စံပျော်နေသော လူသားတွေ
အ လော တကြီးနဲ့
အလုပ်လုပ်နေကြ...
မဟုတ်မဟတ်တွေနဲ့
ရှုပ်ယှက်ကို ခတ်လို့...။
က ဗျာ က ယာ၊ က တိုက် က ရိုက်
က မန်း က တန်း၊ က ပျက် က ချော်
အော် တခါတလေတော့
လျှပ်ပေါ်လော်လီ...
ဘာတွေ အရေးကြီးနေကြပါလိမ့်...။
တစ်နေထွက် တစ်နေ၀င်
နာ ရီတွေ ကုန်လွန်
ရာသီတွေ လွင့်ပြယ်
ခုတော့လည်း
နာ မည်ကျော်သူတွေကော
နာ မည် မပေါ်သူတွေပါ
မွေးရာကနေအို
အိုရာကနေ နာ
အလို...
ဘယ်အချိန်မှာများ
မရဏ လာခေါ်မှာပါလိမ့်...။
ဒီလို အချိန်မှာမှ
လုံ့လလေးတွေ ထ ကြွ
အတွေးလေးတွေ နိုး ထ လို့
အရေးကြီးတာကို သတိရလိုက်ပေမယ့်
ရိုးတိုးရွတ စိတ်အစဉ်ကို
အတိတ်ဘ၀င်က စိုးမိုး
အတိတ်ကလုပ်ရပ်တွေ ခြယ်လှယ်
အော်...
တကယ့်တကယ်သေတော့
ဘယ်ကမ္ဘာကို သွားရပါ့...။ ။
>>> ဘုန်းဘုန်းလောကနာထ ရဲ့ ဘွဲ့တော်လေးကို လေးစား ကြည်ညိုသမှုနဲ့ သံဝေဂ ကဗျာလေး အဖြစ် ဖော်ကျူး ရေးသားအပ်ပါသည်...။
လေးစားစွာဖြင့်
ဖိုးသား
07/03/2009, SUN:, 11:20:21 AM
March 8, 2009 at 1:46 AM
ပိုင်ပ ကဗျာလေးက အနှစ်သာရလည်း ရှိတယ်၊