Latest News

*တစ်ဖက်သတ် အချစ်ဟာ ဆိုးပါသည်...*

pyaesoneaung2007: ဘုန်းဘုန်း.. တပည့်တော် သူငယ်ချင်း တစ်ယောက်က တစ်ဘက်သတ် အချစ် အကြောင်းလေး သိချင် လို့ပါတဲ့ ဘုန်းဘုန်း။

၁။ အရင်ဘ၀က ဘယ်လိုမျိုး အကြောင်း တရားတွေ လုပ်ခဲ့လို့ ဒီဘ၀မှာ ကိုယ်က သူ့ကို မေတ္တာ ရှိနေ ပါရက်နဲ့ သူက ကိုယ့်ကို ပြန်ပြီး မေတ္တာ မရှိတာပါလဲ ဘုန်းဘုန်း။
(ဒီနေရာမှာ ကိုယ်က မေတ္တာ ရှိကြောင်းကို တဘက်လူက သိနေပါ တယ်တဲ့ ဘုန်းဘုန်း။)

၂။ နောက် ဒီဘ၀မှာ အတူ မပေါင်းရ ပေမယ့် နောက်ဘ၀မှာ ပေါင်းချင်သူများ အတွက် ဘယ်လို ကောင်းမှုတွေ လုပ်သင့် ပါသလဲ ဘုန်းဘုန်း။
(ဒီမေးခွန်း ကတော့ သံသရာ ရှည်ကြောင်း ဖြစ်တဲ့ အတွက် မမေးသင့် ပါဘူး၊ ဒါပေမယ့် သိချင်သူများ အတွက် ကရုဏာ ရှေ့ထားလို့ ဖြေကြားပေးပါဦး ဘုန်းဘုန်း။)

ရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

သိစေအပ်ပါသည် ဘုန်းကြီး၏ အသဲအကြောင်း တစေ့တစောင်း...
ဆိုပြီးစာရေးမယ်... ပြီးရင် ဆိုဒ်မှာတင်မယ်...
အဲဒီနေ့ ဘုန်းကြီးဆိုဒ်မှာ လူကြပ်လို့ ရုံဖွင့်ပေးရလိမ့်မယ်...။

စဉ်းစားလိုက်ပါဦးမယ်နော်...

စိတ်ချမ်းသာပါစေ...။
ဒုက္ခဆင်းရဲကင်းဝေးပါစေ...။
ဦးလောကနာထ
၎.၂၄.၂၀၀၉

(ဒါကတော့ ဒီကလေးကို စတဲ့သဘောနဲ့ စာပြန်ပေးလိုက်တာပါ G Talk မှာ...)

ဒီလိုစာပြန်ပြီးနောက် တပည့်တော် ကလည်း
တပည့်တော်: အရှင်ဘုရား ရေးမယ့် "အသဲအကြောင်း တစေ့တစောင်းကို စောင့်မျှော် နေပါတယ်" တပည့်တော်က ဒုတိယ မေးခွန်းကို မေးချင်တာ အရှင်ဘုရား အဆူခံရမှာ စိုးလို့ မမေးတာပါ။ အခု သူများမေးတော့ အတော် ဖြစ်သွားတယ်။ အမှားပါရင် ခွင့်လွှတ်ပါဘုရား။

အသည်း အကြောင်းဆိုတော့ ပုံလေးကလဲ ရှာရသေး...



လူတွေပြောတဲ့အသဲ နှင့် ခန္ဓာထဲရှိတဲ့အသည်း
တူလည်းမတူဘူး ဘာတွေကို ဘယ်လို နှိုင်းမှန်တော့ မသိတော့ပါ...

အမေး ခံရသူ ကတော့ ဘုန်းကြီး ဖြစ်တဲ့အတွက် အချစ်အကြောင်း ဖြေဖို့ ခပ်ခက်ခက်၊ မေးလာ တော့လည်း ခံစားဘူးတဲ့ အသည်းအကြောင်း ရေးမှပဲ လေလို့ စဉ်းစားမိသား။ ဒါပေမယ့် မသိသူများက ၀ိုင်းပြီး ကဲ့ရဲ့ကြလိမ့်မယ်၊ ဒီလို မသိဘဲ ကဲ့ရဲ့တတ်ကြတဲ့ လူ့သဘာဝ အရ အပြစ်များ ကလည်း သံသရာ တလျှောက်မှာ ဘယ်နည်းလိမ့် မလဲ...။ ဒီတော့ တစ်ဘ၀ တုံးက တစ်ဖက်သတ် အချစ် အကြောင်း။ သူတော်ကောင်း ကြီးရဲ့ တစ်ဘ၀တုံးက တစ်ဖက်သတ် အချစ် အကြောင်း။ ဒီလိုလေး စဉ်းစားပြီး ရေးပါ့မယ်။

((ဒါကတော့ ဒီစာနဲ့ မသက်ဆိုင် သေးပါဘူး၊ အမှားမတွေ့ မပြင်နိုင်ကြလို့ သံသရာ လည်ကြရပါတယ်၊ အမှား ဆိုတာကတော့ အမျိုးမျိုးပေါ့၊ ခုအမှားလို့ ထင်မိတာက (အသဲ - အသည်း) ဘယ်ဟာ မှန်တယ် ပြောရတော့ ခက်ပါလိမ့်မယ်၊ ရှာကြည့်တော့ နှစ်မျိုးလုံး အသုံး များပါတယ်၊ အသည်း အသုံးကတော့ စာကြီး ပေကြီးတွေမှာ အတွေ့ရ များပါတယ်။) တချို့ အမှားလေးတွေက မသိသာ အဓိပ္ပါယ် မပြောင်းသွား ပါဘူး။ တချို့စာ ကြတော့ အဓိပ္ပါယ် ပြောင်းသွားနိုင် ပါတယ်။ (ဥပမာ= ဆင်းတုတော် အလှူခံဖို့ male ပို့လိုက်ပါ ဆိုပြီး သုံးလိုက် မိတယ်။ ကဲဒကာ ဒကာမတို့ အဓိပ္ပါယ် ဘယ်လောက် ပြောင်းသွားပြီလဲ။ သိတတ်သူ တစ်ဦးက အကြောင်းကြား ပေးလို့ သိရတာ၊ ကျေးဇူး တင်ပါတယ်။ တော်ကြာ ဒီအတိုင်းသာ ဆက်ထားရင် လူတွေက ဘုန်းကြီးကို တစ်မျိုးကြီးလို့ ထင်နိုင်တယ်နော်...။)) တကယ် မှားခဲ့ရင် ပြင်ရပါတယ်။

တဖက်သတ် အချစ်ဆိုတော့ ၂-မျိုးလောက်တော့ စဉ်းစားမိ ပါတယ်၊ သူ မနှစ်သက် ကိုယ်က နှစ်သက် တာကို တစ်မျိုးထား၊ အိမ်ထောင် ရှိသူကို ကိုယ်က တဖက်သတ် နှစ်သက်တာ တစ်မျိုးထား၊ ဘာ့ကြောင့်လဲ ဆိုတော့ ဒီနှစ်ဦးရဲ့ အဖြေက ဘယ်လိုမှ အကျိုးပေး မတူနိုင်တော့လို့ပါ...။ (မေးသူကို မဆိုလို ဘူးနော် တရားသဘော ပြောတာပါ)။ ကောသလမင်းကြီးရဲ့ အိမ်ထောင်ရှိသူကို တစ်ဖက်သတ် နှစ်သက်ခဲ့လို့ ဒု,သ,န,သော ခေါ်ဆိုရတဲ့ တရားတော်ကြီး တစ်ပုဒ် ဖြစ်သွားတယ် မဟုတ်လား။

အချစ်ဆိုတာ တကယ် ကျတော့ အပူလောင်ဆုံး အရာဖြစ်တဲ့ တဏှာလေးပါ၊
တဖက်သတ် ချစ်ချစ် နှစ်ဘက်လုံး ချစ်ချစ် ပူတော့မှာပါပဲ။

မေတ္တာကတော့ အအေးမြဆုံး တရားပါ၊ ဖြစ်ပေါ်ခဲ ပါတယ်။ မရှိဘူး မရဘူး မပြောပါ ဒကာ ဒကာမတို့ မကြာခင် မှာလည်း မေတ္တာတရား ဆိုတာကို တွေ့မြင်နိုင်တာ ပါဘဲ။ ကိုယ့်ထံမှာကော ကိုယ့်ပတ်ဝန်းကျင် မှာပါ တွေ့ရနိုင်ပါတယ်...။

၁။ အရင်ဘ၀က ဘယ်လိုမျိုး အကြောင်း တရားတွေ လုပ်ခဲ့လို့ ဒီဘ၀မှာ ကိုယ်က သူ့ကို မေတ္တာရှိနေ ပါရက်နဲ့ သူက ကိုယ့်ကို ပြန်ပြီး မေတ္တာ မရှိတာပါလဲ ဘုန်းဘုန်း။
(ဒီနေရာမှာ ကိုယ်က မေတ္တာ ရှိကြောင်းကို တစ်ဘက်လူက သိနေပါ တယ်တဲ့ ဘုန်းဘုန်း။)

မေးခွန်းက လွဲနေပါတယ် (မေးသူ ကတော့ မလွဲပါ လူတွေအမြဲ လွဲခြင်းကို ဆိုလိုတာပါ) မေတ္တာ ရှိရက်နဲ့တဲ့၊ မေတ္တာ ဆိုတာက တုံ့ပြန်မှု တွေကို မမျှော်လင့်ပါဘူး။ မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွား အပြန်တော့ ရှိပါသေးတယ် ဆိုတာက။ ရှိကြောင်းကိုသာ ပြောတာပါ မျှော်လင့် နေတယ်လို့ မဆိုလိုပါ။ မေတ္တာ မမျှော်လင့် ကြောင်းကိုတော့ တောတွင်း တစ်နေရာမှာ မေတ္တာဘာဝနာ ပွားများ နေသော ဈာန်ရ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ထားကြည့် လိုက်ပါ... သူ့ဟာသူ တစ်နေကုန် ထိုင်ပြီး မေတ္တာ ပွားနေတာပဲ သတ္တ၀ါတွေ ငါ့ကို ပြန်ချစ်ပါစေ ငါ့ကို စောင့်ရှောက်ပါစေ မပါဘူးလေ...။ ခုပြန်ပြီး မျှော်လင့် နေတယ် ဆိုတော့ မေတ္တာ မဟုတ်ဘူးလေ၊ နံပါတ်တော့ ကိုယ့်ဟာကိုယ် တပ်ကြပေါ့နော်...။ လူတွေက တွဲချင် တာဆိုတွဲ ခွဲချင်တာဆို ခွဲပစ် လိုက်ကြ တယ်လေ။ ဥပမာ အသည်းနဲ့နှလုံး လိုပေါ့ ဘာမှ ဆိုင်တာလည်း မတွေ့ရဘူး၊ ဘုန်းကြီး ဆိုတော့ ဒါတွေ မသိလို့လည်း ပါမှာပေါ့လေ...။ ဘယ်သူကများ အချစ်ကို အသည်းနဲ့ တင်စားလိုက်တယ် မသိပါ ဘူးနော်...။

ဒကာ ဒကာမတို့ စဉ်းစားကြည့် စမ်းပါဦး၊ ဘုန်းကြီး တစ်ပါးမှာများ အသည်းရောဂါ ရှိတယ်ဆိုရင် လူတွေက ဘယ်လို ပြောကြမလဲ၊ ဟိုဘုန်းကြီးလေ အသည်းကျွမ်းလို့ အသည်းတွေ တစ်စစီ ပဲ့နေပြီ၊ ဟေ ဟုတ်လား... ဘယ်သူနဲ့တုန်း၊ ငါထင်တော့ ထင်သားပဲအေ့။ ဒီလိုကြီး လာကုန်မှာ။ ဘုန်းကြီး တချို့ Aids ဖြစ်လို့တဲ့၊ ဖြစ်မှာပေါ့တော် ဆိုတာက လာကြတယ် မဟုတ်လား။ တကယ် ဖြစ်တာက ယာယီ လာဝတ်ကြတဲ့ လူတွေဆီက ကူးတယ်လေ။ ခေါင်းရိတ် ဓားကမပါ၊ ၀ယ်လာကြတာက ပလက်စတစ်ဓား ဒါပဲ ပါတယ်ဆိုတော့ ကျောင်းဘုန်းကြီး တွေကပဲ ကိုယ်သုံးတဲ့ ဓားနဲ့ ရိတ်ပေး ရတော့ ကူးကုန် ကြတာပေါ့။ ဘုန်းတော်ကြီး တွေမှာ ဒီရောဂါ ဖြစ်စရာ အကြောင်းကို မရှိဘူးလေ။ ကဲထားတော့...။

ဘာ့ကြောင့် ကိုယ်က ချစ်ပြီး သူက ပြန်မချစ် တာလည်းဆို လွယ်လွယ်ပဲ တွေးကြည့် ရအောင်၊ သူမကြိုက်တာတွေ ကိုယ့်မှာ ရှိနေတယ်လေ။ သူမနှစ်သက် တာတွေ ကိုယ်လုပ်တယ်။ တစ်ခါမဟုတ်ဘူးလေ အခါခါပေါ့...။ (မြှောက်ပေးတာ မဟုတ် သူနှစ်သက် တာတွေ များများလုပ်)

ဘ၀ အဆက်ဆက်က ပြုခဲ့ဘူးတဲ့ ရေစက်က နည်းမယ်။ ကုသိုလ်တွေ အတူတူပြု၊ အတူတူ ပြုဆိုတာက နှစ်ဦး ကပ်ကပ် လေးကို မပြောပါဘူး။ စေတနာတူ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, တူတာကို ပြောတာပါ၊ သီလတွေ ဆောက်တည်၊ ဘာဝနာ တွေပွား တူညီတဲ့ ဆုတွေ တောင်းခဲ့ဘူး ကြရင်တော့ နီးစပ်နိုင် ကြပါတယ်။

ကျောင်းလာတဲ့ ဒကာ ဒကာမတွေ ထဲက မေးလို့ သင့်တော်တဲ့သူ အထင်မလွဲ တတ်တဲ့ သူတွေကို မေးကြည့်ဘူး ပါတယ်။ သူချစ်နဲ့ ကိုယ်ချစ် ဘယ်ဟာ ကောင်းသလဲလို့၊ ဒီတော့ တချို့က နှစ်ဦးလုံးချစ်တာ ကောင်းပါတယ်၊ တချို့က သူက ကိုယ့်ကို ချစ်တာ ကောင်းပါတယ်၊ တချို့က ကိုယ်ကချစ်တာ ကောင်းပါတယ်တဲ့။ အကြိုက်တွေက အမျိုးမျိုးကိုး၊ နောက်ဆုံး ကိုယ်ကချစ်တာ ကောင်းပါတယ် ဆိုတဲ့ သူကတော့ ဒီလို ဆက်ပြော ပါတယ်၊ ကိုယ်ကချစ်တော့ သူဘာလုပ်လုပ် အပြစ် မမြင်တော့ ဘူးတဲ့။ ခွင့်လွှတ် တယ်တဲ့။ မိမိတို့ နှစ်သက် သလိုသာ ပြုကြပေါ့လေ...။ အချစ် ဆိုတာ ကတော့ ပူတာပါဘဲ...။ လောကကြီး ရတာမလို လိုတာမရ တာတွေ များပေတာကိုး...။

