Latest News

*ကိုဝိမုတ္တိသုခနှင့် ကျွန်တော်(၁)*

6:31 AM me: အစ်ကို မင်္ဂလာပါ

M: အား၊ ညီလေး။ လန့် သွားတာဘဲ
6:32 AM invisible လုပ်ထားတာလား
me: ဟုတ် ညီက ဖိုးသား ပါ

6:33 AM M: သိတယ်ညီလေး

me: ဟုတ်ကဲ့

M: ညီလေး ပို့ စ်ကို မနက်ကပဲ အကို ၀င်ဖတ်ပြီးသွားပြီ

me: ဟုတ်ကဲ့ ကျေးဇူး ပါ

6:35 AM M: အကိုတောင်ပထမ ညီလေးကို ၀င်အကြံပေးအုံးမလို့ ၊ ညီလေးကို ၀ိုင်းအကြံပေးထားတဲ့သူတွေ ရှိနေတာနဲ့  ထပ်မပြောဖြစ်တော့ဘူး

me: ဟုတ်ကဲ့

M: ကိုယ်ချင်းစာပါတယ်ညီလေးရာ
ဘ၀တူတွေပဲ

me: ဟုတ်

6:36 AM M: ညီလေးအရွယ်လောက်မှာပဲ အကိုလည်း ဘာသာရေးကို ထိထိရောက်ရောက် စလုပ်ဖြစ်တယ်

me: ဟုတ်ကဲ့

M: ဒီလိုမျိုးတွေပဲ ဖြစ်တာပဲ
6:37 AM ကျောင်းသာတက်နေရတယ်၊ စိတ်ကမပါဘူး
စာလည်းမလုပ်ဖြစ်ဘူး

me: ဟုတ်

M: တချိန်လုံး ဘာသာရေးနဲ့ ဆိုင်တာပဲ လုပ်ချင်နေတယ်

me: ဟုတ် အဲလို ဖြစ်သွားတာ ညီ

6:38 AM M: လူတွေကြားထဲလည်း နေလို့ မကောင်းတော့ဘူး
လူတွေနဲ့ ပေါင်းရတာလည်း အဆင်မပြေဘူးဖြစ်လာတယ်

me: ဟုတ်

6:39 AM M: သူငယ်ချင်းတွေက အကို့ ကို ယဉ်ယဉ်လေး တရားရူး ရူးနေတယ်လို့ ထင်ကြတယ်

me: ဟုတ်

M: မိသားစုထဲမှာလည်း အကို့ ကို စိတ်တိုင်းမကျမှုတွေဖြစ်လာတယ်

6:40 AM me: အော် ဟုတ်ကဲ့

M: တက်တက်ကြွကြွ နေရမယ့်အချိန်မှာ အကို့ ပုံစံက တအားကြီး လေးနေလို့ 

me: ဟုတ်

M: ဒါက သူတို့ အမြင်ကိုး

me: ဟုတ်ပါတယ်

6:41 AM M: နောက်တော့ အကို ဆရာသမားတွေကို သွားတိုင်ပင်ရတယ်

me: ဟုတ်

M: ဘယ်လိုကြောင့် အဲဒီလိုဖြစ်တာလဲလို့ 

6:42 AM me: ညီလည်း အဲဒါကြောင့် ဒီစာ ရေးဖြစ်သွားတာ

M: အခု ညီလေး ပို့ စ်မှာ မေးတာမျိုးလိုပါပဲ
အကို့  ရဲ့ တရားပြဆရာတော်ကြီးကတော့ ဒကာ၊ ဒီအသက်အရွယ်မှာ ဒီအလုပ်တွေလုပ်တော့ ဒီလိုပဲဖြစ်မှာပဲတဲ့

6:43 AM me: ဟုတ်

M: အားလုံးကို သည်းခံပါ၊ တဖြည်းဖြည်းချင်း ကောင်းသွားပါလိမ့်မယ် လို့ ပြောတယ်

6:44 AM me: ဟုတ်

M: သဒ္ဓမ္မရံသီဆရာတော်ကြီးကိုလဲ သွားမေးဖူးတယ်
ဆရာတော်ကြီးကလည်း သည်းခံပါပဲ ပြောတယ်.

6:45 AM me: အော် ဟုတ်

M: :)

me: ညီလည်း အဲလိုပဲ နှလုံးသွင်းနရတယ်

M: ညီ အခုတရားအားထုတ်တာ သမထကို အခြေခံသေးသလား

6:46 AM me: အဲ မပြောတတ်ဘူး အစ်ကို... ပြိုင်ရှုတယ် ပဲခေါ်မယ် ထင်တယ်

M: မိုးကုတ်ဆရာတော်ကြီးနည်းနဲ့ လား

me: ဟုတ်

M: အာနာပါနကို အခြေခံမယ်ထင်တယ်နော်

6:47 AM me: ဟုတ်

M: ညီလေး အာနာပါနကို သမထ သဘောမျိုး အချိန်သက်သက်ပေးပြီး သူ့ချည်းလုပ်ကြည့်ပါလား

6:48 AM me: ဟုတ်ကဲ့ အစ်ကို

6:49 AM M: ဘာအတွက်ကောင်းလဲဆိုတော့
စိတ်ကို တစ်မျိုး တည်ငြိမ်မှုပေးတယ်။

6:50 AM me: ဟုတ်

6:51 AM M: အကိုလည်း အရင်က သမထကို သိပ်ပြီး မလုပ်ဖြစ်ဘူး
ဆရာသမားတစ်ယောက်က သမထတလှည့် ၀ိပသနာ တလှည့် လုပ်ရင် ပိုကောင်းတယ်လို့  အကြံပေးဖူးတယ်

me: ဟုတ်

6:53 AM M: နောက်တစ်ခုက
ညီလေး ကိုယ့်ကိုကိုယ် ၀ိတက်များတယ်လို့ ထင်လား

me: အဲ ၀ိတက် အဓိပ္ပါယ် တောင် သိတော့ဘူး

6:54 AM M: အကြံအစည် များတတ်လားညီလေး

me: များတယ် အစ်ကို
အတွေးများတာ

M: ဟုတ်တယ် အတွေးများတာ
6:55 AM နောက် ကိုယ့်ကို ကိုယ် စိတ်ပြတ်တဲ့လူလို့ ထင်လား၊ ပျော့တဲ့သူလို့ ထင်လား

6:56 AM me: စိတ်ကတော့ ပြတ်မယ် စိတ်ကူးတယ်.. တကယ်တန်း သူများနစ်နာမယ် ဆိုရင် ပြတ်ထားတဲ့ စိတ်က မပြတ်တော့ဘူး
အလျော့ပေးသွားကော

6:57 AM ဥပမာ သူငယ်ချင်း ဆီက အကြွေးတောင်းမယ် စိတ်ကူးရင် စိတ်ကူးက ပြတ်တယ်.. သူ့ကိုတွေ့တော့ အားနာသွားကော အဲလိုမျိုး

6:58 AM M: ဒါဆိုရင် ညီလေး စိတ်ပျော့တဲ့အထဲမှာ ပါတယ်

me: ဟုတ်

M: အကိုမေးတာ အကြောင်းရှိလို့ ပါ။

6:59 AM me: ဟုတ်

7:00 AM M: တကယ်လို့ ညီလေးဘုန်းကြီးဝတ်ဖြစ်ရင် အဲဒီဘ၀ကို တကယ်ပျော်မယ်လို့ ကိုယ့်ကိုယ်ကို ထင်သလား၊ နောက်ပြီး ဘုန်းကြီးဝတ်နှင့်ကော တကယ် ပေါက်ပေါက်မြောက်မြောက် တရားအလုပ် လုပ်နိုင်မယ်ထင်လား

7:01 AM ဒီမေးခွန်းက ကိုယ့်တုန်းက ကိုယ့်ကိုယ်ကို မေးခဲ့တဲ့မေးခွန်းမို့ လို့ ပါ

7:03 AM me: အင်း ညီစဉ်းစားတာ ရှိသေးတယ်... အကြံပေးထားတဲ့ အထဲမှာလည်း ပါတယ်... ဓမ္မာစရိယ အထိ တတ်သင့်တယ် ဆိုတာ... ညီ ရဟန်းဘ၀မှာ ပျော်မယ် အစ်ကို.. ဒါပေမယ့် ကိုယ့်လို စိတ်ရှိတဲ့ ရဟန်းတွေ ကြားမှာပဲ ပျော်လောက်တယ်.. စာသင်တိုက်လို နေရာမျိုးမှာ မပျော်လောက်ဘူး.. ရဟန်းမှာလည်း စိတ်အမျိုးမျိုး ၊ နောက် ရဟန်းဝတ်ပြီး ရဟန်းဘ၀ကို မကြိုက်တဲ့ ရဟန်းလည်း ရှိနိုင်သေးတာကိုး

7:04 AM ညီ စာတွေ အများကြီး မကျက်နိုင်လောက်ဘူး.. စိတ်သွားတိုင်း မျက်လုံးက အလုပ်မလုပ်နိုင်ဘူး.. ဒါပေမယ့် ကြိုးစား လုပ်မှာပါ

M: ဟုတ်တယ်ညီလေး။ အမှန်က တရားအားထုတ်ဖို့ က ဓမ္မာစရိယအထိ တက်ဖို့ မလိုပါဘူး

me: ဟုတ်

M: ပရိယတ္တိကို ကိုယ့်ဖာသာ လေ့လာနေလည်း ရတာပါဘဲ

7:05 AM me: ဟုတ်ပါတယ်

M: အကို့ တုန်းကအခြေအနေကို ညီလေးကို ထပ်ပြောပြအုံးမယ်

me: ဟုတ်

7:06 AM M: ညီလေးအသက်လောက်မှာ အကို တရားဘက်ကို တအား စိတ်ရောက်နေတဲ့ အချိန်မှာ

me: ဟုတ်

M: အကို့ အဖေက အကို့ ကို လောကီကြီးပွားရေးဘက်ကို လုပ်စေချင်တယ်

me: အော်
ဟုတ်

7:07 AM M: နောက်တစ်ခုက တော်တော်များမျာက ပြောကြတာက တရားလုပ်ရင် လောကီပိုင်း မအောင်မြင် တော့ဘူးလို့ ပြောကြတာကိုး

me: ဟုတ်
အဲလို မြင်နေကြတယ်
တော်တော်များများ

M: တရားအလုပ်နဲ့ လောကီအလုပ်နဲ့ တွဲလုပ်လို့ မရဘူးလို့  တော်တော်များများ ယုံကြည်နေကြတယ်

7:08 AM me: ဟုတ်

M: အဲဒီမှာ အကို တွေးကြည့်မိတယ်

me: ဟုတ်ကဲ့

7:09 AM M: မဟာသတိပဌာန သုတ်မှာ မြတ်စွာဘုရားက လူဝတ်ကြောင်တွေ အတွက်ဆိုပြီး ဟောခဲ့တာပဲလို့ 

နောက် တော်တော် များများလည်း တရားနဲ့ လောကီအလုပ်နဲ့ တွဲလုပ်ပြီး အောင်မြင်နေကြတာ သတိထားမိနေတယ်

me: ဟုတ်ကဲ့

7:10 AM M: အဲဒါနဲ့ အကိုဆုံးဖြတ်ခဲ့တယ်။
ငါ ဘုန်းကြီးအခု မ၀တ်သေးဘူးလို့ ။

me: ဟုတ်

7:11 AM M: တရားနဲ့ လောကီအလုပ်နဲ့ တွဲလုပ်လို့ ရ မရ စမ်းကြည့်ပြီး လူတွေကို လက်တွေ့ ပြလိုက်အုံးမယ်လို့ 

me: ဟုတ်

M: စစချင်းမှာတော့ တော်တော် မလွယ်ဘူးညီလေး

7:12 AM me: ညီလည်း အဲဒီစိတ်ဝင်တယ်... ဒါပေမယ့် တရားပြန်နာရင် အဲလို မာန ပဲခေါ်မလား အဲဒါလေးက ပျောက်သွားပြန်ကော

ဒါမှမဟုတ် အဲလို စိတ်ကလေးက ပဲ ညီ့ကို လှည့်စားနေတာလား
သေချာတော့ မသိဘူး အစ်ကို

M: နောက် အကို့ စိတ်လည်း ညီလေးလို ဘဲ မပြတ်သားဘူး

7:13 AM ဒါကြောင့် ဘုန်းကြီး တကယ်ဝတ်ပြီးတော့မှာ ယောင်ဝါးဝါးဖြစ်နေရင် အဲဒါပိုဆိုးမယ်လို့  စဉ်းစားမိတယ်

me: ဟုတ်တယ်

7:14 AM M: အကို့ ဆရာသမား ဆရာတော်ကြီးတို့ ၊ ဦးဇောတိကတို့ ၊ ရွှေဥဒေါင်းတို့ က စိတ်တအားပြတ်တဲ့လူ တွေ

7:15 AM သူတို့ လုပ်ချင်တာကို မရ အရ အကောင်အထည်ဖော် လုပ်တတ်တဲ့ စရိုက်ရှိကြတယ်

me: ဟုတ်.. ညကလည်း ဘုန်းဘုန်း ဦးဥတ္တမသာရနဲ့ ပြောဖြစ်သေးတယ် ကိုယ်တကယ် တရားတွေ့လို့ စွန့်လိုက်တာက အကြောင်း မဟုတ်ဘူးတဲ့.. အလို မဟုတ်ဘဲ သမာဓိ နိမိတ်လောက်နဲံ လောကီမှာ မပျော်လို့ ခုလုပ်နေတဲ့ အလုပ်နဲ့ လဲမယ် ဆိုရင်တော့ မဟုတ်သေးဘူးတဲ့.. လူဝတ်နဲ့လည်း တရားသိအောင် လုပ်လို့ရတာပဲတဲ့

7:16 AM M: ဟုတ်တယ်ညီ၊ အကိုလည်း အဲဒါကို ပြောချင်တာ

အကိုဆုံးဖြတ်ထားတာလဲ ဒီအတိုင်းဘဲ
အကို ဘယ်လိုမှ မနေနိုင်တော့တဲ့ အချိန်တချိန် ရောက်လာတဲ့ တနေ့ မှာ အကို ဘုန်းကြီး ၀တ်ကို ၀တ်ရမှာဘဲ

7:17 AM me: ဟုတ်

M: ညီလေး စွန်းလွန်း ဆရာတော်ကြီးရဲ့  ထေရုပတ္တိဖတ်ရလား
သူ နောက်ဆုံး မနေနိုင်တဲ့အဆုံး ဘုန်းကြီးဝတ်တာ

me: မဖတ်ဖူးသေးဘူး အစ်ကို

7:18 AM M: အချိန်ရရင် ဖတ်ကြည့်ညီလေး၊

အကို တရားသမား တော်တော်များမျာနဲ့ ဆွေးနွေးဖူးတယ်

7:19 AM me: ဟုတ်

7:20 AM M: တချို့ တွေ အချိန်တစ်ခုရောက်တဲ့အခါ မှာ ဘုန်းကြီးဝတ်ကို ၀တ်မှရကြတော့တယ် ညီလေး

me: ဟုတ်

ညီလည်း အဲဒါ ကုသိုလ် ကံ အကျိုးပေးနဲ့ ဆိုင်နေသေးတယ် ထင်တယ်
ဖြစ်သင့်တဲ့ အချိန် မရောက်သေးလို့ မဖြစ်သေးတာပဲလို့လည်း တွေးမိတယ်

7:21 AM M: ကံရော စိတ်ကောပေါ့ ညီရာ၊ အကိုတို့ စိတ်တွေကလည်း ပြတ်မှမပြတ်တာကိုး

me: ဟုတ် တစ်ခုတည်းတော့လည်း မဟုတ်ပါဘူး အစ်ကိုပြောသလို စိတ်လည်း ပါပါတယ်

7:22 AM M: ဟုတ်တယ်ညီ

me: မပြတ်သေးတယ်ပဲ ပြောရမယ်ထင်တယ်
ဟုတ်

7:23 AM M: ဒါကတော့ အကိုတို့ ရဲ့  မွေးရာပါလိုဖြစ်နေတာကိုး

me: ဟုတ်

M: တဖြည်းဖြည်းချင်း ပြင်ယူလို့ တော့ရပါတယ်

7:24 AM ခုန အကို ညီလေးကို သမထလုပ်ဖို့ ပြောတာက ညီလေး မလုပ်ချင်တဲ့အလုပ်တွေ မဖြစ်မနေ လုပ်ရတော့မယ့် အခါ အဲဒီ သမထက အထောက်အကူ ဖြစ်စေတယ်ညီလေး

me: ဟုတ်ကဲ့ပါ အစ်ကို ကျေးဇူးပါ

7:25 AM M: စိတ်ကို အာရုံတစ်ခုတည်းကို အတင်းတွန်းပို့ ရတာကို အလေ့အကျင့်လုပ်ရတာကိုး

me: ဟုတ်

7:26 AM M: ဒါမှမဟုတ်လည်း နောက်တနည်းက သမာဓိကို ပြန်ဖြေလျော့တဲ့ ပုံစံမျိုးလဲ လုပ်လို့ ရတယ်

7:27 AM တခါတလေ ကိုယ်က တရားဘက် သိပ်စိတ်ရောက်နေရင် ပေါ့ပေါ့ပါးပါး အကြောင်း အရာတွေဘက် လှည့်ပြီး လုပ်နေလိုက်ရင် တရားဘက်က နည်းနည်းလေး လျော့သွားရော

me: ဟုတ်ကဲ့

7:29 AM M: ညီလေး အခုတရား အားထုတ်တာ လက္ခဏာရေးသုံးပါး ကို ဥာဏ်ထဲမှာ ထင်ပြီလား

7:31 AM me: ညီ ညာရာ ရောက်မှာ စိုးတယ် အစ်ကို.. စိတ်ထဲမှာ ဖြစ်နေတာကို မပြောတတ်ဘူး.. ဖြစ်နေပျက်နေတာတော့ သိပါတယ်.. အဲလို သိတယ် ပြောတာကိုက ညာနေသလို ဖြစ်နေမှာ စိုးတယ်..

7:32 AM M: အကို့ တုန်းကတော့ အနတ္တကို ထင်ထင်ရှားရှား သိလိုက်ရတဲ့ အချိန်မှာ အကို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ အားလုံး ပြေလည်သွားခဲ့တယ် ညီလေး

me: ဟုတ်

7:33 AM M: အဲဒီမှာ ဆရာတော်တွေပြောခဲ့တဲ့ တဖြည်းဖြည်း ကောင်းသွားမှာပါ ဆိုတာကို သဘောပေါက်သွားတယ်

me: ညီလည်း ညက တရားမှာကော နောက် တစ်နေ့ကလား မသိဘူး နာခဲ့တဲ့ ဘုန်းဘုန်း ဦးဥတ္တမသာရရဲ့ တရားတွေမှာ တစ်ခုခု ဆိုတာ နာလိုက်ရတယ်.. အဲဒီ တစ်ခုခုကပဲ ကိုယ့်ကို လိုက်ဒုက္ခပေးနေတယ် ဆိုတာ ဆရာတော် ဟောထားတာ...

7:34 AM တစ်ခုခုကို အရှိလုပ်နေလို့ အဲဒီ အရှိလုပ်တဲ့ တစ်ခုခုကပဲ ကိုယ့်ကို ပြန် ဒုက္ခပေးနေတာတဲ့

7:35 AM M: အကို့ ဆရာတစ်ယောက်ပြောဖူးတယ်။ စိတ်ကိုထိန်းရတာတာ ဘောလုံးကို ရေထဲနှစ်သလိုဘဲတဲ့။

me: ဟုတ်
မလွယ်ဘူး အစ်ကို
တအားခက်တယ်

M: စိတ်ရဲ့ လှည့်စားမှုကို အကိုတို့ တွေ အမျိုးမျိုးခံနေကြရတာဘဲညီလေး

me: ဟုတ်

7:37 AM M: ညီလေး စိတ်ကိုတော့ တော်တော် နိုင်နိုင်နင်းနင်း ကြည့်နိုင်နေပြီပဲ
ညီလေး ပို့စ်တွေမှာ အကို ဖတ်နေရတာ

7:38 AM me: ဟုတ်ကဲ့

7:39 AM ညီခဏ နားလိုက်ဦးမယ် အစ်ကို .. ခုလို လမ်းညွှန် ပြောပြပေးလို့ ကျေးဇူး တင်ပါတယ်.. တရားနှလုံးသွင်းပြီး ကောင်းသောနေ့လေး ဖြစ်ပါစေ အစ်ကို

7:40 AM မျက်လုံးက မခံနိုင်တော့လို့ပါ

M: ကောင်းပါပြီ ညီလေးရေ၊ စိတ်ငြိမ်းချမ်းစွာနဲ့  ဘ၀ကို ဖြတ်သန်းနိုင်ပါစေ

********************************

လေးစားစွာဖြင့်
ဖိုးသား

3/21/2009, SAT:, 8:54:28 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. အသိတွေတိုးပါတယ်။ တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။

    ငြိမ်းချမ်းပါစေ.
    ငြိမ်းလွင်

Leave a Reply