Latest News

*ဘယ်သူ့ အတွက်လဲ…???*

တရားပွဲ တစ်ခုမှ တရားဒါန စာစောင်လေး တစ်ခု ကို ကြိုက်လို့... မျှဝေးပေးလိုက် တာပါ...

(၁)
မျှော်လင့်ခြင်းနှင့် ပေးကမ်းလျှင် အရောင်းအ၀ယ် ပြုလုပ်ခြင်းဖြစ်သည်။
မျှော်လင့်ချက်မပါဘဲ ပေးကမ်းမှသာ ဒါနပါရမီ ဖြည့်ဆည်းခြင်း ဖြစ်သည်။

(၂)
အသာစံခြင်းရဲ့နောက်ဆုံး ပန်းတိုင်သည် အပါယ်(၄)ပါး၊
အနာခံခြင်းရဲ့ နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်။
အနာခံခြင်းသည် သမုဒ္ဒယသစ္စာ တဏှာကို အကျင့်ဖြင့် ပယ်သတ်ခြင်း ဖြစ်သည်။

(၃)
မိမိကိုယ်ကို လောကအတွက် အသုံးချသူသည် သူတော်ကောင်း၊
လောကကို မိမိအတွက် အသုံးချသူသည် သူယုတ်မာ။

(၄)
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ် မရှိ၊
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာပုဂ္ဂိုလ် မရှိ။

(၅)
ဘယ်လောက်ပင် စားရစားရ တစ်ဝမ်းဝရုံ၊ ဘယ်လောက်ပင် ၀တ်ရ၀တ်ရ အရေးပြားဖုံးရုံပဲ။
ဘယ်လောက်ပင် အိပ်ရနေရ တစ်ကိုယ်စာလေးပဲ။ ဘယ်လောက်ပင် ပစ္စည်းဥစ္စာရှိရှိ၊ သေလျှင် ထားပစ်ခဲ့ရတာ ချည်းပဲ။
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။

(၆)
ပညာမဲ့သည် ရလာသော လူ့ဘ၀ကို ကာမဂုဏ်(အကုသိုလ်) အတွက် အသုံးချ၍ အပါယ်သို့သွား၏၊
ပညာရှိသည် ရလာသော လူ့ဘ၀ကို မဂ်ဖိုလ်တရား(ကုသိုလ်) ရဖို့ အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွား၏။

(၇)
ရယူခြင်းနှင့် ပေးဆပ်ခြင်း တို့တွင် ပေးဆပ်ခြင်း၌ ပျော်မွေ့သူသည်သာ တကယ့် သူတော်ကောင်းဖြစ်သည်။

(၈)
သာသနာပြု ပုဂ္ဂိုလ်ဆိုတာ လူတွေရဲ့ ရင်ထဲကို သီလ သမာဓိ ပညာ သိက္ခာ သုံးပါးတည်အောင် လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို ခေါ်တယ်။

(၉)
သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲ ရှိတယ်။ မိမိကိုယ်မိမိ မကြည်ညိုလျှင် အပါယ်ကျတတ်တယ်။

(၁၀)
လောကုတ္တရာ စာမေးပွဲမှာ မေးသူ ဖြေသူ အမှတ်ပေးသူဟာ မိမိတစ်ယောက်တည်းသာ ဖြစ်တယ်။

(၁၁)
သဒ္ဓါဓာတ် ရှိတဲ့ ပုဂ္ဂိုလ်အတွက် လှူစရာပစ္စည်းတွေ ပေါများနေတတ်တယ်။
လောဘဓာတ် ရှိတဲ့ပုဂ္ဂိုလ်အတွက် ယူစရာမစ္စည်းတွေ မလောက်င တော့ဘူး။

(၁၂)
မသူတော်သည် သူတစ်ပါး၏ ဇီးစေ့လောက်ရှိသော အပြစ်ကို ရှာဖွေတွေ့မြင် တတ်သော်လည်း၊ မိမိ၏ မြင့်မိုရ်တောင်လောက် ရှိသော အပြစ်ကိုကား မမြင်တတ်၊ သူတော်ကောင်းသည် သူတစ်ပါး၏ မြင့်မိုရ်တောင်လောက် ရှိသော အပြစ်ကို မမြင်တတ်သော်လည်း မိမိ၏ ဇီးစေ့လောက်ရှိသော အပြစ်ကိုကား ရှာရှာဖွေဖွေ မြင်ပြီး ပြုပြင်ဆုံးမတတ်၏။

(၁၃)
သူတစ်ပါးရဲ့ စေတနာကို မကြည့်ရဘူး။ ကိုယ့် စေတနာကိုပဲ ကိုယ့်ကြည့်ရမယ်။


လေးစားရိုသေစွာဖြင့်
ဖိုးသား

4/11/2009, SAT:, 10:05:27 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply