Latest News

*ကျွန်တော်သိသော ၀ါဆို*

ရုတ်တရက်
မထင်မှတ်ဘဲ
စာအုပ်လေး လှန်ကြည့်မိ
ဖတ်မိတာက
သန္ဓေ တောထွက် ဓမ္မစက်၊
ဟောမြွက်သံချို လ၀ါဆို ဆိုပါလား...။

ဘာလိုလိုနဲ့
သံသရာ တစ်ကြော့ပြန်
ရာသီ တစ်ပတ်လည်လို့
အေးချမ်း မြင့်မြတ်
လှပ သပ်ရပ်တဲ့
လမြတ်ဝါဆိုတောင် ရောက်ပြီပဲ။

ခရီးနှင်နေ
သတ္တ၀ါတွေလည်း
အသက်တွေ တစ်နှစ်ကြီး
သေမင်းဆီ တစ်နှစ်နီးခဲ့ပေါ့...။

ဝါဆိုမိုးကလည်း
တဖြောက်ဖြောက်ကျလိုက်
စိမ်ပြေနပြေရွာလိုက်
တစ်ခါတစ်လေတော့
တဖြိုင်ဖြိုင် အငြှိုးတကြီး
ရွာသွန်းဖြိုးပြီး အလှဆင်...။

ရာသီပန်းတွေ
တစ်ချို့က တစ်ပွင့်ချင်း
တစ်ချို့က တစ်ခက်ချင်း
တစ်ချို့က အစိုင်လိုက်
တစ်ချို့က အခိုင်လိုက်
တကြိုင်ကြိုင် သင်းကြူလို့
တမြိုင်မြိုင် ပွင့်ဖူးကြ...။

အော်...
လေးစားကြည်ညိုရတဲ့
ဘုန်းဘုန်းတို့
ဆရာတော်တို့
သံဃာတော် အရှင်သူမြတ်တွေလည်း
ဝါဆိုမှာ ၀ါဆိုလို့
ဝါဆိုအလှ ပိုပေါ်လွင်...။

လူငယ် လူရွယ်တွေ
လူကြီး သူမတွေလည်း
ဝါဆိုသင်္ကန်း ကပ်သူကပ်
ဥပုသ်သီလ ယူသူယူ
သူသူငါငါ အလှူပြုလို့
ဒါန သီလ ဘာဝနာ ရနံ့တွေက
ရာသီပန်းရနံ့တွေနဲ့အတူ
သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ
နင်လား ငါလား အပြိုင်နွှဲ...။

အော်..
ချစ်စရာ့ ၀ါဆိုရယ်
အနုပေါ် အညွန့်ဝင့်
အလှပေါ် အယဉ်ဆင့်လို့
ပနံကို တင့်နေပါပေါ့လား...။


လေးစားစွာဖြင့်
ဖိုးသား

28/06/2009 12:32:04 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply