Latest News

*ဒိဋ္ဌေဒိဋ္ဌမတ္တံ (၅)*

အမေး
သမထ အားထုတ်ခြင်း ရည်ရွယ်ချက်က ဘာလဲ။

အဖြေ
မဂ္ဂင်ကို ထူထောင်ရာမှာ နည်းလမ်း အမျိုးမျိုး ရှိပါတယ်။ အစဉ်အလာ အရ ဆိုလျှင်တော့ သမထကို အရင် ထူထောင် ကြရတယ်။ သမထ ယာနိက၊ သမထ ပုဗ္ဗင်္ဂမလို့ ခေါ်တာပေါ့။ စိတ်ကို သမထ ရအောင် တည်ငြိမ်အောင် ပထမ အားထုတ်ပြီး အဲဒီ သမာဓိ အစွမ်းနဲ့ စိတ်မှာ ထိုးထွင်း သိမြင်နိုင်တဲ့ ၀ိပဿနာ ဉာဏ်ပေါ်အောင် လုပ်တာ တစ်နည်း ဖြစ်တယ်။ ဒီနည်းကတော့ အချိန် တော်တော် ယူရတယ်။ အလွန် အားကောင်းတဲ့ သမာဓိ ရအောင် လုပ်ဖို့ ဆိုရင် ထူးခြားတဲ့ ပတ်ဝန်းကျင် ရှိဖို့လည်း လိုတယ်။


ဝိပဿနာ အစိတ်အပိုင်း တစ်ခုကတော့ သမထကို သက်သက် အရင် ထူထောင် ပြီးမှ ၀ိပဿနာကို မကူးဘူး။ သတိပဋ္ဌာန်နဲ့ သမာဓိ ရအောင် တစ်ပြိုင်နက်တည်း အားထုတ်တဲ့ အစဉ်အလာ တစ်ခု ပေါ်လာတယ်။ ဒါကို သုဒ္ဓ ၀ိပဿနာ လို့လည်း ခေါ်တယ်။ ၀ိပဿနာ ယာနိက လို့လည်း ခေါ်တယ်။ သမထကို မခံဘဲနဲ့ ၀ိပဿနာကို တိုက်ရိုက် သွားတဲ့နည်း။ ဒီနည်းက ခဏတိုင်း ခဏတိုင်းမှာ မြင်ရင် မြင်တယ်၊ ကြားရင် ကြားတယ်လို့ ဒိဋ္ဌေဒိဋ္ဌ မတ္တံ သတိပဋ္ဌာန် ပွားများရင်းပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် ၀ိပဿနာ ဉာဏ် အဆင့်ဆင့် ဖြစ်ပေါ်လာဖို့ အတွက် လုံလောက်တဲ့ သမာဓိအား (ခဏိက သမာဓိ)ကို ရတယ်လို့ ယုံကြည် လက်ခံတဲ့နည်း ဖြစ်ပါတယ်။

===============================

အမေး
ဒီလောက ထဲမှာ လုပ်တဲ့ အလုပ်တွေမှာ စိတ်ကြိုက် ရွေးချယ်မှု ဆိုတဲ့ သဘောမျိုး ရှိသလား။

အဖြေ
ခုလောလောဆယ် ကျွန်တော်တို့မှာ ဖြစ်ပျက် နေတာတွေဟာ အများအား ဖြင့်တော့ အတိတ်က ပြုခဲ့တဲ့ ကံတွေကြောင့် တွေ့ကြုံခံစား နေကြရ တာပါပဲ။ ဒါပေမယ့် အဲဒီ အတိတ် ကံတွေကြောင့် တွေ့ကြုံ ခံစား လာရတာတွေ အပေါ်မှာ ကျွန်တော်တို့က ဘယ်ပုံဘယ်နည်း တုံ့ပြန်မလဲ ဆိုတာ ကတော့ ကျွန်တော်တို့ရဲ့ ပစ္စုပ္ပန် စိတ်လွတ်လပ် မှုနဲ့ အများကြီး ဆိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သတိပဋ္ဌာန် တရားကို လာအားထုတ် ချင်ရင် အားထုတ် နိုင်တယ်၊ အားမထုတ် ချင်ရင်လည်း ရတာပဲ။ ဒါက စိတ်ကြိုက် ရွေးချယ် နိုင်တယ်။ လောကမှာ တွေ့ကြုံ ခံစား လာရ တာတွေကို ဒီလိုပဲ တုံ့ပြန် ရမယ်လို့ တရားသေ သတ်မှတ် ထားတာမျိုး မရှိပါဘူး။ ခုမျက်မှောက် တွေ့ကြုံ ခံစား နေရတာတွေ အပေါ်မှာ ကိုယ်က ဘယ်လို တုံ့ပြန်ပြီး ဆက်ဆံ မလဲဆိုတဲ့ အပေါ်မှာ စိတ်ရဲ့ လွတ်လပ်မှု လွတ်လပ်ခွင့် တည်နေပါတယ်။

>>> ဆက်ရန်

>>> ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေပါသည်။


လေးစားစွာဖြင့်
ဖိုးသား

5/3/2009, SUN:, 3:21:18 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply