Latest News

*ဒိဋ္ဌေဒိဋ္ဌမတ္တံ (၇)*

အမေး
စန္ဒရားတီး လေ့ကျင့်တာနှင့် ဒိဋ္ဌေဒိဋ္ဌ မတ္တံနည်း သူ့အလိုလို ရှုမှတ် တာဟာ သဘောချင်း တူတယ်လို့ နှိုင်းယှဉ် ဖော်ပြရာမှာ စန္ဒရား အတီး သင်ပြတဲ့ လူတွေ အများကြီး ရှိပေမယ့် ကျွမ်းကျင်မှု ရသွားတဲ့ လူကတော့ နည်းနည်းပဲ ရှိတတ်ပါတယ်။ ဒိဋ္ဌေဒိဋ္ဌ မတ္တံနည်း ရှုမှတ် ရာမှာကော လေ့ကျင့် အားထုတ်တဲ့လူ အများကြီး ရှိပေမယ့် တကယ် အောင်မြင် ထမြောက်ပြီး သတိ မြဲသွားတဲ့ လူက နည်းနည်းပဲ ရှိတာမျိုး မဖြစ်နိုင်ဘူးလား။

အဖြေ
ယောဂီတွေဟာ ၀ိပဿနာဉာဏ် တိုးတက် တာမှာတော့ ကွဲပြား တတ်ပါတယ်။ တစ်ချို့က ဉာဏ်စဉ် တက်တာ သိပ်နှေးတယ်။ ကာယိက ဒုက္ခ ဝေဒနာတွေ နာကျင် ကိုက်ခဲ တာတွေကိုလည်း အဆမတန် ခံစား ကြရပါတယ်။ တခြား လူတွေ ကျတော့ ဉာဏ်စဉ် တက်တာ နှေးတော့ နှေးတယ်၊ သို့သော် သိပ်ပြီး ကာယိက ဒုက္ခ မခံစား ရဘူး။ ပီတိ သုခ ဝေဒနာတွေ ခံစားရင်းပဲ ဉာဏ်စဉ် အဆင့်ဆင့်ကို တက်နိုင် ကြပါတယ်။ တစ်ချို့ကျတော့ ဉာဏ်စဉ် တက်တာ မြန်တယ်။ သို့သော် ကာယိက ဒုက္ခ ဝေဒနာတွေကို များစွာ ခံစား ရတယ်။ တစ်ချို့ကတော့ ဉာဏ်စဉ် တက်တာလည်း မြန်တယ်၊ သုခ ဝေဒနာတွေ နဲ့ပဲ ဉာဏ် အဆင့်ဆင့်ကို ရောက်သွား ကြပါတယ်။

ဒါတွေ အားလုံးဟာ အထက်က ကျွန်တော်တို့ ပြုလုပ် စုဆောင်း လာခဲ့ကြတဲ့ ကံဟောင်း တွေနှင့် ပါရမီ အဆောက် အအုံတွေ ပေါ်မှာ တည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ဦးတည်ရာလမ်း မှန်နေ မှတော့ ဆက်ပြီး လျှောက်ကြရုံပဲ ရှိပါတယ်။ တစ်နှစ်ပဲ ကြာကြာ၊ အနှစ် ခြောက်ဆယ်ပဲ ကြာကြာ၊ ဒါမှ မဟုတ် ငါးဘ၀ပဲ ကြာကြာပေါ့။

ကျွန်တော် တို့ဟာ အလင်းရောင် ရှိရာဘက်ကို မျက်နှာ မူနေပြီ ဆိုရင်တော့ အဲဒီ ဘက်ကိုပဲ ဆက်လျှောက် ရမယ်။ ဒါသာ ပဓာန ကိစ္စပါပဲ။ ကျွန်တော် တို့ဟာ လွတ်မြောက် ရာဘက် ဆီသို့သာ မျက်နှာ မူလို ကြပါတယ်။ ဆန့်ကျင်ဘက် နောက်ကြောင်းပြန် မသွားလို ကြပါဘူး။ ပြီးတော့ ပိုပြီး မှောင်တဲ့ဘက် ဆီကိုလည်း မသွားချင် ကြပါဘူး။ ဒီတော့ ပုဂ္ဂိုလ်ကို လိုက်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရတာ နှေးတာ မြန်တာ ဘယ်လိုပဲ ရှိရှိ ကျွန်တော်တို့ ရောက်နေတဲ့ နေရာဟာ ကျွန်တော်တို့ အစပြုပြီး အားထုတ် ရမယ့် နေရာ ဖြစ်ပါတယ်။ ဒီကနေ စသွား ကြရမှာပါပဲ။

>>> ဆက်ရန်

>>> ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေပါသည်။


လေးစားစွာဖြင့်
ဖိုးသား

5/16/2009 9:11:50 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply