me: ဟုတ်
7:12 PM M: ဖြစ်နိုင်ရင် စိတ်ကိုထိန်းဖို့ ထက် ဖြစ်တိုင်းသိဖို့ ကို ကြိုးစားကြည့်တာက ပိုထိရောက်မလားလို့ 
me: ဟုတ်ကဲ့ ကိုဝင်းမြင့်လည်း အဲလိုပြောတယ်
7:13 PM M: ဟုတ်တယ်ညီ။ ထိန်းတာက အတ္တပါတယ်
me: ဟုတ်
7:14 PM M: အနတ္တသဘောနဲ့ ။ သူ့ အကြောင်း တိုက်ဆိုင်လို့ ဖြစ်တယ်။ အချိန်တန်ရင် ပြီးသွားမှာဘဲလို့  နှလုံးသွင်းပြီး အေးအေးချမ်းချမ်း သိနေလိုက်ရင် လူကနေရတာ တော်တော် သက်သာသွားတယ်
7:15 PM me: ဟုတ်တယ် အစ်ကို ညီလည်း ခုအဲလို နေကြည့်နေတယ်.. သိပ်တော့ အဆင်မပြေသေးဘူး.. ပြေတဲ့ အချိန်လေးတော့ တော်တော်လေး နေရတာ သက်သာပါတယ်
M: အလေ့အကျင့်ပေါ့ညီရာ
လုပ်ပါများရင် ရသွားမှာပါ
7:16 PM me: ဟုတ်
M: အကိုကတော့ စက်ဘီးစီး သင်သလိုမျိုးဘဲ သဘောထားတယ်
စစချင်းတော့ ဘီးနှစ်ဘီးပေါ်မှာရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်သလိုဘဲ
me: ဟုတ်ကဲ့အစ်ကို
7:17 PM M: နောက်တော့လည်း ဟန်ချက်ညီအောင်လုပ်နိုင်ရင် အဆင်ပြေသွားတာပါပဲ
ညီလည်း မိုးကုတ်ဆရာတော်နည်းနဲ့ စိတ္တာနုပဿနာ လုပ်နေတာဆိုတော့ တဖြည်းဖြည်း စိတ်အကြောင်း ပိုပိုသိလာမှာပါ
me: ဟုတ်
7:18 PM M: ပိုသိလေ ပိုပြီး သူ့ သဘာဝကို နားလည်လာလေ ဖြစ်လာမှာပါ
me: ဟုတ်ကဲ့ပါ အစ်ကို
7:19 PM M: ဖြစ်နိုင်ရင် ဘုရားဟောထားတဲ့ ဒိဋ္ဌေဒိဋ္ဌမတ္တံ ဆိုတာလေးကို ဆက်လေ့လာကြည့်ပါလား
ဦးလောကနာထ ဆီမှာတော့ ပါဠိတော်မူရင်း ရှိမယ်ထင်တယ်
me: ညီ သိရုံလေးပဲ သိတယ် အဲဒါလေးကို.. ဂိုးလ်စတိန်း စာအုပ်မှာ
ဟုတ်
M: ဟုတ်တယ်ညီ
me: မေးကြည့်ရင်တော့ ရမယ် အစ်ကို
7:20 PM M: သိ၊ သိကမတ္တ
me: ဟုတ်
M: မဟာစည် ဆရာတော်ကြီးလည်း ဟောထားတာရှိတယ်
ရွှေဥဒေါင်း ရေးထားတာလည်းရှိတယ်
အားလုံးသူ့ ပုံစံနဲ့ သူကောင်းကြပါတယ်
7:21 PM me: ဟုတ် ညီနားတော့လည်တယ် အစ်ကို.. လိုက်တော့ လုပ်ကြည့်နေတယ်... ခုနပြောသလိုပါပဲ အလေ့နည်းနေသေးတယ်
M: အဲဒီ အနေအထားမျိုးနဲ့ အပြည့်အ၀ နေနိုင်တာ ရဟန္တာပုဂ္ဂိုလ်တွေဘဲ
me: အော် ဟုတ်
7:22 PM M: ကျန်တဲ့ ကျင့်ဆဲပုဂ္ဂိုလ်တွေကတော့ အခိုက်အတန့် အားဖြင့် ရနိုင်ကြတယ်
me: ဟုတ်
7:23 PM M: ရလိုက်တဲ့အခိုက်မှာ ဘုရား ရဟန္တာတို့ ရဲ့ စိတ်ကို မှန်းပြီးကြည့်ရင် အရမ်းကို ကြည်ညိုဖို့ ကောင်းပါတယ်။
me: ဟုတ်ပါတယ် အစ်ကို..
7:25 PM M: အကို့ တုန်းကတော့ အကို့ ရဲ့ စိတ်ပိုင်း ပြဿနာတွေကို ကုစားဖို့ အတွက် နီးစပ်ရာ ဆရာသမားတွေရော၊ လက်လှမ်းမီရာ စာအုပ်တွေရော လိုက်ဖတ်ဖြစ်ခဲ့တာပဲ
အခုလို အင်တာနက်မှာ မသုံးနိုင်တာကိုး
me: ဟုတ်
7:26 PM ညီလည်း လိုက်တော့ ဖတ်ပါတယ်..
M: ဘာကောင်းလဲဆိုတော့ ဆရာစုံရဲ့  အာဘော်အစုံကိုရလိုက်တယ်
7:27 PM အဲဒီထဲကမှ ကိုယ့်စရိုက်နဲ့ ကိုက်မယ့်ဟာကို Selection လုပ်လိုက်တော့ တော်တော် ကောင်းကောင်းလေးကို ရလိုက်တယ် ညီရ
me: ဟုတ်ကဲ့အစ်ကို
ညီ့ကိုလည်း လမ်းညွှန်ပါ
M: ညီလည်း အဲဒီလိုမျိုးစမ်းကြည့်ပေါ့
me: လိုတာတွေ အများကြီးပဲ ရှိသေးတယ်
7:29 PM M: ဆရာသမားတွေ Senior တွေ ပြောတဲ့အထဲက ကိုယ်နဲ့ ကိုက်မယ့်ဟာလေးကို ရွေးထုတ်ပြီး ကိုယ့်အတွက် သီးသန့်လေး စိတ်ဖြေစရာရှာထားပေါ့။
နောက်ဆို တစ်ခုခုဆို အဲဒါလေးပဲ ထုတ်ထုတ်သုံးသွားရင်း စိတ်အခက်အခဲတွေကို ဖြေရှင်းသွားရတာပဲ
7:30 PM me: အော် ဟုတ်ကဲ့.. ညီက အဲလို မထုတ်ထားမိဘူး.. မှတ်တော့မှတ်မိတယ်.. ညီနဲ့ ကိုက်တာတွေကို...
7:31 PM M: မြတ်စွာဘုရား သက်တော်ထင်ရှား မရှိတော့လည်း ကိုယ်နဲ့ တိုက်ရိုက်အချိုးကျမယ့် အဆုံးအမမျိုးကတော့ တန်းရမှာ မဟုတ်ဘူးလေ.. နော်
me: ဟုတ်
7:32 PM M: အကိုလည်း ညီ့လိုပဲ လျောက်မေးတာပဲ
ဟိုလူဘယ်လိုလုပ်လဲ ဒီလူဘယ်လိုလုပ်လဲ။ သူတို့ တွေ ပြဿနာကို ဘယ်လို ဖြေရှင်းသလဲပေါ့
me: ဟုတ်
7:33 PM M: မေးရင်းမေးရင်နဲ့ ကိုယ့်နဲ့ ကိုက်တာတစ်ခုကို ရလိုက်တော့ နောက်ပိုင်းကျ သိပ်မေးစရာ မလိုတော့ဘူး
မမေးရသလောက်ကိုဖြစ်သွားတယ်
me: ဟုတ်ကဲ့ အစ်ကို
ညီလည်း အဲလို လုပ်နေတာ
M: ကောင်းတယ်ညီ
me: တစ်ပါးနဲ့ တစ်ပါးက အာဘော်တွေ မတူဘူး
M: ဟုတ်ပ
me: ညီနဲ့ ကိုက်တာကို ယူတယ်
7:34 PM မကိုက်တာကို ပယ်လိုက်တယ်
M: ကောင်းပါတယ်
me: ဟုတ်
M: နောက်ပိုင်း ဘာဖြစ်လာလဲဆိုတော့ ကိုယ့်ကိုထဲမှာ ကိုယ်ပိုင် မီးစက်လေးတစ်လုံးနှင့် မီးအား ပေးနေသလိုပဲ
အပြင်က ဘာမှကို အကူအညီမလိုတော့ဘူး
7:35 PM ကိုယ့်ကိုယ်ပိုင် လင်းနေတော့တယ်
အကိုပြောတာသဘောပေါက်လားမသိဘူး
me: ဟုတ်ကဲ့
ဘဘောပေါက်ပါတယ် အစ်ကို
M: တစ်ခုခုဆို စိတ်နှင့် အသိဥာဏ်မှာ ရှင်းနေတယ်
7:36 PM me: ညီက သူများ အားကိုးချင်စိတ် များနေတာ
အဲဒါကိုလည်း သိတယ် ပြင်နေတယ် အစ်ကို
M: လုပ်စရာရှိတာကို ပြတ်ပြတ်သားသား စိတ်ချလက်ချ လုပ်လိုက်နိုင်တယ်
me: ဟုတ်
M: ညီလည်း အချိန်တစ်ခု ပေးလိုက်ရင် အဲလိုမျိုးဖြစ်လာမှာပါ
7:37 PM me: ငယ်ငယ်က အကျင့်တွေ ကြောင့်ပါ .. ဟုတ်ကဲ့
M: အကိုလည်း ငယ်ငယ်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ညီ့လိုပဲ ရှိခဲ့ဘူးပါတယ်
ဒါကြောင့် ညီ့ပို့စ်မှာ ရေးထားတာ ဖတ်ရတော့ တော်တော်လေး ကိုယ်ချင်းစာမိပါတယ်
7:38 PM me: ဟုတ်ကဲ့အစ်ကို
M: အခုချိန်အထိလည်း ဒီဒဏ်ရာတွေက အနုသယအနေနဲ့ ရှိနေတုန်းပါပဲ
me: ဟုတ်
M: အကြောင်း တိုက်ဆိုင်ရင် ပြန်ပေါ်လာပြီး အားငယ်စိတ်တွေ ၀င်လာတာပဲ
7:39 PM me: ဟုတ် ညီလည်း အဲလိုဖြစ်နေတာ
M: သတိနဲ့ တော်တော်လေး ထိန်းထားရတယ်
me: အားကိုးရာ မဲ့မဲ့သွားတယ် အဲလို အချိန်
ဟုတ်
M: မှန်တယ်ညီလေး
7:40 PM တခါတလေ အဲဒါတွေကြောင့် စိတ်ထဲမှာ ဒေါသတွေလည်း ဖြစ်နေတတ်တယ်
me: ဟုတ်တယ် အစ်ကို
ကိုယ့်ကိုယ်ကို ဖြစ်နေတာ
M: တက်ကြွတဲ့ ဒေါသမဟုတ်ရင်၊ ဆုတ်နစ်တဲ့ဒေါသ တစ်ခုမဟုတ်တစ်ခုပဲ
me: ဘာလို့ စိတ်ကို မနိုင်တာလဲ ဆိုပြီး
ဟုတ်
7:41 PM M: ဘယ်တတ်နိုင်မလဲညီလေးရာ၊ သိနေရုံရှိတာပဲ၊ အဲဒီအချိန်မှာ အထူးအားစိုက်ပြီး အသိ ကပ်နေလိုက်ရ တာပါပဲ
7:42 PM me: ဟုတ်ကဲ့
တော်တော်များများတော့ နိုင်ပါတယ် အစ်ကို.. အပြင်ပိုင်း မာနတွေပေါ့လေ.. အစ်ကိုပြောသလို အနုသယ အနေနဲ့တော့ မနိုင်ချင်ဘူး..
ကိန်းနေတယ်
7:43 PM ဖျောက်နေပါတယ် အဲဒါကိုလည်း ညီ
M: အဲဒါမျိုးဖြစ်လို့  အကို့ တရားပြ ဆရာတွေသွားပြောရင် သူတို့ က တအား သဘောကျကြတာ။ ကောင်းတယ် ကောင်းတယ်နဲ့
me: အယ် ဘာလို့လဲ အစ်ကို
7:44 PM အင်းနော် သူတို့ကျတော့ နိုင်နေပြီဆိုတော့ ဒါလေးတွေက ရယ်စရာ ဖြစ်နေတယ် ထင်တယ်
M: သူတို့ ကတော့ ဒါက ၀က်ခြံပျောက်ဆေး လိမ်းသလိုဘဲ။ အပြင်ကအနာကုန်လို့
့အတွင်းက အောင်းနေတာတွေ ထွက်လာတာဆိုပြီး
me: အော် ဟုတ်ကဲ့
M: တရားတက်တဲ့ လက္ခဏာလို့ ယူဆကြတာကိုး
me: ဟုတ်
M: ဘာမှမလုပ်နဲ့  ဆက်သာမှတ်နေလို့ပဲ ပြောတာပါပဲ
7:45 PM me: ဟုတ်ကဲ့ အစ်ကို
M: မှတ်ရင်းမှတ်ရင်းနဲ့ လည်းဟုတ်တယ်။ တဖြည်းဖြည်း ပြင်းအားက လျော့လျော့သွားတာကို သတိထားမိတယ်
me: ဟုတ်တယ် အစ်ကို
7:46 PM တဖြေးဖြေး ဖြေရတယ်.. အရင်က ရှိပြီးသား ခိုင်နေတာတွေကို ဖြုတ်ရတာဆိုတော့ ခက်တယ် နည်းနည်းတော့
M: အရင်က တော်တော်လေး ခံပြင်းနာကြည်းခဲ့ရတဲ့ ကိစ္စမျိုးက တဖြည်းဖြည်း အမှတ်ရစရာ တစ်ခုလိုမျိုးပဲ ကျန်တော့တာမျိုး ဖြစ်လာတယ်
me: ဟုတ်
7:47 PM စိတ်ထဲမှာ ကျန်ပေမယ့် အပြင်မထွက်အောင်တော့ ထိန်းတတ်လာတယ်
ထိန်းနိုင်လာတယ်
M: ဟုတ်တယ်ညီ။ မနောကံနဲ့တင် ပြီးသွားတာပေါ့
me: ဟုတ်
M: ရာဂစတာတွေလည်း အဲဒီအတိုင်းပဲ
me: ဟုတ်
7:48 PM M: အဲဒါမျိုးတွေကျတော့ ငယ်ဖြူဘုန်းကြီးတွေထက်စာရင် တောထွက်ဘုန်းကြီးတွေ လမ်းညွှန်တာ ပိုထိရောက်တယ်
7:49 PM me: ဘယ်လိုလဲ အစ်ကို.. အော် တောထွက် ဘုန်းကြီးတွေကျတော့ ကြီးမှ ဖျောက်တာဆိုတော့ ပိုသိလောက်မယ်ထင်တယ်
ပူပူနွေးနွေး ရှိဦးမယ် ထင်တယ်
M: ဟုတ်တယ်။ သူတို့တွေက ဒီအတွေ့ အကြုံတွေကို ဖြတ်သန်းကျော်ဖြတ်ပြီးမှ ဘုန်းကြီးဝတ်ကြတာကိုး
ငယ်ဖြူတွေ ကျတော့ စာတွေ့ လောက်ပဲ ပြောပြနိုင်တယ်
7:50 PM me: ဟုတ်တယ် အစ်ကို
စာတွေကျတော့ သဘော ပါမလာဘူး
ခက်တယ်
M: တောထွက်တွေကျတော့ လက်တွေ့ ရင်ဆိုင်ရတာ တွေကို ထိထိမိမိ ဖြေရှင်းနည်းကို ပြောပြပေးနိုင်တယ်
me: ဟုတ်
7:51 PM ညက ပြောမိတဲ့ ဆူနာမီဆရာတော်လည်း အဲလိုပဲ ပြောလို့ကောင်းတယ်
ညီဖြစ်နေတာကို သိတယ်
သူလည်း ဖြစ်ခဲ့တာဆိုတော့
M: ဟုတ်တယ်
အကို့တုန်းကတော့ အကို့ ဆရာတစ်ယောက်ကို သွားတိုင်ပင်လိုက်တယ်
7:52 PM me: ဟုတ်
M: သူက ၁၈ ၁၉ လောက်ကထဲက တရားအားထုတ်ထားတာ
me: အော်
ကောင်းပ အစ်ကိုရာ
M: အသက် ၄၀ကျော်အရွယ်လောက်ရှိတယ်
me: ဟုတ်
M: သူလည်း အကိုတို့လိုမျိုး ပြဿနာကို ကောင်းကောင်း ရင်ဆိုင်လာရတာကိုး
7:53 PM me: ဟုတ်ကဲ့
M: သူကတော့ နောက်ဆုံးသူ့ ကိုယ်သူ ပြန်မေးတယ်တဲ့
me: အစ်ကို ညဥ့်နက်ပြီထင်တယ်.. စင်္ကာပူမှာလား အစ်ကိုက
ဟုတ်
M: တိုကျိုမှာ
7:54 PM me: ဂျပန်ပေါ့.. အော်
၁၁ ခွဲလောက်ရှိပြီထင်တယ်.. မကလောက်ဘူး
M: ငါတကယ် ဒီလူ့ ဘောင်က အခြေအနေတွေကို ဖြတ်နိုင်မလားလို့
me: ဟုတ်
7:55 PM M: သူက အင်ဂျင်နီယာဘွဲနှင့် အစိုးရရာထူး ကြီးကြီးတစ်ခုရှိတယ်၊ ၀င်ငွေလည်း တော်တော်လေး ကောင်းတယ်။ နိုင်ငံခြားသွားလည်း သူ့ အနေအထားက ကောင်းနေတာဆိုတော့
7:56 PM me: ဟုတ်ကဲ့
M: အဲဒီမှာ သူ့ စိတ်က လောကီမှာ သာယာနေသေးတာကို သွားတွေ့ တော့
7:57 PM ဒါဆိုရင် ငါတကယ် ဘုန်းကြီးဝတ်ချင်တာ မဟုတ်သေးဘူးလို့ သူ့ ဘာသာ ဆုံးဖြတ်ချက် ချပြီး လူဝတ်နှင့်ပဲ ဆက်နေလိုက်တယ်တဲ့
me: ဟုတ်ကဲ့
M: အကို့ ကိုလည်း သူက ကိုယ့်ဘာသာ ပြန်မေးခိုင်းတာပါပဲ
တကယ်ပြတ်နိုင်လို့ လားဆိုတဲ့မေးခွန်းပါပဲ
7:58 PM me: အင်း ဟုတ်တယ်အစ်ကို မေးခွန်းတွေ သူများမေးတာထက် သူများ အားကိုးတာပေါ့နော်.. ကိုယ့်ဟာကိုယ် ဖြေပြီး ကိုယ့် ဟာကိုယ် ဆုံးဖြတ်တာ အကောင်းဆုံးပဲ
M: ဟုတ်တယ်ညီ
me: တစ်ကယ်တန်းဖြစ်လာတော့ ကိုယ်လုပ်တာပဲ ကိုယ်ရတာကိုး
ဟုတ်
7:59 PM M: အဓိကက ကိုယ့်စိတ်ပဲကိုး
me: ဟုတ်ကဲ့
M: ဘာနဲ့ တူလည်းဆိုတော့ ရည်းစားထားသလိုပဲ
ကိုယ်က တအားကြိုက်နေရင် ဘေးကလူတွေက ဘယ်လိုတားတား မရတော့ဘူး
8:00 PM me: အဲ ကိုဝင်းမြင့်လည်း ပြောဖူးတယ် ရည်းစားထားတဲ့ ဥပမာ.. အစ်ကို့ ဥပမာနဲ့တော့ မတူဘူး
ဟုတ်ကဲ့
M: ညီအချိန်ရသေးလား
me: အာ ရတယ် အစ်ကို
အစ်ကို့ကို အားနာနေတာ
M: အကိုဇင်ပုံပြင်တစ်ခုပြောပြမယ်
me: ဟုတ်ကဲ့
ကောင်းတယ် အစ်ကို
ကျေးဇူး
8:01 PM M: တခါမှာ ဘုန်းကြီး တစ်ပါးဆီကို လူတစ်ယောက်က လာပြီး သူ တရားသိချင်တယ် သူ့ ကို သင်ပေးပါလို့ ပြောတယ်
me: ဟုတ်
8:02 PM M: အဲဒီတော့ အဲဒီဘုန်းကြီးက ဘာမပြော ညာမပြောနဲ့ အဲဒီလူကို အနားမှာရှိတဲ့ ရေထဲ ခေါင်းကို ဆွဲနှစ်လိုက်တယ်
me: ဟုတ်
M: တော်တော်လေးကြာတော့ အဲဒီလူက ရေမွန်းပြီးရုန်းတာပေါ့
အဲဒီအချိန်ကျတော့မှ သူ့ခေါင်းကို ပြန်ဖော်ပေးလိုက်တယ်
နောက်ပြီးမေးတယ်
8:03 PM me: အော် ကိုယ် တကယ်ဖြစ်နေတာကို ကိုယ့်ဟာကိုယ် ရုန်းရမယ် ဆိုတဲ့ အဓိပ္ပါယ်လား အစ်ကို
M: ရေမွန်းနေတဲ့အချိန်မှာ အတောင့်တဆုံး အရာဟာ ဘာလဲတဲ့
me: ဟုတ်
M: အဲဒီတော့ အဲဒီလူက လေ လို့ ပြောတယ်
me: ဟုတ်ကဲ့
8:04 PM M: အဲဒီကျမှ ဘုန်းကြီးက ဒါဆိုရင် မင်းလဲ တရားကို မင်းဘ၀မှာ အဲဒီလေကို တောင့်တသလို တောင့်တလာတဲ့ အချိန်ကျမှ ငါ့ဆီပြန်လာခဲ့တဲ့
ပုံပြင်ကဒါလေးပဲ
me: အော်
ဆန္ဒ ပြင်းပြမှုကို သရုပ်ဖော်တာပဲ.. နောက်
8:05 PM ကိုယ့်ကိုယ်ကို ပြန်မေးခိုင်းတာပဲ မေးခွန်း
M: ဟုတ်တယ်ညီ
8:06 PM တရားကို အသက်လောက် တန်ဖိုးထားတဲ့ အချိန်ကျမှ ဆိုတဲ့ အဓိပ္ပါယ်မျိုးပဲ
me: ဟုတ်ကဲ့
ညီတို့ အဲလို ဖြစ်နိုင်ပါ့မလား..
