Latest News

*ဦးဇင်းတစ်ပါး သွန်သင်သွားသည်...*

8:48 AM me: ဘာသာရေး ဘလော့တွေက နေ့စဉ် ရေးသားသမျှတွေကို တစ်နေရာတည်းမှာ ဖတ်နိုင်အောင် စုစည်း ထားတဲ့ ဘလော့လေးပါ ဦးဇင်း

http://vimuttirasa.blogspot.com/
8:49 AM ၀ိမုတ္တိရသ လို့ နာမည်ပေးထားပါတယ်

အရှင်ဦးဇင်းလေး(အိန္ဒိယ): ကောင်းတယ် ဒကာလေး။ ဦးဇင်း သွားကြည့်လိုက်မယ်

8:50 AM me: တင်ပါ့ ဦးဇင်း

လိုတာလေး တွေလည်း အကြံဉာဏ်လေး ပေးပါဦး ဦးဇင်း

8:51 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): ဦးဇင်းတော့ ဒကာလေးဆီက စာတွေနေ့တိုင်း ဖတ်ဖြစ်ပါတယ်။

me: တင်ပါ့

အရှင်ဦးဇင်းလေး(အိန္ဒိယ): ဂုဏ်ယူပါတယ်

8:52 AM ဓမ္မချမ်းသာက ဘာနဲ့မှလဲလို့ မရပါဘူးဒကာလေး
ထိန်းထားပါဒကာလေး။

me: တင်ပါ့ ဦးဇင်း
ဖိုးသား လိုက်နာပါ့မယ်

အရှင်ဦးဇင်းလေး(အိန္ဒိယ): ဦးဇင်းကြားဘူးတဲ့ စကားလေးတစ်ခု နီတိကလာတယ် ဒကာလေး

me: တင်ပါ့

8:53 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): ဂုဏ်ရှိဖို့အတွက် ဝန်မလေး။ ရှိပြီးသားဂုဏ် ထိန်းဖို့က ဝန်လေး၏တဲ့

8:56 AM ဒါကြောင့် မိမိမှာရှိနေတဲ့ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတွေကို ယုံကြည်တဲ့ တန်ဖိုးရှိတဲ့ ဂုဏ်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်း နိုင်ကြပါစေလို့ ဦးဇင်း ဒကာတွေတွေ့တိုင်း ဆုပေးပါတယ်

me: တင်ပါ့ ဦးဇင်း
ပေးတဲ့ဆုနဲ့ ပြည့်အောင် ဖိုးသား ကြိုးစားနေထိုင်ပါ့မယ်
ကျေးဇူးပါ

8:59 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): ဆရာကြီး ဦးရွေအောင်ရဲ့ ပါရမီစာအုပ်ထဲက စကားလေးတစ်လုံး တအားကောင်းတာပဲ ဒကာလေး

me: တင်ပါ့

9:01 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): မြတ်စွာဘုရားရဲ့ ဒေသနာတွေကို လူတွေသာ နေ့စဉ်လုပ်ငန်းတွေမှာ ထည့်သုံးသွားမယ်ဆိုရင် ချမ်းသာစစ် ချမ်းသာမှန်ကို ရကြမှာ မလွဲဘူးတဲ့

9:02 AM me: တင်ပါ့

9:04 AM အရှင်ဦးဇင်းလေး(အိန္ဒိယ): ဦးဇင်းတို့တွေလောက် သိကြတာ မရှိကြပါဘူး။ ဒါပေမယ့် နေ့စဉ် ပြောဆို၊ ပြုမူဆက်ဆံတဲ့ အခါမှာ ထည့်မသုံးတော့ လူတွေဟာ အသိနဲ့အကျင့် မဟပ်မိဘဲ ဂွကျကုန်တာပေါ့ ဒကာလေးရာ။ အတက်နိုင်ဆုံးတော့ သတိထား နေပါတယ် ဒကာလေးရေ

me: တင်ပါ့ ဟုတ်ပါတယ် ဦးဇင်း

9:05 AM ဖိုးသားလည်း အဲဒါလေး တွေပဲ ပြန်သုံးသပ် နေရတယ်..
9:06 AM သိထားတာတွေက နည်းနည်းလေးပဲ ရှိပါတယ် ဖတ်မှတ်ထား တာတွေပေါ့ ဦးဇင်း
ဒါပေမယ့် အဲဒီ နည်းနည်းလေးကိုပဲ ကိုယ်တိုင်က အပြည့်အ၀ လိုက်နာနိုင်ပြီလားပေါ့


အရှင်ဦးဇင်းလေး(အိန္ဒိယ): ကဲ ဒကာလေးရေ ဦးဇင်းထွက်လိုက်ဦးမယ်… ကျန်းမာပါစေ ဒကာလေး။

me: တင်ပါ့ ဦးဇင်း.. ဖိုးသား ဦးခိုက်လိုက်ပါတယ်… ဦးဇင်းလည်း ကျန်းမာပေါစေ။

***************************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

4/4/2009, SAT:, 11:30:28 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဖွင့်လိုက်တာနဲ့ ရင်ထဲအေးမြသွားပါတယ်--
    ပျော်ရွှင်ပါစေ---

Leave a Reply