Latest News

*အမျှဝေပါသည်*

သင်္ကြန် မတိုင်ခင်က ကျွန်တော် ဘုန်းဘုန်း ဦးကောဝိဒ (စစ်ကိုင်း) သို့ ကျွန်တော် တတ်စွမ်း သလောက် ဘုန်းဘုန်းရဲ့ ကွန်ပျူတာ သင်တန်းမှာ အသုံးပြုဖို့ ရည်ရွယ်ပြီး အလှူငွေ လှူဒါန်းခဲ့ ပါတယ်။ ကျွန်တော့်ရဲ့ လှူဒါန်းမှုကို ဘုန်းဘုန်းက သီးသန့်လေး ဖြစ်သွားအောင် ဆိုပြီး ခုလို ပုံလေးထဲက အတိုင်း သင်တန်းဖွင့်တဲ့ အဆောင် ရှေ့မှာ သံဃာတော်များ သင်တန်း နားချိန် အနားယူ ထိုင်နိုင်ဖို့ ဆိုပြီး သရက်ပင်ကို ၀ိုက်ပြီး ထိုင်ခုံလေး ပြုလုပ် ပေးခဲ့ပါတယ်။

နောက် ပိုငွေကိုလည်း ကုဋီ တည်ဆောက် ရာမှာ ထည့်သွင်း အသုံး ပြုသွားမယ်လို့ ဘုန်းဘုန်းက ပြောပါတယ်။ ကျွန်တော်က ဘုန်းဘုန်းလို့သာ ခေါ်နေတာပါ။ ဆရာတော်က အခုမှ သက်တော် ၂၅-နှစ်ပဲ ရှိပါသေးတယ်။ အသက်ငယ်ငယ်နဲ့ ဆရာတော်ရဲ့ စွမ်းဆောင် ချက်တွေနဲ့ ကျွန်တော့်ရဲ့ လှူဒါန်းမှုကို ဓမ္မမိတ်ဆွေများ သာဓု ခေါ်နိုင်စေခြင်း အလို့ငှာ အင်တာနက် စာမျက်နှာမှာ ဖော်ပြ အသိပေး အမျှဝေ အပ်ပါတယ်။ ၃၁-ဘုံသား အားလုံး အမျှရ၍ ၀မ်းမြောက် ၀မ်းသာ သာဓု ခေါ်ဆိုနိုင် ကြပါစေ။ အမျှ… အမျှ… အမျှ…။




ပုံမှာ အမေ့နာမည် လေးက ရှေ့နောက် လွဲနေပါတယ်။ ဘုန်းဘုန်းလည်း မအားတဲ့ ကြားက စီစဉ်ပေးတာ ဆိုတော့ အပြစ် မမြင်ကြပါနဲ့။ ကျွန်တော့် မွေးသမိခင်ရဲ့ အမည် အရင်းက ဒေါ်မြင့်အုန်းပါ။

ဆရာတော်ဟာ ကုဋီ တည်ဆောက် ရေးကို သီတင်းကျွတ် လအထိ စီမံကိန်းနဲ့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ သံဃာတော် တွေအတွက် ဆရာတော် ဖွင့်လှစ်နေတဲ့ ကွန်ပျူတာ သင်တန်း (အခမဲ့) နဲ့ ကုဋီ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဓမ္မ မိတ်ဆွေတို့ အနေနဲ့ ပါဝင် လှူဒါန်းချင် ရင်တော့…

အရှင်ကောဝိဒ(စစ်ကိုင်း) Mail : kovida9@gmail.com
Phone No : 0262448
http://kovida.multiply.com

လေးစားရိုသေစွာဖြင့်
ဖိုးသား


5/5/2009, TUE:, 9:02:31 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

4 comments

  1. ဖိုးသားရေ...စာတွေက--ကဗျာဆန်သလို---အလှူကပါကဗျာဆန်နေပါလား...။အမေအဖေအတွက်-ကောအကုန်ပါ.တဲ့ ---ခုံတန်းပြာပြာ---အလှူလေးကို ထပ်တူထပ်မျှ ဝမ်းမြောက်စွာသာဓုခေါ်ဆိုသွားပါတယ်သား။

  2. ကျေနပ်ဝမ်းမြောက်စွာ ပီတိနှင့်အတူသာဓုခေါ်ဆိုသွားပါသည်..
    မြင့်မြတ်သောအလှူတစ်ခုဖြစ်ပါသည်

  3. ၀မ်းမြောက် ၀မ်းသာ သာဓု ခေါ်ပါတယ် ..း)
    သာဓု သာဓု သာဓု ပါ

  4. ကိုယ်လုပ်တဲ့ အလုပ်တခုကို ပြန်တွေးလိုက်တိုင်း ကြည်နူးစရာ ပျော်ရွှင်စရာ ဖြစ်မယ်ဆိုရင် အဲဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။ ဗုဒ္ဓရဲ့စကားလေးကိုပဲ မျှဝေပေးရင်း သာဓုခေါ်ပါတယ်

Leave a Reply