Latest News

*သို့အတွက်ကြောင့်*


ငိုပွဲပေါင်း များစွာကြောင့်
စိုရွှဲခဲ့ရတဲ့ မျက်ရည်တွေမနည်းတော့။

မရေမတွက်နိုင်တဲ့ သေပွဲတွေကြောင့်
အနေခက် ကြေကွဲရပေါင်းလည်း များလှပြီ။

သူနဲ့ လမ်းခွဲခဲ့ရလို့
အပူနဲ့ ၀မ်းနည်းရပေါင်းလည်း အသင်္ချေမက။

အော်…
အာသာမပြေ
ဒီ တဏှာတွေ ငါဖက်လို့
ကမ္ဘာအထွေထွေ ပတ်ခဲ့ရပေါင်းလည်း မရေမတွက်နိုင်။

စဉ်းစားပါရစေ…
ဆင်ခြင်ပါရစေ…
သုံးသပ်ပါရစေ…
ဆုံးဖြတ်ပါရစေ…။

ဒါတွေကိုသိရက်နဲ့
ဘာအတွက် ငါ့ကိုယ်ငါညှာနေတာလဲ
ဘာကြောင့်များ ငါ့ကိုယ်ငါညာနေတာလဲ။

ဒီ့ထက်ပိုကာ ဆက်ညှာနေရင်
ရှေ့ဆက်ကာသာ ဆက်ညာနေရင်
ငိုပွဲတွေဆက်
ကိလေသာကြွေးတွေထပ်လို့
ခန္ဓာနဲ့ရင်းကာ
ဆပ်ခြင်းသာ ရှိတော့မှာပါလား…။

သို့အတွက်ကြောင့်… သို့အတွက်ကြောင့်…
……………………………….
... … … … … … … …
… … …
…။


လေးစားစွာဖြင့်
ဖိုးသား

6/7/2009 2:33:12 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply