Latest News

*သူတို့ပေးသော မွေးနေ့လက်ဆောင်-၅ (ဆရာတော်တို့၏ စကားလက်ဆောင်)*

၁) အရှင်တိက္ခဉာဏာ လင်္ကာရ

ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ နောင်တစ်ချိန် ပြန်တွေးကြည့်လို့ နောင်တ မရဘူး ကောင်းကျိုးကို ဖြစ်စေတယ် လူ့လောကရဲ့ အရည် အသွေးကို မြှင့်တင် နိုင်တယ် ဆိုရင် ဒါကို ဆက်လုပ်ပါ။

ဘုန်းဘုန်း ဩ၀ါဒ မွေးနေ့ လက်ဆောင်

၂) အရှင်နာယကာ လင်္ကာရ

လိမ္မာချင်ရင် မမိုက်နဲ့ဗျားးးးး

၃) အရှင်ဝိဇ္ဇောတ

pyae: ဦးဇင်း တပည့်တော် မွေးနေ့ အတွက် ဆုံးမစကားလေး ပြောပေးပါဦး..

အရှင်ဝိဇ္ဇောတ: မဆုံးမတော့ပါဘူး.. လိမ္မာပြီးသားပဲ

pyae: ကိုယ့်ကိုယ်ကို သိတယ် ဦးဇင်း
မလိမ္မာတာ

အရှင်ဝိဇ္ဇောတ: ဆုံးမစရာ မလိုအောင်နေတဲ့

pyae: တင်ပါ့ ကျေးဇူးပါ ဦးဇင်း...

၎) အရှင်လောကနာထ

pyae: ဘုန်းဘုန်း ဖိုးသား မွေးနေ့အတွက် ဆုံးမစကားလေး မြွက်ကြားပေးပါဦး

အရှင်လောကနာထ: နေထိုင် မျှတပါရဲ့လား ဒကာလေး

pyae: တင်ပါ့ မျှတအောင် နေပါတယ် ဘုန်းဘုန်း

အရှင်လောကနာထ: ဆုံးမကားတွေက ပြောရတာ ခက်လှတယ်...
ဒကာလေးလည်းသိပြီးသားတွေ များလှပါတယ်...
အားလုံးမကျင့်နိုင်...

pyae: တင်ပါ့

အရှင်လောကနာထ: ဘုန်းကြီးတို့လည်း ပြောနေသလောက် မကျင့်နိုင်သေး...
ဘယ်လိုတွေ ထပ်ပြီး ဆုံးမရပါ့မလဲ မသိ...

နောက်ဆုံး ဘုရားကတော့ စိတ်တစ်ခုကို စောင့်ရှောက် ပါလို့ ဆိုထားပါတယ်...
စိတ်ကို ဘယ်လို စောင့်ရှောက်ကြရမလဲ...

==============

ဒကာလေး မောင်ပြည့်စုံ မွေးနေ့အတွက်...


မြတ်ဗုဒ္ဓ၏ အဆုံးအမ...

ရဟန်းတို့ ပုဂ္ဂိုလ် နှစ်မျိုးတို့၌ (ပြုစု လုပ်ကျွေးခြင်း စသည်ဖြင့်) မှန်သော အကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်း* သည် မတူးဖြို မဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ် မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက် သူလည်း ဖြစ်၏၊

များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ-

၁။ မြတ်စွာဘုရား လည်းကောင်း၊
၂။ မြတ်စွာဘုရား၏ တပည့်သာဝက လည်းကောင်း တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့၌ (ပြုစု လုပ်ကျွေးခြင်း စသည်ဖြင့်) မှန်သော အကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ်မရှိ သူလည်း ဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက် သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ ဟု (မိန့်တော်မူ၏)။ (၈)

အာယာစန၀ဂ်-မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

*။ အရှင်အာနန္ဒာနှင့် အနာထပိဏ်သူဌေး စသည်။

ဘ၀ဆက်တိုင်း မိဘကျေးဇူး အကျေဆပ်နိုင်ပါစေ...
ဦးလောကနာထ
၅.၁၈.၂၀၀၉


၅) အရှင်ကောဝိဒ (စစ်ကိုင်း)

ဦးဇင်း ပေးချင်တဲ့ မွေးနေ့ လက်ဆောင် ကတော့

ဘ၀မှာ အချိန်ရှိတိုင်း ကုသိုလ်နဲ့သာ အချိန်ကုန် နိုင်အောင် ကြိုးစားနိုင်ပါစေ။

+++++++++++++++++++++++++++++++++++

လေးစားရိုသေစွာ ဦးတိုက်လျက်
ဖိုးသား

5/29/2009, FRI:, 3:24:15 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ရည်မှန်းချက်များ ပြည့်စုံအောင်မြင်ပါစေ...

Leave a Reply