M: ဟားဟား။
me: တကယ်တန်း ကြုံလာမှပဲ အဖြေကို သေချာသိနိုင်မယ် ထင်တယ်
8:07 PM M: ဟုတ်တယ်။ တခါတလေ ကိုယ်ထဲမှာရှိတဲ့ အတ္တက ကိုယ့်ကိုယ်ကို လှည့်စားတတ်တယ်
me: ဟုတ်
8:08 PM အော် စိတ်လေး တစ်ခုပဲနော် အစ်ကို.. တော်တော်ကို ဂနာမငြိမ်တာပဲ
M: တကယ်က အဲဒီအတ္တ ဆိုတာကြီးက တော်တော်ရှုပ်တာပဲ
me: ဟုတ်
M: သူတစ်ခုထဲနဲ့ အကိုတို့ ပြဿနာများနေရတာ
me: ဟုတ်
8:10 PM M: နောက်တစ်ခုက ပတ်ဝန်းကျင်မှာ ကိုယ့်ကို လမ်းပြပေးမယ့် မိတ်ဆွေကောင်းတွေရှိဖို့ လည်း တော်တော် အရေးကြီးတယ်
me: ဟုတ်
8:11 PM အင်တာနက် ရှိနေလို့.. ဒ်ီမှာ ညီ တိုင်ပင်ရမယ့်သူ တစ်ယောက်မှ မရှိဘူး
M: သူတို့ လုပ်ပုံ၊ နေပုံ၊ ပြောပုံလေးတွေကို အတုယူပြီး လိုက်နေရင်း ကိုယ့်အတ္တကို ကိုယ်ဆုံးမလို့ ရတာကိုး
me: ဟုတ်ကဲ့
M: အကို့ ဆရာက အကို တရားတွေ လုပ်နေတော့ အကို့ ကို ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများ စာအုပ်ဖတ်ခိုင်းတယ်
8:12 PM me: ဆရာတော် ရဝေနွယ် ပြောဖူးတယ်.. သူက ကိုယ့်ကို မကောင်းတာ တစ်ခုခု လုပ်ရင် သူ့ကို အရင် စိတ်မတိုဘဲ ကိုယ့်မှာကော အဲလို စိတ်မျိုးရှိလားအရင် သုံးသပ်တဲ့..
ရှိရင် ပြင်တဲ့
ဟုတ်
M: အမြဲတမ်း ဖတ်နေပါတဲ့
me: ညီ့ကိုလည်း ညွှန်ပါဦး
စာအုပ်တော့ရှိတယ်
မဖတ်ရသေးဘူး
8:13 PM M: ဘာလို့ လဲဆိုတော့ အဲဒီမှာ တကယ့်လောက ကထွက်မြောက်ခဲ့တဲ့ သူတွေ ဘယ်လို နေထိုင်ခဲ့တယ်၊ ဘယ်လို စိတ်ထားတယ်၊ ဘယ်လို လောကကို ဆက်ဆံတယ် ဆိုတာတွေက နည်းယူစရာတွေပါတာကိုး
me: ဟုတ်ကဲ့ အစ်ကို
ညီဖတ်မယ်
8:14 PM စာအုပ်တွေ များပြီး ဘာဖတ်လို့ ဖတ်ရမှန်း မသိဘူး ဖြစ်နေတာ
M: နောက် တရားအားထုတ်မှု ဘက်မှာလည်း သဒ္ဓါတရားကို တက်စေတယ်
me: ဟုတ်
M: နောက်ညီ့မှာ ကိုဝင်းမြင့်လို မျိုးမိတ်ဆွေရှိတာ ကောင်းတယ်
me: ဟုတ်ကဲ့
8:15 PM M: သူ့ ရဲ့ အကြံဥာဏ်တွေနှင့် နည်းပေးလမ်းပြမှုတွေကို ရတာကိုး
8:16 PM နောက် တကယ်အေးချမ်းစွာ နေတဲ့သံဃာတော်တွေနဲ့ နီးစပ်မှု ရှိတာလည်း ကောင်းတယ်
me: ဟုတ်
ညီလည်း ဘုန်းဘုန်းတွေနဲ့ ပြောရရင် တအား အေးချမ်းတယ်
M: ဟုတ်တယ်
me: အစ်ကိုတို့လို သူတွေနဲ့ပဲ ပြောဖြစ်တာ.. ကျန်တာ မပြောဖြစ်ဘူး
သူတို့ကလည်း မပြောကြဘူးလေ
8:17 PM စရိုက်က သိပ်မှ မကိုက်တာကိုး
M: အကို ရန်ကုန်မှာ ရှိတုန်းက အားရင် ဘုန်းကြီးကျောင်းသွားတယ်
me: ဟုတ်ကဲ့
M: ကိုယ့်ကို ဝေဖန် ပြောကြားပေး တတ်တဲ့ ဘုန်းကြီးနဲ့ သွားစကားပြောတယ်
8:18 PM me: ဟုတ်
M: သူတို့ တွေလည်း မသိတာတွေရှိတယ်။ အဲဒါမျိုးဆိုရင် ဘာစာအုပ်၊ ဘာစာအုပ် ရှာဖတ်ဆိုပြီး သူတို့ ကိုယ်တိုင် ရှာပေးရော
me: ဟုတ်
8:19 PM M: အဲဒါတွေ ဖတ်ရင်း တရားနဲ့ ပတ်သတ်တဲ့ သံသယတွေ တဖြည်းဖြည်း ရှင်းလာတယ်။
me: ဟုတ်ကဲ့... ဆရာတော်တွေနဲ့ ပြောရတာ အကောင်းဆုံးပဲ ဟန်ဆောင်မှုကင်း တယ်.. စကားတွေက အငြိမ်းတွေ.. မငြိမ်းရင်တောင် ငြိမ်တယ်.. အပြင်နဲ့ကျတော့ အဲလိုမဟုတ်ဘူး..
8:20 PM M: ဟုတ်တယ်
me: စေတနာက အပြည့်
M: ဟုတ်တယ်ညီ
8:21 PM me: အစ်ကို နားပါတော့ ညီအားနာလို့.. တအား ညဥ့်နက်သွားဦးမယ်
M: ရပါတယ်ညီ။ အကိုက ညသမားပါ
me: ဟုတ်ကဲ့
M: ညီနားချင်ရင် အားမနာနဲ့ နားပါ
me: ညီလည်း အားတယ် အစ်ကို
M: အကို တော်တော်နဲ့တော့ အိပ်အုံးမှာ မဟုတ်သေးဘူး
8:22 PM အခု ညီ့ဆီမှာ ဘယ်အချိန်ရှိပြီလဲ
me: ၈ ခွဲပဲ ရှိသေးတယ် ည
M: ည ဘယ်အချိန်ဆို အိပ်ကြရလ
ဲ
8:23 PM me: ညီကတော့၁၂ ၊ ၁ နာရီ ၂ နာရီလောက်..
ပုံမမှန်ဘူး
M: မနက်စောစော ထရသလား
8:24 PM me: ညီလား မနက် ၅ နာရီလောက်နိုးတယ်.. ၁၂ အိပ်ရင်.. စာပြန်နွှေးပြီး ပြန်အိပ်တယ် ၁ နာရီလောက် .. အဲဒါမှ ကျောင်းသွားရင် ခေါင်းကြည်တာ
8:25 PM နို့မို့ဆို ဘယ်လောက်အိပ်အိပ် ခေါင်းက မကြည်ဘူး
8:32 PM M: ညီ အိပ်တဲ့အချိန်ကျ အကြောတွေ လျှော့ချတဲ့ တရားအားထုတ် နည်းနဲ့ အိပ်ကြည့်ပါလား
me: စိတ်ကို လျှော့ချတာလား အစ်ကို
M: Guided Meditation လေ
me: ဘယ်လိုမျိုးလဲ မသိဘူး
8:33 PM M: တကိုယ်လုံးက အကြောအခြင်တွေကို စိတ်နဲ့ လိုက်မှတ်ပြီးအိပ်တာ
me: ဟုတ်
M: ဦးဇောတိကရဲ့  ငြိမ်းချမ်းခြင်း တရားခွေနာဖူးလား
me: မနာဖူးဘူး အစ်ကိုရ
8:34 PM M: ဆရာတော် အဲဒါကို ဟောထားတာ
me: ဦးဇောတိက တရားနဲ့ ညီဝေးတယ်.. မနာဖြစ်ဘူး
ဟုတ်
M: အလုပ်ပေးတရားပဲ
ညီ တရားနာစရာ တစ်ခုခုရှိလား
me: အခုလား
M: မဟုတ်ဘူး
အိပ်တဲ့အချိန်
8:35 PM ကွန်ပျူတာစပီကာဖြစ်ဖြစ်၊ Mp3 Player ဖြစ်ဖြစ်
me: ဟုတ်ရှိပါတယ်..
M: ခဏလေးစောင့်။
me: ဟုတ်ကဲ့
M: အကိုပေးလိုက်မယ်
8:39 PM ညီရေ အကိုမေးလ်နဲ့ ပို့ တာ ဆိုဒ်ကြီးနေလို့  error တက်နေတယ်
http://www.dhammadownload.com/UJotika-Burmese%20MP3.htm
me: ဟုတ်
8:40 PM M: ကနေ ဒေါင်းလုပ်လုပ်လိုက်ပါနော်
me: ဟုတ်ကဲ့ အစ်ကို
M: Disc 2
ရဲ့  နံပါတ် ၃
me: ဟုတ်ကဲ့ အစ်ကို
8:42 PM M: အကို အဲဒီအခွေ အိပ်ရင်းနဲ့ နားထောင်ရင် ဘယ်တော့မှ တ၀က်မကျိုးဘူး
8:43 PM me: ဟုတ်... အော် အစ်ကို .. ခွင့်တောင်းမလို့.. အစ်ကိုနဲ့ ပြောထားတာ လေးတွေ မလိုတာတွေဖယ်ပြီး ညီဘလော့မှာ တင်ချင်တယ် အစ်ကို.. အစ်ကို သဘောတူမှပါ
M: ဟားဟား၊ ဒုက္ခပဲ
8:44 PM me: လိုတဲ့သူ ယူပေါ့ အစ်ကိုရာ
M: အများ အကျိုးရှိမယ် ထင်ရင် လုပ်ပါညီလေး
me: မလိုတဲ့သူ ထားပေါ့
ဟုတ်ကဲ့ အစ်ကို
M: တစ်ခုတော့ရှိတယ်ညီရ
me: ဟုတ်
8:46 PM M: အကိုက တရားကို ကိုယ့် ကိုယ်ပိုင်ဟန်လေးနှင့် သွားနေတာဆိုတော့ သူများတွေ သိထားတာမျိုးနှင့်တော့ နဲနဲ အံချော်နေမယ် ထင်တယ်
8:47 PM me: ဟုတ်.. လူတိုင်းနဲ့တော့ ဘယ်ကိုက်မလဲ အစ်ကို.. ညီပြောတာက ကိုက်တဲ့သူ ယူသုံးပေါ့.. အစ်ကိုပြောသလိုလေ..
8:48 PM M: လုပ်ပါညီ။ တစ်ယောက်ယောက် အကို့ စကားတွေထဲက တစ်ခုခု သူ့ အဖို့ အသုံးတည့်သွား ခဲ့မယ်ဆိုရင် ကောင်းတာပေါ့လေ။
me: ဟုတ်ကဲ့ အစ်ကို
M: အကို့ စကားတွေက စာသံပေသံတော့ ပေါက်မှာမဟုတ်ဘူး
8:49 PM ဆရာတော် ဦးဇောတိက လေသံနှင့်ပြောရရင် နေထိုင်နေရင်း ဘ၀ထဲမှာ တရား ရှာနေတာဆိုတော့
8:50 PM ညီ့ကို ကြုံလို့ ပြောပြလိုက်အုံးမယ်
me: ဟုတ်ကဲ့ပါအစ်ကို.. ညီလည်း ကိုယ်သိသလို ရေးတာပါပဲ.. ပြောရရင် ရမ်းသမ်းပြီး ဆေးကျွေးတာပေါ့ တည့်တဲ့သူတွေ့တော့လည်း ကိုယ့်စေတနာပေါ့
ဟုတ်ကဲ့
8:51 PM M: အကိုနှင့်အတူ စိတ်တူကိုယ်တူလို နေကြတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်
me: ဟုတ်
M: သူလည်း သူ့ ဟာနဲ့သူ တရားနှင့် နေနေတာပဲ
me: ဟုတ်ကဲ့
8:52 PM M: အကိုရော သူရောရဲ့ နည်းနည်းထူးခြားတဲ့ အချက်လို့ ပြောမလားမသိဘူး အနေအထိုင်တစ်ခုက
8:55 PM me: အစ်ကို နေရင်းထိုင်ရင်း လော့ကျသွားလို့
M: ဖြစ်တတ်ပါတယ်။
8:58 PM ခုနစကား ဆက်ပြောရရင်... အကို တို့ လူတွေကြားထဲမှာ သူတို့ တွေနဲ့ ဆက်ဆံရင် သူတို့ တွေရဲ့ ပုံစံနှင့် အံဝင်နိုင်မယ့် ပုံစံတစ်ခုနဲ့ နေလိုက်ကြတယ်
ကိုယ့်ကိုယ်ပိုင် အချိန်မှာတော့ ကိုယ့်ကိုယ်ပိုင် ဟန်နှင့် နေကြတယ်
me: ဟုတ်
8:59 PM M: ဒီတော့ အတော်များများ အကိုတို့ ဘာတွေ စိတ်ထဲမှာ ရှိနေတယ်ဆိုတာ မသိကြပါဘူး။
9:00 PM နောက်ပြီး ကိုယ့်ကို ဘာသာရေးသမား ထင်မှာလည်း တော်တော်လေးလန့် တယ်ညီရ။ အဲဒါက ကိုယ့်ရဲ့ အနေအထိုင်ကို ကျုံ့ သွားစေလို့ ။
me: ဟုတ်
9:01 PM M: ဘာသာရေး လုပ်နေတဲ့လူဆိုရင် လူတွေက အကဲခတ် ကြည့်နေတတ်ကြတယ်။ နည်းနည်း အမှားပါတာနှင့် ပြောဖို့ က အဆင်သင့်ဆိုသလိုပဲ
me: အာ ဟုတ်ပ အစ်ကိုပြောတာ
M: ကိုယ်တွေကလည်း တတ်နိုင်သလောက် ကြိုးစားပြီး အမှားမပါအောင် နေတော့ နေတာပဲလေ
me: သူတို့က ဘာသာရေးလုပ်ရင်ပဲ အကုန်လုံး စင်ကြယ်ရမယ့် အထာနဲ့ပြောတာ
9:02 PM ကိုယ်တိုင်ကျတော့ ၀င်မလုပ်ကြဘူး
M: ဟုတ်တယ်ညီ။ အဲဒါကို အစ်ကိုတို့ က သိပ်ကြောက်တယ်
ဒါကြောင့် လူတွေ မသိအောင် နေတယ်ဆိုတာ အဲဒီအကြောင်းပဲ…
me: ဟုတ်
9:03 PM ဒီမှာကျတော့ မသိလို့မှ မရတာ အစ်ကိုရ.. ကိုယ့် အချင်းချင်းတွေ ကတော့ သိတာပေါ့..
ဒါပေမယ့် ညီ အဆင်ပြေပါတယ် နေတာထိုင်တာ
သူတို့ပြောလဲ ပြောလို့ပဲ သဘောထားတယ်
M: အချင်းချင်း သိတာကတော့ အကြောင်းမဟုတ်ပါဘူးလေ
me: ကိုယ်လုပ်စရာ ရှိတာလုပ်တယ်
9:04 PM M: ဒါပေမဲ့ အကို့ ဆရာတော်ကြီး ဆုံးမတာလေးတစ်ခု ပြောပြချင်တယ်
me: ဟုတ်
M: အကိုတို့ တရားအားထုတ်ပြီးတဲ့အချိန်မှာ
ဘာပြောလည်းဆိုတော့
အခု ဒကာတို့ လူတွေကြားထဲ သွားရတော့မယ်တဲ့
9:05 PM အဲဒီတော့ လူတွေကြားထဲ ရောက်တဲ့အခါ ကိုယ့်ရဲ့  ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ကြည်ညိုဖွယ် ဖြစ်အောင်နေပါတဲ့
9:06 PM အဲဒါက ဘာအတွက်လည်း ဆိုတော့ အဲဒီလူတွေ အတွက်ပါပဲတဲ့
me: အော် သိပြီ သူတို့တွေ ကိုယ့်ကို ပြစ်မှားမှာ စိုးလို့ ထင်တယ်
M: တကယ်လို့ ကိုယ်အနေအထိုင်မတတ်လို့ သူတို့ က ပြစ်မှား ပြောဆိုကြရင် သူတို့ပဲ အကုသိုလ်ဖြစ်မယ်
ဟုတ်တယ်ညီ
me: ဟုတ် ညီနားလည်ပါတယ် အစ်ကို
9:07 PM သူများ အတွက် ကြည့်ခိုင်းတာပဲလေ.. ညီလည်း ဆင်ခြင်ပါ့မယ်
M: တကယ်လို့ သူတို့ တွေကြည်ညိုအောင် နေရင်တော့ သူတို့ တွေက ကိုယ့်ကိုအားကျလာပြီး သာသနာပြုသလို ဖြစ်မယ်လို့ ဆုံးမခဲ့တယ်
me: ဟုတ်ကဲ့ အစ်ကို
9:08 PM M: တတ်နိုင်သလောက်တော့ ကြိုးစားနေပါတယ်
me: ညီမှတ်ထားပြီး လိုက်နာပါ့မယ်
ဟုတ်ကဲ့
M: ဒါပေမဲ့ ကိုယ်တို့ ကို တိုက်ရိုက်မေးလာရင်တော့ တရားလုပ်နေပါတယ်လို့ တတ်နိုင်သလောက် မဖြေဘူး
9:09 PM တချို့ ကအဲလို ပြောလိုက်ရော စွပ်ဆက် အထင်တွေကြီးသွားရော
me: ဟုတ်ကဲ့
M: တချိန် အကြောင်းမတော်လို့  လွဲတာတစ်ခုခုလုပ်မိလို့ ကတော့ သေပြီသာမှတ်ပဲ
9:10 PM me: ဟုတ်တယ် သူတို့ကလည်း အဲဒါပဲ စောင့်နေကြတာ အပြစ်ပြောဖို့
လူတွေလည်းခက်ပါ့
M: မှန်ပညီရာ
တဖြည်းဖြည်း လူတွေကိုလည်း ပိုနားလည်လာပါတယ်
me: ဟုတ် ညီလည်း အဲလိုပဲ
နားလည်လာတယ်
M: အဲဒါကြောင့် သူတို့ ရှေ့ မှာဆို အကိုတို့ ပေါ့ပေါ့ပါးပါးပဲ နေပြလိုက်ပါတယ်
9:11 PM me: သူတို့ရဲ့ စိတ်တွေကို မြင်လာတယ်
ဟုတ်
ညီလည်း လိုက်လျောညီထွေပါပဲ
ပြောစရာတွေ့ရင်တောင် မပြောတော့ဘူး
M: တခါတလေတော့လည်း လူတောတိုးရမှာ တော်တော်လေး စိတ်ကုန်တယ်
me: ရွယ်တူတွေ ဆိုတော့ သိတဲ့ အတိုင်းပဲလေ
9:12 PM ညီပြောတာကို လက်မခံဘဲ ညီ့ကိုပြန်ပြောရင် ခုန အစ်ကိုပြောသလို ဖြစ်မှာ စိုးလို့
M: သူတို့ တွေနှင့် လိုက်ရူးသွပ် နေရသလိုမျိုး ဖြစ်နေတယ်
me: သူတို့အတွက်ပါ
ဟုတ်
9:13 PM ညီလည်း ရှောင်ချင်တယ်.. ရှောင်လို့ကလည်း မရဘူး.. ဟန်ဆောင်ပြီး လုပ်မနေချင်ဘူး
လူတွေနဲ့က ဟန်ဆောင်နေရတာ များတယ်
M: အရှင်ဆန္ဒဓိကလား မသိဘူး ရေးထားတာဖတ်ဖူးတယ်
9:14 PM me: မလုပ်ချင်ဘဲ လုပ်နေရတာ
ဟုတ်
M: တရားသမားဟာ တွန့် ဆုတ်လာတယ်ဆိုတာ
အမှန်ပဲ
me: ညီဖတ်ဖူးတယ် ဟုတ်
M: လုပ်ရမှာတွန့် တယ်။ နောက် တဖြည်းဖြည့်း ဆုတ်လာတယ်
me: ကိလေသာ ဖြစ်မယ့် အရာတွေကို တွန့်ဆုတ်လာတာ
9:15 PM မလုပ်ချင်တော့ဘူး
M: ဟုတ်တယ်
me: အဲဒီလို ရှောင်ပြန်တော့ သူတို့နဲ့ ဝေးသွားပြန်ကော
အံမ၀င်တော့ပြန်ဘူး
အဲလိုဖြစ်နေတာ
M: ဟုတ်တယ်။ အဲဒီကြားမှာ ချိန်ညှိရတာ ပင်ပန်းတယ်
9:16 PM me: ဟုတ်တယ် အစ်ကို
အဲလိုမျိုး ညီဖြစ်တာပါ
9:17 PM M: နောက်ဆုံးကျ အကိုလုပ်ခဲ့ တာကတော့ ကိုယ့်ခံစားချက်ကို ပြန်ကြည့်ရင်း လုပ်ရမယ့် ဟာတွေကိုလည်း ကြိုးစား လုပ်သွားလိုက်တယ်
me: ဟုတ်
M: လုပ်နေရင်း မကြိုက်တာကိုလည်း သိတယ်
me: ဟုတ်ကဲ့
9:18 PM M: အဲဒါကိုပဲ မလုပ်လို့ မရတဲ့အနေအထားမျိုးမှာ လုပ်ရတော့မယ်ဆိုရင် သိရင်းနဲ့ပဲ လုပ်ရတော့တာပဲ
me: ဟုတ်ကဲ့ အစ်ကို
9:19 PM အဲလိုဖြစ်နေတာ
M: လုပ်ပြီး နောက်လည်း ကိုယ်စိတ်ရဲ့ ပင်ပန်းသွားမှုကို ပြန်သိတယ်
me: ဟုတ်
M: သိရင်းနှင့်ပြန်သက်သာသွားတယ်
me: ဟုတ်ကဲ့
9:20 PM M: ညီလေး Action, Reaction & Response ဆိုတာကို တရားနှင့်ပတ်သတ်ပြီး ကြားဖူးလားမသိဘူး
me: မသိဘူး အစ်ကို
ဘယ်လိုသဘောလဲမသိဘူး
9:21 PM M: အဲဒါက ဆရာတော် ဦးဇောတိကရဲ့ တရားတစ်ခုထဲကပါ။ အဲဒါလေးကို ဆရာတော်ရှင်းပြထားတာ အကိုတော်တော်လေး သဘောကျတယ်
me: ဟုတ်ကဲ့
M: ဘာလဲဆိုတော့
9:22 PM လူအများစုဟာ အာရုံတွေကို တုံ့ ပြန်နေကြတာ Reaction နှင့် တုံ့ ပြန်နေကြတာ
me: ဟုတ်
M: ဥပမာ။ ခြင်တစ်ကောင် ကိုယ့်ကို လာကိုက်ရင် ဖက်ကနဲ ရိုက်လိုက်တာမျိုးပေါ့
9:23 PM စိတ်ဆိုးစရာ တစ်ခုကိုယ့်ကို လာပြောရင် ချက်ချင်း စိတ်ဆိုး ပြစ်လိုက်တာမျိုး
အဲဒါကို Reaction လို့ သတ်မှတ်တယ်
me: ဟုတ်ကဲ့
9:24 PM M: တရားသတိနှင့် နေတဲ့သူကျတော့ သူ က အာရုံတွေကို Response နှင့်ဘဲ တုံ့ ပြန်တော့တယ်
9:25 PM ခုနခြင်ကိုက်တယ် ဆိုရင် အဲဒီခြင်ကို ချက်ခြင်းရိုက်လိုက်မယ့် ဖြစ်စဉ်ကို သတိနှင့်ထိန်းမယ်။ ကိုက်နေတဲ့ခြင်ကို အသာအယာ ခါထုတ်မယ်။ စသည်ဖြင့်ပေါ့
me: အင်း ညီထိန်းဖူးတယ် ထိန်းနိုင်တယ်
မြန်မာမှာတုန်းက
9:26 PM သွေးဝတဲ့ အထိတောင် ခဏခဏ လှူဖူးတယ်
M: စိတ်ဆိုးစရာ တစ်ခုလာပြောမယ် ဆိုရင်လည်း အဲဒါကို ချက်ချင်းမတုံ့ ပြန်ဘူး။
သတိရှိနေတဲ့အတွက် စိတ်ဆိုးစရာအာရုံကို စိတ်ဆိုးစရာလို့ မသတ်မှတ်တော့ဘူး။
me: ဒီမှာတော့ ခြင်မရှိတော့ မလိုတော့ဘူး
ဟုတ်
9:27 PM M: မှတ်နေကြ တရားသတိလေးနှင့် အဲဒီ စိတ်ဆိုးစရာ အာရုံကို တုံ့ပြန်တယ်
me: ဟုတ်ကဲ့
M: အဲဒါကိုကျတော့ Response လုပ်တယ်လို့ ခေါ်တယ်
me: ဟုတ်
9:28 PM M: အဲနောက်ဆုံးတစ်ခု Action ကျတော့
လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်ရမယ့်အချိန်မှာ လုပ်လိုက်တာ
အဲဒါဘယ်လိုမျိုးလည်းဆိုတော့
me: ဟုတ်
M: မိုးရွာလာလို့  ပြတင်ပေါက်တံခါး ထပိတ်တာလိုမျိုး
9:29 PM me: ဟုတ်
M: ထမင်းစားရမယ့်အချိန်ကျနေပြီမို့ လို့  ထမင်းစားတာမျိုး
me: ဟုတ်
M: ကျင်ကြီးကျင်ငယ်စွန့် ရမယ့်အချိန်မို့ လို့  သွားစွန့် တာမျိုးပေါ့
me: ဟုတ်ကဲ့
9:30 PM M: အဲဒီတော့ ဒီAction, Reaction & Response သုံးခုမှာ ဘုရား၊ ရဟန္တာတွေဟာ Action နှင့် Response တို့နှင့်ဘဲ အာရုံတွေကို တုံ့ ပြန်တော့တယ်
me: ဟုတ်
9:31 PM M: ကျန်တဲ့သူတွေကတော့ သုံးမျိုးလုံးနှင့်တုံ့ ပြန်နေကြတယ်
me: ဟုတ်ကဲ့ အစ်ကို
9:33 PM M: အဲဒီမှာ အကိုဘာကို သတိထားလိုက်မိသလဲ ဆိုတော့ အကိုတို့ တွေဟာ တချို့ ကိစ္စတွေမှာ Action, Responseတွေ နှင့် တုံ့ ပြန်သင့်ရဲ့ သားနှင့် Reaction တွေနှင့် တုံ့ ပြန်နေကြတာတွေရှိတယ်။
me: ဟုတ်
M: ညီတို့ အကိုတို့ ဖြစ်သလိုမျိုးတွေပေါ့
me: ဟုတ်
9:34 PM M: ဥပမာ-စာကျက်ရမဲ့ ကိစ္စတစ်ခုကို Feeling ကို ဦးစားပေးပြီး Reaction နှင့် တုံ ပြန်မဲ့အစား Action ကို မရွေးသင့်ဘူးလား
me: အင်း ဟုတ်တယ် အစ်ကို
ရွေးသင့်တာပေါ့
9:35 PM မဖြစ်မနေလုပ်ရမှာပဲ
9:36 PM M: အကိုတို့ ဆရာတော်ကြီး က ဒကာတစ်ယောက်ကို ပြောပြတာ မှတ်သားဖူးတယ်။ ဒကာက သိပ်နေသာထိုင်သာမရှိတော့ ခံတွင်းပျက်နေတယ်။ ထမင်းမစားချင်ဘူး
me: ဟုတ်
M: အဲဒီတော့ဆရာတော်က ဘာပြောလဲဆိုတော့
9:37 PM ဒကာ ထမင်းစားချိန် စားချင်ချင် မစားချင်ချင် ဆေးလို့ သဘောထားပြီး ခန္ဓာကိုယ်အတွက် သင့်သလောက်စားတဲ့
ဆရာတော်က Action သဘောကို ပြောလိုက်တာဘဲ
me: ဟုတ်ကဲ့
9:38 PM ညီတို့လည်း သင့်သလောက်တော့ လုပ်ရမှာပေါ့.. နားလည်ပါတယ် အစ်ကို
9:39 PM M: အကိုတို့ လည်း လောကမှာ ကြုံရတဲ့ ကိစ္စတော်တော်များများကို Reaction တွေနှင့် မတုံ့ ပြန်မိဖို့ တော်တော်လေး ဂရုစိုက်ရလိမ့်မယ်ညီ
me: ဟုတ်ကဲ့ပါအစ်ကို
9:40 PM M: ကဲညီလေးရေ အိပ်တော့မလား။ အကိုတို့ ပြောတာလဲ တော်တော်လေးများသွားပြီ
me: ဟုတ်
နားပါအစ်ကို
ကျေးဇူးပါ
9:41 PM ညီလည်း ပြန်ပြန်ဖတ်ပြီးဆင် ခြင်လို့ ရတာပေါ့ .. ခုလိုပြောပြတော့
M: နောက်တစ်ခု မအိပ်ခင် Psychology သဘောလေးတစ်ခု ပြောပြီး အဆုံးသတ်မယ်ညီရေ။
me: ဟုတ်ကဲ့
ပြောပါ အစ်ကို
9:43 PM M: စိတ်ရဲ့ သဘာဝတစ်ခုမှာ တစ်ခုခုကို မသိစိတ်ထဲက မလိုလားခဲ့ရင် အဲဒါကို ရှောင်ဖို အတွက် အခြားအစားထိုး တစ်ခုခုကို အတင်းရှာတတ်တယ်ညီ
me: ဟုတ်
9:44 PM M: အဲဒီသဘောတရားကို သတိထားမိရင် တခါတလေ စိတ်က တစ်ခုခုကို အတင်းတောင်းဆို လုပ်ချင်နေပြီ ဆိုရင် အခြားတစ်ဘက်မှာ ငါတစ်ခုခုကို မလုပ်ချင်လို ရှောင်ချင်နေတာလား ဆိုတာလေးကို အဖြေရှာကြည့်သင့်တယ်
9:45 PM me: ဟုတ်
M: အဲဒါ တရားအားထုတ်နေတဲ့ သူဆိုရင် လုပ်ရတာ လွယ်တယ်ညီ
me: ဟုတ်ကဲ့
M: အဖြေရှာရသိပ်မခက်ဘူး
me: ဟုတ်
M: အကိုဆိုလိုချင်တာ သဘောပေါက်လား မသိဘူး
9:46 PM me: ပေါက်ပါတယ် အစ်ကို.. ညီနားလည်ပါတယ်
အစားထိုးချင်နေတဲ့စိတ်ကို ကြည့်ပြီး လုပ်သင့်မလုပ်သင့် ဆုံးဖြတ်သင့်တာပေါ့
ဟုတ်ပါတယ်
M: စိတ်က တအား မာယာများတာလို့ ဘုရားဟောလည်း ရှိတယ်ဆိုတော့
9:47 PM တော်တော်လေးတော့သတိထားရလိမ့်မယ်ညီ
me: ညီတို့က တခါတခါ ဆုံးဖြတ်နိုင်စွမ်းတွေ နည်းသွားတာ
ဟုတ်ကဲ့
9:48 PM M: ကဲညီရေ။ အကိုလည်း အကို့ အတွေ့ အကြုံတွေထဲက ရခဲ့တဲ့ လက်နက်လေးတွေ ညီ့ကို လက်ဆောင် ပေးလိုက်တယ်။ ညီ ပညာ၊ သတိနှင့်ယှဉ်ပြီး လျော်သလိုသာ သုံးပေတော့...
me: ဟုတ်ကဲ့ပါ အစ်ကို သုံးတတ်အောင် ညီကြိုးစားပါ့မယ်
9:49 PM M: အစစ အဆင်ပြေပါစေ၊ စိတ်အေးငြိမ်းမှုရပါစေ
me: ဟုတ်
M: ကဲ အကိုအိပ်တော့မယ်ညီရေ လေးနာရီထိုးတော့မယ်
ကောင်းသောညပါ။
me: အစ်ကိုလည်း ကျန်းမာပါစေ၊ စိတ်ဆင်းရဲခြင်းကင်းဝေးနိုင်ပါစေ။
ကောင်းသော ညလေးပါပဲ အစ်ကို
****************************
အားလုံးသော စာဖတ်သူ ဓမ္မ မိတ်ဆွေများ ဒီပို့စ်လေးကို ဖတ်အပြီး မိတ်ဆွေတို့ရဲ့ သန္တာန်မှာ အသိတစ်စုံတစ်ရာ ကျန်ခဲ့မယ်ဆိုရင် ဖော်ပြရကျိုး နပ်ပါပြီ...။
လေးစားစွာဖြင့်
ဖိုးသား
3/21/2009, SAT:, 11:16:41 PM
Latest News
March 22, 2009 at 11:39 PM
အရမ်းကောင်း တဲ့ ဆွေးနွေးမှုလေးပါ..Practically how to Approach ကို ပြော ပြပေးလိုက် တာ ပါပဲ..
တစုံတရာ မက ဘူး များစွာ ရရှိလိုက် ပါတယ်..။