၂။ နောက် ဒီဘ၀မှာ အတူ မပေါင်းရ ပေမယ့် နောက်ဘ၀မှာ ပေါင်းချင် သူများအတွက် ဘယ်လို ကောင်းမှုတွေ လုပ်သင့် ပါသလဲ ဘုန်းဘုန်း။
(ဒီမေးခွန်း ကတော့ သံသရာ ရှည်ကြောင်း ဖြစ်တဲ့ အတွက် မမေးသင့်ပါဘူး၊ ဒါပေမယ့် သိချင်သူများ အတွက် ကရုဏာ ရှေ့ထားလို့ ဖြေကြားပေး ပါဦး ဘုန်းဘုန်း။)

ဒီအဖြေကို ဖြေရမယ် ဆိုရင်တော့၊ မစွန်လို့... ဒီလိုလည်း မသင့်တော်...။
ဘယ်လို ဖြေရမှာလည်း ဆိုတော့ကာ ဒကာမတွေ စိတ်မဆိုး ကြနဲ့နော်... နှက်တော့မယ်။

တပည့်တော်မရဲ့ လက်မှာ ကြာပန်း ရှစ်ပွင့် ရှိပါတယ်... (ရှစ်စည်း)(သုမိတ္တာ)
ဟောဒီ ချောချောလှလှ ရှင်ရသေ့ကလေးကို ပန်းငါးပွင့် လှူမယ်... (သုမေဓာ)
ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကျတော့ ကျန် ပန်းသုံးပွင့် လှူပါတယ်...
ပြီးတော့ကာ ပန်းသုံးပွင့်နဲ့ ဆုက တောင်းသေးတယ်...
အရှင်ဘုရား... ပန်းသုံးပွင့် လှူဒါန်းရသော ကောင်းမှု ကုသိုလ်ကံ စေတနာ တို့ကြောင့်...
ဟောဒီ ရှင်ရသေ့ ကလေးနဲ့ တစ်ဖ၀ါးမှ မခွါ သံသရာ တစ်လျှောက် လက်တွဲရပါလို... (ပါရမီဖြည့်ဘက်)
ဒီဘ၀လေးက စလို့ နှစ်ဦးသား ပါရမီတွေ ဖြည့်ခဲ့ကြပါတယ်...။

ဒကာမများ တခါတရံ မျက်နှာ လိုက်တတ် ပါတယ်၊ ဘုရားအစစ်နဲ့ တွေ့တာတောင် ရသေ့ ကလေးကို မျက်နှာ လိုက်တယ်။ ဘေးမှာရှိတဲ့ ပုထုဇဉ် တွေကကော ဘယ်လိုများ ပြောကြမှာ ပါလိမ့်...? ခုခေတ် လူသားများ လောက်တော့ အနည်းဆုံး ရှိကြမှာပေါ့။ ဒီလို ပါရမီတွေ ဖြည့်ခဲ့ကြ တာတောင် စိတ်မချရသေး၊ ဥပမာ မာဒဂ င်္ဇာတ်တို့ မင်းကုသ ဇာတ်တို့မှာဆို ဘုရားအလောင်း ပယ်ပယ်နယ်နယ် အပြောခံရတယ် မဟုတ်လား။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ပြီးတဲ့ နောက်တော့ ဘ၀တွေ ပြီးပြည့်စုံ သွားပါပြီ။ ခုတော့။

သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, အစရှိတဲ့ တရားတွေ ဖြည့်ဆည်းလို့ ကြမ်းတမ်းတဲ့ လောဘတရား၊ ကြမ်းတမ်းတဲ့ ဒေါသတရား၊ ကြမ်းတမ်းတဲ့ မောဟ တရားတွေ၊ အားနည်းအောင် ကျင့်ကြမယ် ဆိုပါရင် စိတ်ဆင်းရဲ မှုတွေ နည်းပါးသင့် သလောက် နည်းပါးသွား ပါလိမ့်မယ်...။


ရေးတတ် သလောက် သိသလောက်နဲ့ ဆုံးမရတာ ဖြစ်တဲ့အတွက် ကိုယ်နဲ့ သင့်လျှော်တဲ့ တရားလေးကို နှလုံးသွင်း နိုင်ကြပါစေ...။

စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၅.၁.၂၀၀၉

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply