Latest News

*သင်အခုဘယ်မှာလဲ*

တစ်နေ့မှာ ကုလားအုတ်လေး တစ်ကောင်က သူ့မိခင် ကုလားအုတ်မကြီးကို မေးပါတယ်။

ကုလားအုတ်လေး - မေမေ သားတို့ ကုလားအုတ် တွေမှာ ဘာလို့ ဘို့တွေ ရှိတာလဲဟင်?

မိခင် - သားရယ် မေမေတို့က သဲကန္တာရ ကျက်စားတဲ့ တိရ စ္ဆာန် တွေဆိုတော့ ရေတွေ အများကြီး သိုလှောင် ထားဖို့ ဘို့တွေ လိုတာပေါ့။ ဒါကြောင့် မေမေတို့တွေ ကန္တာရထဲမှာ ရေမသောက်ရ လည်းဘဲ အသက် ဆက်ရှင် နိုင်တယ်လို့ အားလုံးက သိကြတယ်လေ။

ကုလားအုတ်လေး - ဒါဆိုရင် သားတို့ ခြေထောက်တွေက ဘာလို့ ရှည်ရှည် မျောမျောနဲ့ ဖြစ်နေပြီး ခြေဖ၀ါးတွေက ၀ိုင်းဝိုင်း ကြီးတွေ ဖြစ်နေတာလဲဟင်?

မိခင် - ဒီခြေထောက် တွေကလည်း သဲကန္တာရ ထဲမှာ သူများတွေထက် ပိုပြီး လမ်းကောင်းကောင်း လျှောက်နိုင်ဖို့ အတွက်ပေါ့ သားရဲ့။

ကုလားအုတ်လေး - ဟုတ်ကဲ့။ အဲဒါဆို သားတို့ မျက်တောင် တွေကရော ဘာလို့ အရမ်းရှည်နေ တာလဲဟင်? တစ်ခါတစ်လေ မျက်စိ ကြည့်ရတာတောင် ရှုပ်တယ်။

မိခင် - အဲဒီ မျက်တောင် ရှည်ရှည် လေးတွေက သားမျက်လုံးကို သဲကန္တာရ ထဲက လေပြင်းတွေ သဲတွေရဲ့ ဒဏ်ကနေ ကာကွယ်ပေးထားတဲ့ အကာအကွယ် တွေပေါ့။

ကုလားအုတ်လေး - အော် သားသိပြီ။ ဒါဆို သားတို့ရဲ့ဘို့က သဲကန္တာရထဲ ရှိနေတဲ့ အချိန်မှာ ရေတွေ သိုလှောင် ထားဖို့၊ ခြေထောက်တွေ ကလည်း သဲထဲမှာ ကောင်းကောင်း လျှောက်နိုင်ဖို့၊ မျက်တောင်တွေ ကလည်း သဲကန္တာရထဲက သဲတွေ မျက်လုံးထဲ မ၀င်အောင် ကာကွယ်ဖို့ပေါ့နော်။

မိခင် - ဒါပေါ့သားရဲ့။

ကုလားအုတ်လေး - ဒါဆို သားတစ်ခုလောက် မေးချင်သေးတယ်။

မိခင် - ဘာများလဲ သားရဲ့?

ကုလားအုတ်လေး - သားတို့ ဒီတိရ စ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေ တာလဲဟင်...?

မိခင် - ? ? ? ? ? ? ? ? ? ?

လူတစ်ယောက်ရဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတ၊ စွမ်းရည်နဲ့ အတွေ့အကြုံ ဆိုတာတွေက နေရာမှန် တစ်ခုကို ရောက်နေမှ တကယ် အသုံးဝင် တာပါ။ သင်ရော... အခု ဘယ်မှာလဲ?

>>> မေးမှ ရရှိလာတဲ့ အကြောင်းအရာလေးကို မျှဝေလိုက်ခြင်းပါ။


လေစားစွာဖြင့်
ဖိုးသား

30/03/2009, MON:, 9:03:04 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply