Latest News

*ကြိုက်ရာရွေး*

မိတ်ဆွေ… ၀ါဆိုရောက်ပြီဗျ…
ပြောရရင် အဖန်တရာတသော့သော့နဲ့
သံသရာတကြော့လည်တယ်ပေါ့။

သဘာဝမကျတဲ့
ပကာသနတွေ ဘေးချိတ်ပြီး
အတွေးစိတ်မှာ စဉ်းစားရင်တော့
ခင်ဗျားတို့ ကျုပ်တို့ကော
ဒီသံသရာမှာ မျောပါနေကြတာလေ
သက်တမ်းပရိစ္ဆေဒကြာပေါ့ဗျာ…။

ဒါနဲ့…
မနှစ်က ကျုပ်တို့
ဘာတွေလုပ်ပြီး မျောခဲ့ကြပါလိမ့်
အမျှပေးနိုင်ခဲ့သလား
အမျှယူခဲ့သလား၊
ကုသလ များခဲ့သလား
အကုသလ ပွားခဲ့သလား၊
အအေးဓါတ်နဲ့ အပေးဆက်ခဲ့သလား
အယူဓါတ်နဲ့ အပူထွက်ခဲ့သလား။

မိတ်ဆွေရေ…
အမျှကျ ယူတတ်ပြီး
ကိုယ်တိုင် အမျှမပေးနိုင်သေးရင်တော့
ကာရန်မညီသေးဘူးနော…။

ကဲ…အဲဒီတော့
ဒီဝါဆိုကစလို့
မိတ်ဆွေ ဘာလုပ်မလဲ…
ခဏတာဘ၀ကို ဘယ်လိုဖြတ်သန်းမလဲ…
အပေးနဲ့ အအေး(ကုသိုလ်)ဓါတ်ပွားစေမလား
အယူနဲ့ အပူ(အကုသိုလ်)ဓါတ်များစေမလား
ပေးရင်အေးမယ်
ယူရင်ပူမယ်
အအေးဓါတ်က အဆန်လမ်း
အပူဓါတ်က အစုန်လမ်း
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ့်သမိုင်းကိုယ်ရေး
သင်ကြိုက်ရာသာရွေး…။ ။


လေးစားစွာဖြင့်
ဖိုးသား

6/26/2009, FRI:, 2:21:02 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply